Spots news

ချန်ပီယံရှစ်က တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ချိန်ပါယူနိုက်တက်

Unicode Version

နေရာစုံ အားနည်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ် အင်အား ဖြည့်တင်းဖို့ အတွက် လိဂ်ချန်ပီယံရှစ် ကလပ် ဝက်ဖို့ဒ်အသင်းရဲ့ တောင်ပံ ကစားသမား အစ္စ မိုင်လာဆားကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

ကနဦးက မန်ယူနိုက်တက်ဟာ ဆဲလ်ဘက် အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဆက်ကို ကို အလိုရှိခဲ့ပေမယ့် ဆဲလ်ဘက် အသင်းက သူတို့နဲ့ ပိုင်ရှင်အတူတူ ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဆီကိုသာ ရောင်းချခဲ့သလို တာကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ အစ္စမိုင်လာဆားကို ပစ်မှတ်ထား လာခဲ့ပါတယ် ။

အသက် ၂၄ နှစ်အရွယ်ရှိ ဆီနီဂေါ လက်ရွေးစင် တောင်ပံ ကစားသမား အစ္စမိုင်လာဆားဟာ ၂၀၁၉ ခုနှစ်ကတည်းက ဝက်ဖို့ဒ် အသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး ဝက်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ၂ ရာသီ ကျင်လည်ခဲ့သလို လိဂ်သွင်းဂိုး ၂၄ ဂိုးအထိကို သွင်းယူ နိုင်ခဲ့ပါတယ် ။

ညာတောင်ပံ နေရာမှာ အဓိက ကစားတတ်သူ ဖြစ်တဲ့ ဆားဟာ ဘယ်တောင်ပံမှာလည်း ကစားတတ်တဲ့အပြင် လိုအပ်ရင် တိုက်စစ် နေရာမှာ ကစားတတ်သူ ဖြစ်ပြီး သူရဲ့ လက်ရှိတန်ကြေးက ယူရို ၂၇ သန်းသာ ရှိနေတာဖြစ်လို့ မန်ယူနိုက်တက် အတွက်တော့ ဆားက တကယ်ကို ရွေးချယ်ချင်စရာ တစ်ခု ဖြစ်လာနိုင် ပါတယ်။

ယခင်ကတည်းက လီဗာပူး မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတွေနဲ့ သတင်းထွက်ခဲ့တဲ့ ဆားအနေနဲ့ ဒီတစ်ချိန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Zawgyi Version

ေနရာစုံ အားနည္းေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ တိုက္စစ္ အင္အား ျဖည့္တင္းဖို႔ အတြက္ လိဂ္ခ်န္ပီယံရွစ္ ကလပ္ ဝက္ဖို႔ဒ္အသင္းရဲ႕ ေတာင္ပံ ကစားသမား အစၥ မိုင္လာဆားကိုပါ ေခၚယူသြားဖို႔ ပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ သတင္းထြက္ေပၚ လာခဲ့ပါတယ္ ။

ကနဦးက မန္ယူနိုက္တက္ဟာ ဆဲလ္ဘက္ အသင္းရဲ႕ ဆယ္ေက်ာ္သက္ တိုက္စစ္မႉးေလး ဆက္ကို ကို အလိုရွိခဲ့ေပမယ့္ ဆဲလ္ဘက္ အသင္းက သူတို႔နဲ႕ ပိုင္ရွင္အတူတူ ျဖစ္တဲ့ လိုက္ပ္ဇစ္အသင္းဆီကိုသာ ေရာင္းခ်ခဲ့သလို တာေၾကာင့္ ယူနိုက္တက္က ပရီးမီးယားလိဂ္ အေတြ႕အႀကဳံ ရွိတဲ့ အစၥမိုင္လာဆားကို ပစ္မွတ္ထား လာခဲ့ပါတယ္ ။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ဆီနီေဂါ လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား အစၥမိုင္လာဆားဟာ ၂၀၁၉ ခုႏွစ္ကတည္းက ဝက္ဖို႔ဒ္ အသင္းဆီ ေရာက္ရွိေနခဲ့တာ ျဖစ္ၿပီး ဝက္ဖို႔ဒ္နဲ႕အတူ ပရီးမီးယားလိဂ္မွာ ၂ ရာသီ က်င္လည္ခဲ့သလို လိဂ္သြင္းဂိုး ၂၄ ဂိုးအထိကို သြင္းယူ နိုင္ခဲ့ပါတယ္ ။

ညာေတာင္ပံ ေနရာမွာ အဓိက ကစားတတ္သူ ျဖစ္တဲ့ ဆားဟာ ဘယ္ေတာင္ပံမွာလည္း ကစားတတ္တဲ့အျပင္ လိုအပ္ရင္ တိုက္စစ္ ေနရာမွာ ကစားတတ္သူ ျဖစ္ၿပီး သူရဲ႕ လက္ရွိတန္ေၾကးက ယူရို ၂၇ သန္းသာ ရွိေနတာျဖစ္လို႔ မန္ယူနိုက္တက္ အတြက္ေတာ့ ဆားက တကယ္ကို ေ႐ြးခ်ယ္ခ်င္စရာ တစ္ခု ျဖစ္လာနိုင္ ပါတယ္။

ယခင္ကတည္းက လီဗာပူး မန္ယူနိုက္တက္ အပါအဝင္ ပရီးမီးယားလိဂ္က ထိပ္တန္းအသင္းေတြနဲ႕ သတင္းထြက္ခဲ့တဲ့ ဆားအေနနဲ႕ ဒီတစ္ခ်ိန္မွာ ပရီးမီးယားလိဂ္ကို ျပန္လည္ ေရာက္ရွိလာနိုင္မလားဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။