Spots news

ဖာဂူဆန်ခေတ်ကို လွမ်းမနေပဲ တန်ဟက်ခေတ် ထူထောင်ဖို့ ယူနိုက်တက်ကို ဟာနန်ဒက် တိုက်တွန်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဂျာဗီးယား ဟာနန်ဒက်ဇ်က နည်းပြအဲရစ်တန်ဟတ်ရဲ့ နည်းစနစ်တွေကို လိုက်နာဖို့ လက်ရှိယူနိုက်တက် အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

တန်ဟတ်ဟာ ယူနိုက်တက်ကို ဒီနွေရာသီမှာ စတင် တာဝန်ယူခဲ့ပေမယ့် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာတင် ဘရိုက်တန်ကို ၂-၁ နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အရေးနိမ့် သွားခဲ့ပါတယ်။

နယ်သာလန်သားကြီး အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာ ရရှိခဲ့တဲ့ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရယူဖို့နဲ့ ပရီးမီးယားလိဂ် ထိပ်ပိုင်း ပြန်ရောက်အောင် လုပ်ပေးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

တန်ဟတ်ကို ဘောလုံးဝေဖန် သုံးသပ်သူတွေနဲ့ ကစားသမားဟောင်း တစ်ချို့ကလည်း ထောက်ခံခဲ့ ကြပါတယ်။ ဒီထဲမှာ ချီချာရီတိုလို့ နာမည်ပြောင်ပေးထားတဲ့ မက္ကစီကို လက်ရွေးစင် ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဟာနန်ဒက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

ဟာနန်ဒက်ဇ်ဟာ ယူနိုက်တက်မှာ ၂၀၁၀ ကနေ ၂၀၁၅ ထိ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၇ ပွဲမှာ သွင်းဂိုး ၅၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်က ဆုဖလားတွေနဲ့ အသားကျခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ခေတ်ဟာ ယူနိုက်တက်မှာ ကုန်ဆုံးခဲ့ပြီဖြစ်လို့ လက်ရှိနည်းပြ တန်ဟတ်ရဲ့ နည်းစနစ်တွေကိုသာ အသားကျအောင် ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟာနန်ဒက်ဇ်က “ဆာအဲလက်စ်က အရမ်းကိုတော်ခဲ့တာပါ။ မှန်ကန်တဲ့ လူစားလဲလှယ်မှုတွေ လုပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါပေမယ့် ဆာအဲလက်စ်ရဲ့ လူစားလဲလှယ်မှုတွေကတော့ ထီပေါက်သလိုပါပဲ။ ဖာဂူဆန်လုပ်ခဲ့တာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲ လုပ်ခိုင်းရင်တောင် ဘယ်သူက လုပ်နိုင်မှာတဲ့လဲ။

သူမရှိတော့တဲ့ အချိန်ဟာ တကယ့်ကိုဖိအားအများဆုံး အချိန်ပါပဲ။ အဲ့ဒါကြောင့်လည်း အခုယူနိုက်တက်က အလုပ်မဖြစ်တာပါ။ ယူနိုက်တက်က အခုချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မရှိတော့ဘူးလို့ မှတ်ယူဖို့လိုအပ်ပါတယ်။ သူနဲ့တူတဲ့သူမျိုး ထပ်ပေါ်လာဖို့ မျှော်လင့်လားဆိုရင်တော့ မျှော်လင့်တာပေါ့ဗျာ မျှော်လင့်မိတာပေါ့။

ဒါပေမယ့် ဆာအဲလက်စ်က အသင်းမှာ မရှိတော့ဘူးလေ အရင်အချိန်တွေ ပြန်မရ နိုင်တော့ပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်အနေနဲ့ နည်းပြ(တန်ဟတ်)ရဲ့ ကိုယ်ပိုင် နည်းစနစ်တွေကို မဖြစ်မနေ လိုက်နာဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း ဂ်ာဗီးယား ဟာနန္ဒက္ဇ္က နည္းျပအဲရစ္တန္ဟတ္ရဲ႕ နည္းစနစ္ေတြကို လိုက္နာဖို႔ လက္ရွိယူနိုက္တက္ အသင္းသားေတြကို တိုက္တြန္းခဲ့ပါတယ္။

