Spots news

မရေရာမသေချာတဲ့ ဘာစီလိုနာကို ပြန်လည် စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ ကစားသမားသစ်

Unicode Version

ချဲလ်ဆီး ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတဲ့ နောက်ခံလူ ခရစ္စတန်ဆန် ဟာ ဘာစီလိုနာ အသင်းရဲ့ ကြိုဆိုပွဲပုံရိပ် နဲ့ profile တွေကို ပြန်လည် ဖျတ်ချကာ ချဲလ်ဆီးအသင်း ဂျာစီနဲ့ပုံကို ပြန်တင်ထားတာကြောင့် ဘာကာ ပရိတ်သတ်တွေကြား စိုးရိမ်ပူပန်မှုတွေ တိုးမြင့် လာပါတယ်။

ဘာစီလိုနာ အနေနဲ့ သောကြာနေ့(ယနေ့)ရဲ့ စပိန်စံတော်ချိန် ည ၁၂ နာရီ မတိုင်ခင် အထိသာ ကစားသမား အသစ်တွေနဲ့ စာချုပ်သစ် တိုးထားသူတွေကို လာလီဂါထံ စာရင်းသွင်းရန် အချိန်ရထားပြီး လက်ရှိ အနေထားတွေအရ လီဝန်ဒေါစကီး တစ်ဦးတည်းကိုသာ လာလီဂါမှာ စာရင်းသွင်းနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

လာလီဂါ အနေနဲ့ ဘာစီလိုနာ ရဲ့ ကနဦး စာရင်းသွင်းရန် တင်ပြမှုကို ပယ်ချထားသလို ကလပ်ရဲ့ မူပိုင်ခွင့်တွေကို ရောင်းချရာမှာ ကိုယ်ပိုင်ငွေကြေးနဲ့ ပြန်လည် ဝယ်ယူခဲ့တယ်ဆိုပြီး စာရင်းသွင်းဖို့တင်ပြမှုကို ကန့်ကွက်လိုက်တာပဲ ဖြစ်ပါတယ်။

အကျိုးဆက် အနေနဲ့ အဆိုပါ တင်ပြမှုကြောင့် စပိန် အစိုးရထံ အခွန်ငွေအဖြစ် ယူရို(၃၄.၅)သန်း ထပ်ဆောင်း ပေးချေရဖွယ် ရှိနေပြီး ပေးဆောင်ခြင်း မရှိပါက အခွန် စည်းကြပ်ရာမှာ လိမ်လည်မှုနဲ့ တရားစွဲခံရဖွယ် ရှိပါတယ်။

ခရစ္စတန်ဆန် နဲ့ ကတ်စီ တို့လို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသူတွေကို ယနေ့ည အချိန်မှီ စာရင်း မသွင်းနိုင်ရင် ဖီဖာ စည်းမျဉ်းအရ အလွတ် ကစားသမား ပြန်ဖြစ်သွားမှာ ဖြစ်လို့ ဘာစီလိုနာ အနေနဲ့ ပြန်လည် လက်လွှတ်ရဖွယ် ရှိနေပါတယ်။

 

Zawgyi Version

ခ်ဲလ္ဆီး ကေန ဘာစီလိုနာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕သြားတဲ့ ေနာက္ခံလူ ခရစၥတန္ဆန္ ဟာ ဘာစီလိုနာ အသင္းရဲ႕ ႀကိဳဆိုပြဲပုံရိပ္ နဲ႕ profile ေတြကို ျပန္လည္ ဖ်တ္ခ်ကာ ခ်ဲလ္ဆီးအသင္း ဂ်ာစီနဲ႕ပုံကို ျပန္တင္ထားတာေၾကာင့္ ဘာကာ ပရိတ္သတ္ေတြၾကား စိုးရိမ္ပူပန္မႈေတြ တိုးျမင့္ လာပါတယ္။

ဘာစီလိုနာ အေနနဲ႕ ေသာၾကာေန႕(ယေန႕)ရဲ႕ စပိန္စံေတာ္ခ်ိန္ ည ၁၂ နာရီ မတိုင္ခင္ အထိသာ ကစားသမား အသစ္ေတြနဲ႕ စာခ်ဳပ္သစ္ တိုးထားသူေတြကို လာလီဂါထံ စာရင္းသြင္းရန္ အခ်ိန္ရထားၿပီး လက္ရွိ အေနထားေတြအရ လီဝန္ေဒါစကီး တစ္ဦးတည္းကိုသာ လာလီဂါမွာ စာရင္းသြင္းနိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

လာလီဂါ အေနနဲ႕ ဘာစီလိုနာ ရဲ႕ ကနဦး စာရင္းသြင္းရန္ တင္ျပမႈကို ပယ္ခ်ထားသလို ကလပ္ရဲ႕ မူပိုင္ခြင့္ေတြကို ေရာင္းခ်ရာမွာ ကိုယ္ပိုင္ေငြေၾကးနဲ႕ ျပန္လည္ ဝယ္ယူခဲ့တယ္ဆိုၿပီး စာရင္းသြင္းဖို႔တင္ျပမႈကို ကန႔္ကြက္လိုက္တာပဲ ျဖစ္ပါတယ္။

အက်ိဳးဆက္ အေနနဲ႕ အဆိုပါ တင္ျပမႈေၾကာင့္ စပိန္ အစိုးရထံ အခြန္ေငြအျဖစ္ ယူရို(၃၄.၅)သန္း ထပ္ေဆာင္း ေပးေခ်ရဖြယ္ ရွိေနၿပီး ေပးေဆာင္ျခင္း မရွိပါက အခြန္ စည္းၾကပ္ရာမွာ လိမ္လည္မႈနဲ႕ တရားစြဲခံရဖြယ္ ရွိပါတယ္။

ခရစၥတန္ဆန္ နဲ႕ ကတ္စီ တို႔လို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူထားသူေတြကို ယေန႕ည အခ်ိန္မွီ စာရင္း မသြင္းနိုင္ရင္ ဖီဖာ စည္းမ်ဥ္းအရ အလြတ္ ကစားသမား ျပန္ျဖစ္သြားမွာ ျဖစ္လို႔ ဘာစီလိုနာ အေနနဲ႕ ျပန္လည္ လက္လႊတ္ရဖြယ္ ရွိေနပါတယ္။