Spots news

ဖရက်ဒ်ရဲ့နေရာမှာ အသင်းရဲ့ ရှိရင်းစွဲ ကြယ်ပွင့်ကို စမ်းသုံးဖို့ အကြံပေးလိုက်တဲ့ ဖာဒီနန်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က တန်ဟက် အနေနဲ့ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ တော်မီနေးတို့ကို ချန်လှပ်ပြီး ကစားသမားသစ် ဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ မာတီနက်ဇ်ကို ကွင်းလယ်မှာ ထားကစားဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

အာဂျင်တီးနားသားဟာ ယူနိုက်တက် အသင်းနဲ့အဖွင့်ပွဲမှာ ရုန်းကန်ခဲ့ရပြီး ဘရိုက်တန်ရဲ့အဖွင့်ဂိုးမှာလည်း သူ့အမှား မကင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဒီနန်က အေဂျက်နောက်ခံလူဟာ ကွင်းလယ်ပိုင်းမှာ ကစားနိုင်စွမ်း ရှိတာကြောင့် ဖရက်ဒ်နေရာမှာ ဖာဒီနန်က အစားထိုး စေချင်နေပါတယ်။

ပေါ့ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတဲ့အနေအထားမှာ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ ချိတ်ဆက် နေပါတယ်။ လက်ရှိကွင်းလယ်ပိုင်းမှာ ပြဿနာတက်နေပေမယ့် ဖာဒီနန်က မာတီနက်ဇ်ဟာ ကွင်းလယ်ပိုင်းမှာ ကစားနိုင်တာကြောင့် အစားထိုးဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဖာဒီနန်က မာတီနက်ဇ်ကို ကွင်းလယ်နေရာမှာ အသုံးပြုစေချင်ပါတယ်။

ဖာဒီနန်က “ကွင်းလယ်မှာ မာတီနက်ဇ်ကို ထားကစားလို့ ရပါတယ်။ ဖရက်ဒ်ကို ချန်လှပ်ပြီး ခံစစ်မှာဆို ဗာရန်း နဲ့ မက်ဂွိုင်းယားကို ထားလို့ရပါတယ်။ ကျွန်တော် တော်မီနေး ဒါမှမဟုတ် ဖရက်ဒ်ကို ကွင်းလယ်မှာ မထားချင်တာပါ။ ဘရိုက်တန်နဲ့ပွဲမှာဆို တိုးတက်ဖို့ လိုအပ် နေတာတွေ မြင်ခဲ့ရပါတယ်”လို့ ပြောကြား ခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ဖာဒီနန်ကတော့ မာတီနက်ဇ်ရဲ့ ယူနိုက်တက်နဲ့ ပွဲဦးထွက်ကို မဝေဖန်ခဲ့ပဲ အာဂျင်တီးနားသား အနေနဲ့ ပါးနပ်ဖို့ လိုအပ်နေသေးတယ်လို့တော့ ဆိုခဲ့ကာ အသင်းဖော်ဟောင်း ဟိန့်ဇီနဲ့ ဆင်တူတယ်လို့ ဆိုခဲ့ပါတယ်။

“သူ့ကိုမြင်ရတာ ဟိန့်ဇီကိုတောင် သတိရမိပါတယ်။ ဒါပေမယ့် သူကဘောလုံးနဲ့ဆို ပိုကောင်းပါတယ်။ ဒါပေမယ့် ဟာလန်း ၊ ကိန်း ၊ ဒါဝင်နူနက်ဇ် ၊ ခရစ္စဝုဒ် ၊ မီထရိုဗစ် ၊ ဝဲလ်ဘက် ဒီကစားသမားတွေက မာတီနက်ဇ်ကို ဒုက္ခပေးနိုင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ဂႏၳဝင္ေနာက္ခံလူေဟာင္း ဖာဒီနန္က တန္ဟက္ အေနနဲ႕ ကြင္းလယ္မွာ ဖရက္ဒ္နဲ႕ ေတာ္မီေနးတို႔ကို ခ်န္လွပ္ၿပီး ကစားသမားသစ္ ျဖစ္တဲ့ အာဂ်င္တီးနား ေနာက္ခံလူ မာတီနက္ဇ္ကို ကြင္းလယ္မွာ ထားကစားဖို႔ တိုက္တြန္း ေျပာၾကား လိုက္ပါတယ္။

