Spots news

မန်ယူနဲ့ ပွဲစဉ်ကို ထပ်မံလွဲချော်ဦးမယ့် အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်း

Unicode Version

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်အသင်း ကစားခဲ့တဲ့ နောက်ဆုံး ၂ပွဲဆက်တိုက် လွဲချော်ထားပြီး လက်ရှိ အချိန်မှာလဲ ယနေ့ည ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ်ကိုပါ လွဲချော်နိုင်ချေ ရှိနေပါတယ်။

အူဘား မီးယန်းဟာ မိခင်ဖြစ်သူ နေမ ကောင်း အပြင်းအထန် ဖြစ်နေတဲ့ အတွက် ကလပ်အသင်းကို ခွင့်တောင်းကာ မိခင်ကို အနီးကပ် ပြုစု စောင့် ရှောက် ပေးနေရတာကြောင့် ဖြစ်ပြီး ယခု အချိန်မှာ မိခင်ဖြစ်သူ သက်သာ စပြုနေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြပါတယ်။

“ကျန်းမာရေး အနည်းငယ် ချို့ယွင်းခဲ့တဲ့ အမေ့ကို ပြုစု နေရလို့ပါ။ဒါကြောင့် အမေ့နားမှာ ပြုစုပေးချင်လို့ အလုပ်ကို ခွင့်တောင်းခဲ့တာပါ။အခုတော့ အမေ့ကျန်းမာရေး အ‌တော်လေး ပြန်ကောင်း လာပါပြီ။ကုသ စောင့်ရှောက်ပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။”လို့ အူဘာက ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။

ပရိတ်သတ် အများစု အနေနဲ့ တိုက်စစ်မှူး ကို မန်ယူ နဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ မျှော် လင့်ခဲ့ကြပေမယ့် လန်ဒန် သတင်းစာ အများစုကတော့ ယနေ့ည ပွဲစဉ်အတွက် အူဘားမီးယန်း တစ်ယောက် ပြင်ဆင်ချိန်ရဖို့ အချိန် နည်းပါးနေပြီး အူဘာမီးယန်း အနေနဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲ  လွဲချော်ဦးမှာ ဖြစ်တယ် လို့ ဖော်ပြ ထားပါတယ်။

အာတီတာ အနေနဲ့ အူဘာမီယန်း မပါဝင်ရင် တိုက်စစ် အင်အား လျော့နည်းမှာ ဖြစ်ပေမယ့် သောမတ်စ် ပါတေး ၊ စမစ် ရိုဝီ နဲ့ တီယာနေး တို့ သုံးယောက် လေ့ကျင့်ခန်း ပြန်ဆင်း နေပြီ ဖြစ်တာကြောင့် နည်းပြ အာတီတာ အနေနဲ့ ယူနိုက်တက် နဲ့ ရင်ဆိုင်ဖို့ အနည်းငယ် စိုးရိမ်စိတ် လျော့ စေခဲ့ ပါတယ်။