တန္ဟတ္ဟာ ယူနိုက္တက္ကို ဒီေႏြရာသီမွာ စတင္ တာဝန္ယူခဲ့ေပမယ့္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္မွာတင္ ဘရိုက္တန္ကို ၂-၁ နဲ႕ အိုးလ္ထရက္ဖို႔ဒ္မွာ အေရးနိမ့္ သြားခဲ့ပါတယ္။

နယ္သာလန္သားႀကီး အေနနဲ႕ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ အဆင့္ ၆ သာ ရရွိခဲ့တဲ့ ယူနိုက္တက္ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ ျပန္ရယူဖို႔နဲ႕ ပရီးမီးယားလိဂ္ ထိပ္ပိုင္း ျပန္ေရာက္ေအာင္ လုပ္ေပးဖို႔ဆိုတာ အရမ္းခက္ခဲတဲ့ အလုပ္တစ္ခု ျဖစ္ပါတယ္။

တန္ဟတ္ကို ေဘာလုံးေဝဖန္ သုံးသပ္သူေတြနဲ႕ ကစားသမားေဟာင္း တစ္ခ်ိဳ႕ကလည္း ေထာက္ခံခဲ့ ၾကပါတယ္။ ဒီထဲမွာ ခ်ီခ်ာရီတိုလို႔ နာမည္ေျပာင္ေပးထားတဲ့ မကၠစီကို လက္ေ႐ြးစင္ ယူနိုက္တက္ ၾကယ္ပြင့္ေဟာင္း ဟာနန္ဒက္ဇ္လည္း ပါဝင္ခဲ့ပါတယ္။

ဟာနန္ဒက္ဇ္ဟာ ယူနိုက္တက္မွာ ၂၀၁၀ ကေန ၂၀၁၅ ထိ ကစားခဲ့ၿပီး ပြဲေပါင္း ၁၅၇ ပြဲမွာ သြင္းဂိုး ၅၉ ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ ဟာနန္ဒက္ဇ္က ဆုဖလားေတြနဲ႕ အသားက်ခဲ့တဲ့ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ေခတ္ဟာ ယူနိုက္တက္မွာ ကုန္ဆုံးခဲ့ၿပီျဖစ္လို႔ လက္ရွိနည္းျပ တန္ဟတ္ရဲ႕ နည္းစနစ္ေတြကိုသာ အသားက်ေအာင္ ကစားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဟာနန္ဒက္ဇ္က “ဆာအဲလက္စ္က အရမ္းကိုေတာ္ခဲ့တာပါ။ မွန္ကန္တဲ့ လူစားလဲလွယ္မႈေတြ လုပ္ဖို႔ဆိုတာ ထင္သေလာက္ မလြယ္ပါဘူး။ ဒါေပမယ့္ ဆာအဲလက္စ္ရဲ႕ လူစားလဲလွယ္မႈေတြကေတာ့ ထီေပါက္သလိုပါပဲ။ ဖာဂူဆန္လုပ္ခဲ့တာေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ပဲ လုပ္ခိုင္းရင္ေတာင္ ဘယ္သူက လုပ္နိုင္မွာတဲ့လဲ။

သူမရွိေတာ့တဲ့ အခ်ိန္ဟာ တကယ့္ကိုဖိအားအမ်ားဆုံး အခ်ိန္ပါပဲ။ အဲ့ဒါေၾကာင့္လည္း အခုယူနိုက္တက္က အလုပ္မျဖစ္တာပါ။ ယူနိုက္တက္က အခုခ်ိန္မွာ ဆာအဲလက္စ္ ဖာဂူဆန္ဆိုတဲ့ ပုဂၢိဳလ္ႀကီး မရွိေတာ့ဘူးလို႔ မွတ္ယူဖို႔လိုအပ္ပါတယ္။ သူနဲ႕တူတဲ့သူမ်ိဳး ထပ္ေပၚလာဖို႔ ေမွ်ာ္လင့္လားဆိုရင္ေတာ့ ေမွ်ာ္လင့္တာေပါ့ဗ်ာ ေမွ်ာ္လင့္မိတာေပါ့။

ဒါေပမယ့္ ဆာအဲလက္စ္က အသင္းမွာ မရွိေတာ့ဘူးေလ အရင္အခ်ိန္ေတြ ျပန္မရ နိုင္ေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ ယူနိုက္တက္အေနနဲ႕ နည္းျပ(တန္ဟတ္)ရဲ႕ ကိုယ္ပိုင္ နည္းစနစ္ေတြကို မျဖစ္မေန လိုက္နာဖို႔ လိုအပ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။