အာဂ်င္တီးနားသားဟာ ယူနိုက္တက္ အသင္းနဲ႕အဖြင့္ပြဲမွာ ႐ုန္းကန္ခဲ့ရၿပီး ဘရိုက္တန္ရဲ႕အဖြင့္ဂိုးမွာလည္း သူ႕အမွား မကင္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖာဒီနန္က ေအဂ်က္ေနာက္ခံလူဟာ ကြင္းလယ္ပိုင္းမွာ ကစားနိုင္စြမ္း ရွိတာေၾကာင့္ ဖရက္ဒ္ေနရာမွာ ဖာဒီနန္က အစားထိုး ေစခ်င္ေနပါတယ္။

ေပါ့ဘာနဲ႕ မာတစ္တို႔ ထြက္ခြာသြားတဲ့အေနအထားမွာ ယူနိုက္တက္ဟာ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔ ဘာစီလိုနာ ကြင္းလယ္လူ ဒီေဂ်ာင္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ ေနပါတယ္။ လက္ရွိကြင္းလယ္ပိုင္းမွာ ျပႆနာတက္ေနေပမယ့္ ဖာဒီနန္က မာတီနက္ဇ္ဟာ ကြင္းလယ္ပိုင္းမွာ ကစားနိုင္တာေၾကာင့္ အစားထိုးဖို႔ အႀကံေပးခဲ့တာျဖစ္ပါတယ္။ လာမယ့္စေနေန႕မွာ ကစားမယ့္ ဘရန႔္ဖို႔ဒ္နဲ႕ပြဲမွာ ဖာဒီနန္က မာတီနက္ဇ္ကို ကြင္းလယ္ေနရာမွာ အသုံးျပဳေစခ်င္ပါတယ္။

ဖာဒီနန္က “ကြင္းလယ္မွာ မာတီနက္ဇ္ကို ထားကစားလို႔ ရပါတယ္။ ဖရက္ဒ္ကို ခ်န္လွပ္ၿပီး ခံစစ္မွာဆို ဗာရန္း နဲ႕ မက္ဂြိုင္းယားကို ထားလို႔ရပါတယ္။ ကြၽန္ေတာ္ ေတာ္မီေနး ဒါမွမဟုတ္ ဖရက္ဒ္ကို ကြင္းလယ္မွာ မထားခ်င္တာပါ။ ဘရိုက္တန္နဲ႕ပြဲမွာဆို တိုးတက္ဖို႔ လိုအပ္ ေနတာေတြ ျမင္ခဲ့ရပါတယ္”လို႔ ေျပာၾကား ခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၲဝင္ ဖာဒီနန္ကေတာ့ မာတီနက္ဇ္ရဲ႕ ယူနိုက္တက္နဲ႕ ပြဲဦးထြက္ကို မေဝဖန္ခဲ့ပဲ အာဂ်င္တီးနားသား အေနနဲ႕ ပါးနပ္ဖို႔ လိုအပ္ေနေသးတယ္လို႔ေတာ့ ဆိုခဲ့ကာ အသင္းေဖာ္ေဟာင္း ဟိန႔္ဇီနဲ႕ ဆင္တူတယ္လို႔ ဆိုခဲ့ပါတယ္။

“သူ႕ကိုျမင္ရတာ ဟိန႔္ဇီကိုေတာင္ သတိရမိပါတယ္။ ဒါေပမယ့္ သူကေဘာလုံးနဲ႕ဆို ပိုေကာင္းပါတယ္။ ဒါေပမယ့္ ဟာလန္း ၊ ကိန္း ၊ ဒါဝင္ႏူနက္ဇ္ ၊ ခရစၥဝုဒ္ ၊ မီထရိုဗစ္ ၊ ဝဲလ္ဘက္ ဒီကစားသမားေတြက မာတီနက္ဇ္ကို ဒုကၡေပးနိုင္ပါတယ္”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။