Spots news

ရီးရဲလ်ရဲ့စံချိန်တစ်ခုကို ထပ်ချိုးလိုက်ပြီး သူ့ထက်သာတာ ရော်နယ်ဒိုပဲ ကျန်တော့တဲ့ ဘန်ဇီမာ

Unicode Version

မနေ့ညက ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ အပြိုင်အဆိုင် နွှဲခဲ့ကြတဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဖရန့်ဖတ် အသင်းကို 2 ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ် ။ သွင်းဂိုးတွေကို နောက်ခံလူ အလာဘာနဲ့ တိုက်စစ်မှူး ဘန်ဇီမာတို့က သွင်းယူပေးခဲ့တာပါ ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဥရောပ စူပါဖလားကို 5 ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး အေစီမီလန် ၊ ဘာစီလိုနာ တို့နဲ့ စံချိန် တူညီသွားခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ် အတွက် 2022 အတွင်း လေးလုံးမြောက် ရရှိတဲ့ ဆုဖလား ဖြစ်ပါတယ် ။

ဝါရင့် တိုက်စစ်မှူးဘန်ဇီမာ ကတော့ မနေ့ညက သွင်းဂိုးကြောင့် ရီးရဲလ် မက်ဒရစ် အသင်း အတွက် 324 ဂိုးအထိ သွင်းယူ လာနိုင်ခဲ့ပြီး ရာအူးလ် ဂွန်ဇာလက် ကို ကျော်ဖြတ်ကာ ကလပ်သမိုင်းတလျောက် ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

သူ့ အရှေ့မှာတော့ ခရစ္စဆီယာနို ရော်နယ်ဒို တဦးသာ ရှိပါတော့တယ် ။ ဒါပေမယ့် ပေါ်တူဂီ တိုက်စစ်မှူးကြီးရဲ့ သွင်းဂိုး 450 ကတော့ လိုက်မီဖို့ အလွန်ခက်ခဲတဲ့ အရေအတွက် ဖြစ်နေမှာပါ ။

ဒါ့အပြင် ဥရောပစူပါဖလားပွဲ မစမီ ပေးအပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီ ဥရောပ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဘန်ဇီမာက ရရှိခဲ့ပြီး အကောင်းဆုံး လူငယ် ကစားသမားဆု ကိုတော့ ရီးရဲလ်ကြယ်ပွင့် ဗင်နီးဆီးယပ်စ်က ရရှိသွားပါတယ် ။

Zawgyi Version

မေန႕ညက ခ်န္ပီယံလိဂ္ ခ်န္ပီယံနဲ႕ ယူရိုပါလိဂ္ ခ်န္ပီယံတို႔ အၿပိဳင္အဆိုင္ ႏႊဲခဲ့ၾကတဲ့ ဥေရာပ စူပါဖလားပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္က ဖရန႔္ဖတ္ အသင္းကို 2 ဂိုးျပတ္ အနိုင္ရရွိခဲ့ပါတယ္ ။ သြင္းဂိုးေတြကို ေနာက္ခံလူ အလာဘာနဲ႕ တိုက္စစ္မႉး ဘန္ဇီမာတို႔က သြင္းယူေပးခဲ့တာပါ ။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဥေရာပ စူပါဖလားကို 5 ႀကိမ္ေျမာက္ ရယူနိုင္ခဲ့တာျဖစ္ၿပီး ေအစီမီလန္ ၊ ဘာစီလိုနာ တို႔နဲ႕ စံခ်ိန္ တူညီသြားခဲ့ပါတယ္။ ဒါဟာ ရီးရဲလ္မက္ဒရစ္ အတြက္ 2022 အတြင္း ေလးလုံးေျမာက္ ရရွိတဲ့ ဆုဖလား ျဖစ္ပါတယ္ ။

ဝါရင့္ တိုက္စစ္မႉးဘန္ဇီမာ ကေတာ့ မေန႕ညက သြင္းဂိုးေၾကာင့္ ရီးရဲလ္ မက္ဒရစ္ အသင္း အတြက္ 324 ဂိုးအထိ သြင္းယူ လာနိုင္ခဲ့ၿပီး ရာအူးလ္ ဂြန္ဇာလက္ ကို ေက်ာ္ျဖတ္ကာ ကလပ္သမိုင္းတေလ်ာက္ ဒုတိယ ဂိုးသြင္း အမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ ပါတယ္ ။

သူ႕ အေရွ႕မွာေတာ့ ခရစၥဆီယာနို ေရာ္နယ္ဒို တဦးသာ ရွိပါေတာ့တယ္ ။ ဒါေပမယ့္ ေပၚတူဂီ တိုက္စစ္မႉးႀကီးရဲ႕ သြင္းဂိုး 450 ကေတာ့ လိုက္မီဖို႔ အလြန္ခက္ခဲတဲ့ အေရအတြက္ ျဖစ္ေနမွာပါ ။

ဒါ့အျပင္ ဥေရာပစူပါဖလားပြဲ မစမီ ေပးအပ္ခဲ့တဲ့ ၿပီးခဲ့တဲ့ ရာသီ ဥေရာပ ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ဘန္ဇီမာက ရရွိခဲ့ၿပီး အေကာင္းဆုံး လူငယ္ ကစားသမားဆု ကိုေတာ့ ရီးရဲလ္ၾကယ္ပြင့္ ဗင္နီးဆီးယပ္စ္က ရရွိသြားပါတယ္ ။