Spots news

ချယ်လ်ဆီးရဲ့ ပစ်မှတ် ခံစစ်မှူးကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ပီအက်စ်ဂျီ

Unicode Version

ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ နာမည်ကြီး အားကစားဒါရိုက်တာ ကန်ပို့စ်ကို အားကစားဒါရိုက်တာ အသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယခင်လို တန်ကြေးမြင့် ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူမယ့် အစား တန်ကြေးလည်းသင့် ၊ ခြေစွမ်းလည်း ထက်မြက်တဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူထားနိုင်သလို နာပိုလီ ကွင်းလယ်ကြယ်ပွင့် ဖေဘီယန် ရုစ်ကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းပြီးနောက် ကန်ပို့စ်က သူတို့ရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ပီအက်စ်ဂျီက မာကွင်ဟို ၊ ရာမို့စ် ၊ ကင်ပမ်ဘီ စတဲ့ ထိပ်တန်း ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရာမို့စ်က အသက်အရွယ်အရ ရာသီပြည့် ကစားနိုင်ဖို့ မသေချာတော့တာကြောင့် ကန်ပို့စ်က သူတို့အသင်းရဲ့ ဗဟိုခံစစ် အတွက် ငယ်ရွယ်သေးသလို ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ် ဗဟိုခံစစ်မှူး ဖိုဖာနာကို ခေါ်ယူဖို့ မျက်စိကျလာတာပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဖိုဖာနာက စိန့်အက်တီယန်ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လက်စတာ စီးတီးက ဖိုဖာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော် အထိ တောင်းဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ချယ်လ်ဆီးနဲ့အပြိုင် ဖိုဖာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ပီအက်စ်ဂျီဟာ ဖိုဖာနာရဲ့ အေးဂျင့်ဖြစ်သူထံ စတင် ချဉ်းကပ်နေသလို ဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ျပင္သစ္လီဂူးဝမ္း ထိပ္သီးကလပ္ ပီအက္စ္ဂ်ီက ခ်ယ္လ္ဆီးရဲ႕ အဓိက ပစ္မွတ္ ကစားသမား ျဖစ္သူ လက္စတာ စီးတီး ဗဟိုခံစစ္မႉး ဖိုဖာနာကို ၾကားျဖတ္ ေခၚယူဖို႔ ႀကိဳးပမ္းလာေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

ပီအက္စ္ဂ်ီက ယခု ေႏြေဈးကြက္ အတြင္းမွာ နာမည္ႀကီး အားကစားဒါရိုက္တာ ကန္ပို႔စ္ကို အားကစားဒါရိုက္တာ အသစ္ အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္ ယခင္လို တန္ေၾကးျမင့္ ၾကယ္ပြင့္ ကစားသမားေတြကို ေခၚယူမယ့္ အစား တန္ေၾကးလည္းသင့္ ၊ ေျခစြမ္းလည္း ထက္ျမက္တဲ့ လူငယ္ၾကယ္ပြင့္ေတြကို ေခၚယူဖို႔ ႀကိဳးပမ္းလာပါတယ္။

လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီက ေပၚတူဂီ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူထားနိုင္သလို နာပိုလီ ကြင္းလယ္ၾကယ္ပြင့္ ေဖဘီယန္ ႐ုစ္ကိုပါ ေခၚယူနိုင္ဖို႔ နီးစပ္ေနၿပီး ကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းၿပီးေနာက္ ကန္ပို႔စ္က သူတို႔ရဲ႕ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ စီစဥ္ေနေၾကာင္း ပီအက္စ္ဂ်ီနဲ႕ နီးစပ္သူေတြက ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။

ပီအက္စ္ဂ်ီက မာကြင္ဟို ၊ ရာမို႔စ္ ၊ ကင္ပမ္ဘီ စတဲ့ ထိပ္တန္း ဗဟိုခံစစ္မႉးေတြကို ပိုင္ဆိုင္ထားေပမယ့္ ရာမို႔စ္က အသက္အ႐ြယ္အရ ရာသီျပည့္ ကစားနိုင္ဖို႔ မေသခ်ာေတာ့တာေၾကာင့္ ကန္ပို႔စ္က သူတို႔အသင္းရဲ႕ ဗဟိုခံစစ္ အတြက္ ငယ္႐ြယ္ေသးသလို ထိပ္တန္းအဆင့္ ေျခစြမ္းကို ပိုင္ဆိုင္ထားတဲ့ ျပင္သစ္ ဗဟိုခံစစ္မႉး ဖိုဖာနာကို ေခၚယူဖို႔ မ်က္စိက်လာတာပဲ ျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္ ယူ-၂၁ လက္ေ႐ြးစင္ ဗဟိုခံစစ္မႉး ဖိုဖာနာက စိန႔္အက္တီယန္ကေန လက္စတာ စီးတီးထံ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ အသင္းရဲ႕ မရွိမျဖစ္ ခံစစ္မႉး တဦး အျဖစ္ ေျခစြမ္းေကာင္းေတြ ျပသထားနိုင္သူ ျဖစ္ၿပီး သူ႕ရဲ႕ ေျခစြမ္းေကာင္းေတြေၾကာင့္ပဲ လက္စတာ စီးတီးက ဖိုဖာနာ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၀သန္းေက်ာ္ အထိ ေတာင္းဆိုထားပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Daily Mail သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီက ခ်ယ္လ္ဆီးနဲ႕အၿပိဳင္ ဖိုဖာနာကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး ပီအက္စ္ဂ်ီဟာ ဖိုဖာနာရဲ႕ ေအးဂ်င့္ျဖစ္သူထံ စတင္ ခ်ဥ္းကပ္ေနသလို ဖိုဖာနာကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၀သန္း ဝန္းက်င္နဲ႕ ကမ္းလွမ္းဖို႔ပါ စီစဥ္ထားေၾကာင္း သိရပါတယ္။