Spots news

လေ့ကျင့်ရေးကွင်းလာတဲ့ ဒီဂျောင်ကို လစာလျော့ယူဖို့ ဆဲဆိုဆန္ဒပြခဲ့ကြတဲ့ ဘာစီလိုနာဖန်များ

Unicode Version

စပိန် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာရဲ့ ပရိသတ်တွေက ယနေ့မှာ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်လာတဲ့ ဒီဂျောင်ကို အသင်းကနေ ထွက်ဖို့နဲ့ အကယ်၍ အသင်းကနေ မထွက်ချင်ရင် လစာငွေ လျှော့ယူဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာ ပရိသတ် တဦးက ဒီဂျောင်ကို အသင်းရဲ့ အစီအစဉ်အား လိုက်နာဖို့ ဆဲရေးတိုင်းထွာခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ဘာစီလိုနာ ပရိသတ်က “လစာ လျှော့ယူတော့ Bitch” ဆိုပြီး ဆဲရေး တိုင်းထွာခဲ့တာ ဖြစ်ကာ ယခုအချိန် မှာတော့ ဒီဂျောင်နဲ့ သူ့ရဲ့ အေးဂျင့်တို့က ဒီဂျောင်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

ဒီဂျောင်က ဘာစီလိုနာကနေ ထွက်ဖို့ ဆန္ဒမရှိသလို လစာငွေ လျှော့ယူဖို့လည်း စိတ်မဝင်စားပဲ ဘာစီလိုနာကတော့ ဒီဂျောင်ကို ရစရာ ရှိတဲ့ လုပ်ခလစာ အကြွေး ပေါင် ၁၇သန်း ကျော်ထဲက ပေါင် ၆ သန်းကို အရင်ယူပြီး အသင်းပြောင်းဖို့ တိုက်တွန်း နေပါတယ်။

ဒီဂျောင်က ဘာစီလိုနာဆီကနေ ပေါင် ၁၇သန်းကျော် အကြွေးရဖို့ ရှိသလို အကယ်၍ ဒီရာသီမှာသာ သူက လုပ်ခလစာ လျှော့မယူပဲ ဘာစီလိုနာနဲ့ ဆက်ရှိနေခဲ့ရင် တပတ်ကို လုပ်ခလစာ ပေါင် ၅သိန်း အထိ ရဖို့ ရှိနေကြောင်းလည်း သိထားရပါတယ်။

လက်ရှိအချိန်မှာ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူဟာ နွေရာသီ အပြောင်းအရွှေ့စ ကတည်းက ပရီးမီးယားလိဂ် ထိပ်သီးကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့စွဲဆောင်ခြင်းကို ခံနေရတာ ဖြစ်ပြီး ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစား နေတာပါ။

 

Zawgyi Version

စပိန္ လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာရဲ႕ ပရိသတ္ေတြက ယေန႕မွာ ဘာစီလိုနာရဲ႕ ေလ့က်င့္ေရးကြင္းဆီ ေရာက္လာတဲ့ ဒီေဂ်ာင္ကို အသင္းကေန ထြက္ဖို႔နဲ႕ အကယ္၍ အသင္းကေန မထြက္ခ်င္ရင္ လစာေငြ ေလွ်ာ့ယူဖို႔ ဆႏၵျပ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

ဘာစီလိုနာ ပရိသတ္ တဦးက ဒီေဂ်ာင္ကို အသင္းရဲ႕ အစီအစဥ္အား လိုက္နာဖို႔ ဆဲေရးတိုင္းထြာခဲ့တဲ့ အထိ လုပ္ေဆာင္ခဲ့ေၾကာင္း ဘာစီလိုနာနဲ႕ နီးစပ္သူေတြက ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။

ဘာစီလိုနာ ပရိသတ္က “လစာ ေလွ်ာ့ယူေတာ့ Bitch” ဆိုၿပီး ဆဲေရး တိုင္းထြာခဲ့တာ ျဖစ္ကာ ယခုအခ်ိန္ မွာေတာ့ ဒီေဂ်ာင္နဲ႕ သူ႕ရဲ႕ ေအးဂ်င့္တို႔က ဒီေဂ်ာင္ရဲ႕ အနာဂတ္နဲ႕ ပတ္သတ္ၿပီး ဘာစီလိုနာရဲ႕ တာဝန္ရွိသူေတြနဲ႕ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။

ဒီေဂ်ာင္က ဘာစီလိုနာကေန ထြက္ဖို႔ ဆႏၵမရွိသလို လစာေငြ ေလွ်ာ့ယူဖို႔လည္း စိတ္မဝင္စားပဲ ဘာစီလိုနာကေတာ့ ဒီေဂ်ာင္ကို ရစရာ ရွိတဲ့ လုပ္ခလစာ အေႂကြး ေပါင္ ၁၇သန္း ေက်ာ္ထဲက ေပါင္ ၆ သန္းကို အရင္ယူၿပီး အသင္းေျပာင္းဖို႔ တိုက္တြန္း ေနပါတယ္။

ဒီေဂ်ာင္က ဘာစီလိုနာဆီကေန ေပါင္ ၁၇သန္းေက်ာ္ အေႂကြးရဖို႔ ရွိသလို အကယ္၍ ဒီရာသီမွာသာ သူက လုပ္ခလစာ ေလွ်ာ့မယူပဲ ဘာစီလိုနာနဲ႕ ဆက္ရွိေနခဲ့ရင္ တပတ္ကို လုပ္ခလစာ ေပါင္ ၅သိန္း အထိ ရဖို႔ ရွိေနေၾကာင္းလည္း သိထားရပါတယ္။

လက္ရွိအခ်ိန္မွာ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူဟာ ေႏြရာသီ အေျပာင္းအေ႐ႊ႕စ ကတည္းက ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕စြဲေဆာင္ျခင္းကို ခံေနရတာ ျဖစ္ၿပီး ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ ႀကိဳးစား ေနတာပါ။