Spots news

ပထမအကျော့ ရှုံးကြွေးကို မန်ယူပြန်ဆပ်နိုင်ပါ့မလား ( သုံးသပ်ချက် )

Unicode Version

ဒီနေ့ည ၁၂ နာရီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ ပွဲစဉ်များကို ရင်ဆိုင်ကစား သွားတော့မှာဖြစ်ပြီး အဲ့ဒီထဲမှာတော့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲက ပရိသတ်တွေကို

ဖျော်ဖြေမှု အပြည့် ပေးစွမ်းနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ပရီးမီးယားလိဂ် ရဲ့ ခေတ်ဦးမှာ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ အာဆင်နယ် နဲ့ မန်ယူ တို့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ကြိမ် ထိပ်တိုက်တွေ့ဆုံမှု မှာတော့ အာဆင်နယ် အသင်းက ပြတ်ပြတ် သားသား အသာရ နေတာပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ

၃ ပွဲနိုင်ပြီး ၁ ပွဲ သရေ ကျကာ မန်ယူ အသင်းကတော့ ၁ ပွဲနိုင် ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာ ကလည်း ဆိုးလ်ရှားကို ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။

တစ်ခုရှိ တာက ဒီပွဲကို လွဲချော်မယ့် လူစာရင်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းဘက် ကနေ တီယာနေး ၊ အူဘာမီယန်း တို့လို အဓိက ကစားသမားတွေ လွဲချော်မှာ ဖြစ်ပြီး

ပါတေးနဲ့ စမစ်ရိုဝီ တို့ ကလည်း မသေချာတဲ့အနေအထား မှာ ရှိနေတာ ဖြစ်ပါတယ်။ မန်ယူအသင်း ကတော့ ဒဏ်ရာ ပြဿနာ ကင်းစင် နေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ၂ သင်းစလုံး ကတော့ ခြေစွမ်းပိုင်း  အတက်မှာ ရှိနေပါတယ်။ အာဆင်နယ် အသင်းက ခံစစ်ပိုင်းမှာ အတော်လေး တည်ငြိမ် လာခဲ့သလို အသင်းလိုက် ကစားပုံ ကလည်း

ကောင်းမွန် နေတာ ဖြစ်ပါတယ်။ မန်ယူ အသင်းကလည်း ရှက်ဖီးလ် အသင်းကို မထင်မှတ်ဘဲ ရှုံးသွားတာ က လွဲရင် အတော်လေး တည်ငြိမ်တဲ့ ခြေစွမ်း မှာ ရှိနေ တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

တစ်ခု ရှိတာက ဒီ ၂ သင်းတွေ့ရင် ဂိုးနည်းလေ့ ရှိ နေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၂ သင်းပေါင်း သွင်းဂိုးက ၂ ဂိုး ဝန်းကျင်ပဲ ရှိခဲ့တာပါ။လက်ရှိ အနေအထား အရ ၂ သင်း စလုံးရဲ့

တည်ငြိမ်တဲ့ ကစားဟန် ကြောင့် ဂိုးအရ နည်းနိုင်ပြီး အမှားနည်းတဲ့ အသင်းက အသာရ သွားဖို့  များ နေပါတယ်။ အခြေအနေ အရ သရေကျသွားဖို့ များနေပြီး အိမ်ရှင် အာဆင်နယ် ကလဲ အနိုင်ယူ နိုင်ချေ  ရှိနေပါတယ်။