Spots news

တိုက်စစ်ပေါ့လျော့မှုတွေနဲ့ ချန်ပီယံအိမ်မက်မှေးမှိန်လာတဲ့ မန်ယူနိုက်တက်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ အမ်းမရိတ်ကွင်း အတွင်း အားပြိုင်မှုကတော့ ဂိုးမရှိ သရေနဲ့သာ အဆုံးသတ် ခဲ့ရ ပါတယ်။

အာဆင်နယ် ကတော့ ယူနိုက်တက်နဲ့ ဆုံတွေ့ခဲ့ရတဲ့ နောက်ဆုံး ၆ ပွဲ ဆက်တိုက် တစ်ပွဲမှ မရှံးထားခဲ့သေးပဲ ယူနိုက်တက် ကလည်း ဒီရာသီ အဝေးကွင်း ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကို ဆက်ထိန်း ထား နိုင်ခဲ့ပါတယ်

ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေ နဲ့ အကျိတ်အနယ် ရှိခဲ့ပေမယ့် တိုက်စစ်မှုး တွေရဲ့ ပေါ့လျော့မှု တွေနဲ့ ခံစစ်မှူးတွေ အမှား နည်းမှု ကြောင့် အပိုင်းအခွင့် အရေးတွေကို နှစ်သင်းစလုံး အသုံးမချ နိုင်ခဲ့ ကြပါဘူး။

ဒုတိယပိုင်း မှာတော့ မာတီနယ်လီ အစား ဝီလီယံဝင်လာ ပြီးနောက် အာဆင်နယ် ကစားပုံ ပိုကောင်းလာပြီး တည်ကန်ဘော ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ကစားသမားတွေ အသုံးမချ နိုင်ခဲ့ပါဘူး။

ယူနိုက်တက် အတွက် ကိုလည်း ကာဗာနီ အပိုင်အခွင့်အရေး တွေ နှစ်ကြိမ်လောက် ရရှိခဲ့ ပေမယ့် အာဆင်နယ် ခံစစ်က ဒေးဗစ်လူးဝစ် ခြေစွမ်းပြနိုင်ခဲ့ တာကြောင့် ဂိုးရရှိခဲ့ ခြင်း မရှိပါဘူး။

အာဆင်နယ် အသင်းရဲ့ တိုက်စစ် ဆင်ပုံတွေက ပိုကောင်းခဲ့ပြီး လာကာဇက်တီ ရဲ့ ပြစ်ဒဏ်ဘော ဘားတန်း ထိခဲ့သလို စမစ်ရိုဝီရဲ့ ကန်ချက်ကိုလည်း ဒီဂီယာ ကာကွယ်နိုင် ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အဆုံးသတ်ပိုင်း တွေကတော့ အရင်ပွဲတွေ က အတိုင်း စိတ်ပျက်စရာအနေ အထားမှာ ရှိနေခဲ့ပြီး အပိုင် အခွင့်အရေး တော်တော် များများကို အသုံးမချ နိုင်ခဲ့တာကြောင့်

ပွဲကြီး ပွဲကောင်း တစ်ပွဲမှာ သွင်းဂိုးတွေ မမြင်တွေ့ရပဲ ပြီးဆုံး သွားခဲ့ပါတယ်။ သရေ တစ်မှတ်သာ ရရှိခဲ့တာ ကြောင့်လည်း ယူနိုက်တက်အနေနဲ့ အဆင့် ၁ နေရာက မန်စီးတီးနဲ့  ပိုပြီး အမှတ်ပြတ်  သွားခဲ့ပါတယ်။