Spots news

ဆာလတ်၊ ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်းတို့ ဦးဆောင်နေတဲ့ ရွှေဖိနပ်ဆု

Unicode Version

ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား စာရင်းကိုတော့ လီဗာပူးတောင်ပံတိုက်စစ် ကစားသမား မိုဟာမက်ဆာလတ် က သွင်းဂိုး ၁၃ ဂိုး နဲ့ ဦးဆောင် လျက်ရှိ နေပါတယ်။

ဆာလတ်ဟာ နောက်ဆုံး ၃ နှစ် အတွင်းမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိတိ ဆွတ်ခူးထားတဲ့ တိုက်စစ် ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆာလတ် နဲ့အနီးကပ်ဆုံး မှာတော့ စပါး တိုက်စစ်အတွဲ ဖြစ်တဲ့ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့က သွင်းဂိုး ၁၂ ဂိုးစီနဲ့ လိုက်လံ ဖိအားပေးလျက် ရှိနေပါတယ်။

သူတို့ရဲ့ နောက်မှာတော့ မန်ယူကွင်းလယ်တိုက်စစ် ကစားသမား ဘရူနိုဖာနန်ဒက်စ် ၊ လက်စတာ တိုက်စစ်မှူး ဂျေမီဗာဒီ ၊ အဲဗာတန်တိုက်စစ်မှူး ကားဗတ်လီဝင် တို့က သွင်းဂိုး ၁၁ ဂိုးစီ နဲ့ အစဉ်လိုက် ရပ်တည် နေခဲ့ပါတယ်။

လိဒ်စ်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ် က ၁၀ ဂိုး၊ ပဲလေ့စ် တောင်ပံကစားသမား ဇာဟာက ၉ ဂိုးသွင်းယူ ပေးထားပြီး အာဆင်နယ် ရဲ့လာကာဇက်၊ နယူးကာဆယ် ရဲ့ ကော်လမ်ဝီလ်ဆင်၊ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်တို့ ကတော့ ၈ ဂိုးစီသွင်းယူ ထားခဲ့ ကြတာပါ။

ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကိုတော့ အခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်…

၁၊ ဆာလတ် (လီဗာပူး) ၁၃ ဂိုး
၂၊ ဟာရီကိန်း ၊ ဆွန်ဟောင်မင် (စပါး) ၁၂ ဂိုး
၃၊ ဘရူနိုဖာနန်ဒက်စ် (မန်ယူ) ၊ ဂျေမီဗာဒီ (လက်စတာ) ၊ ကားဗတ်လီဝင် (အဲဗာတန်) ၁၁ ဂိုး

၄၊ ဘမ်းဖို့ဒ် (လိဒ်စ်ယူနိုက်တက်) ၁၀ ဂိုး
၅၊ ဇာဟာ (ခရစ္စတယ်ပဲလေ့စ်) ၉ ဂိုး
၆၊ လာကာဇက် (အာဆင်နယ်) ၊ ကော်လမ်ဝီလ်ဆင် (နယူးကာဆယ်) ၊ ဝက်ကင်စ် (ဗီလာ) ၈ ဂိုး