Spots news

အာဆင်နယ်ကို ရှုံးကြွေးဆပ်ဖို့ မန်ယူပြင်ဆင်လာမယ့် ပွဲထွက် ၁၁ ယောက်

Unicode Version

ဒီနေ့ည ၁၂ နာရီ မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ရဲ့ ပွဲစဉ်များကို ရင်ဆိုင် ကစားသွားတော့မှာဖြစ်ပြီး အဲ့ဒီထဲမှာတော့ အကောင်းဆုံးပွဲစဉ် တစ်ပွဲက ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေး

စွမ်းနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ပရီးမီးယားလိဂ် ရဲ့ ခေတ်ဦးမှာ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ အာဆင်နယ် နဲ့ မန်ယူ တို့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ချန်ပီယံ ဆုကို မျှော်မှန်းနေချိန်မှာ ဇယား အောက်ဆုံးက ရှက်ဖီး ယူနိုက်တက် ကို မမျှော်လင့်ပဲ ရှုံးနိမ့်သွားခဲ့ပြီး အဆင့် ၂ ကို ဆင်းပေးခဲ့ ရပါတယ်။

ဒါ့ကြောင့်ဖလား လမ်း‌ကြောင်းကနေ ချော်မထွက်စေဖို့ ယနေ့ညမှာ အကောင်းဆုံး ပြင်ဆင် လာမှာ ဖြစ်ပြီး ပထမ အကျော့ က ရှုံးကျွေးဆပ်ဖို့ ပြင်ဆင် လာမှာ ဖြစ်ပါတယ်။

ဂိုးသမား ဒေးဗစ်ဒီဂီယာ ကတော့ သေချာပေါက်  ပွဲထွက် လာမှာ ဖြစ်ပြီး တွမ်ဇီဘီ ပါဝင်လာမှာမဟုတ်တဲ့ အပြင် အဲရစ်ဘိုင်လီ ကလဲ ဒဏ်ရာ ရရှိနေတယ် ဆိုတဲ့ သတင်းများအရ

လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယား အတွဲ က ယူနိုက်တက် ခံစစ်မှာ နေရာ ယူလာပြီး နောက်တန်း အစွန် နှစ်ဖက်မှာတော့ လုရှော နဲ့ ဝမ်ဘစ်ဆာကာ တို့ ပွဲထွက် လာမှာ ၁၀၀ ရာခိုင်နှုန်း သေချာနေပါတယ်။

မက်တော်မီနေး ၊ ဖရက်တို့ က ယူနိုက်တက်ရဲ့ ကွင်းလယ် ခံစစ် နေရာမှာ ပါဝင်လာ နိုင်မှာပါ။ အမှတ်လိုနေချိန်မှာ ဗန်ဒီဘိခ် နဲ့ မာတစ် ကိုနည်းပြ ဆိုလ်းရှား အရဲစွန့်သုံးမှာ မဟုတ်ပဲ

ကွင်းလယ် တိုက်စစ်ပိုင်း အတွက် ပေါ့ဘာ + ဘရူနို အတွဲက ယူနိုက်တက် အတွက် အကောင်းဆုံး အတွဲ ဖြစ်လာပါမယ်။

တိုက်စစ်မှာ ကတော့ ပရိတ်သတ် တွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ မာရှယ် ပါဝင်လာ နိုင်ချေ မရှိသလို ဂရင်းဝုဒ်လဲ ပါဝင်ဖွယ် မရှိပါဘူး။ ၄-၂-၃-၁ ကစားပုံ ကို နည်းပြ ဆိုလ်းရှား

အသုံးပြု လာနိုင်ပြီး အထောင် တိုက်စ်မှာ ကာဗာနီ ၊ ညာ တောင်ပံမှာ ပေါ့ဘာ နဲ့အတူ ရပ်ရှ်ဖို့ကတော့ ဘယ်တောင်ပံ မှာ ပွဲထွက် လာရင်း အာဆင်နယ်ကို ရင်ဆိုင် နိုင်ဖွယ် ရှိပါတယ်။