Spots news
တပည့်တွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားလာတဲ့ သောမတ်စ်တူချယ်
Unicode Version
ချဲလ်ဆီးရဲ့ နောက်ခံ ကစားသမားသစ်​ ဖြစ်တဲ့ ကူလီဘာလီဟာ အပြာရောင်ဂျာစီနဲ့ ခရီးလမ်းအစမှာတင် ထူးရှယ် ခြေစွမ်းများ ပြသ ထားနိုင်သူဖြစ်ပါတယ်။ တနဂ်နွေနေ့ညက ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ စပါးနဲ့ ပွဲစဥ်မှာလည်း ကစ်ချက်ချက် လှလှကြီးနဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
ထိုပွဲစဥ်မှာ ပထမပိုင်း တစ်လျှောက်လုံး ဖိဖိစီးစီး ကစားပုံ ကောင်းခဲ့တဲ့ ချဲလ်ဆီးဟာ ဒိုင်ရဲ့ မတိကျမမှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေကြောင့် ညီမျှခြင်း ကင်းမဲ့စွာ စပါးနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ ရပါတယ်။
ထိုပွဲမှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ တပည့်ကြီး ကူလီဘာလီနဲ့ ပက်သက်ပြီး တူချယ်က ” ကူလီက အစပိုင်းမှာတော့ ခက်ခဲတဲ့ ပုံစံပါပဲ။ဒါပေမယ့် သူက ထိပ်တန်း ကစားသမား ဖြစ်ပြီး သူလုပ်ပြသွားတာတွေ ခင်ဗျားတို့ မြင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
နောက်ကျမှ ဂိုးသွင်းခံလိုက်ရကာ ရုန်းရင်းဆန်ခတ် အခြေအနေ​တွေ ပက်သက်ပြီး တူချယ်က”ဘောလုံးနည်းပြ တစ်ယောက်ရဲ့ဘဝမှာ အသင်း တစ်သင်းနဲ့ ဒီလိုမျိူးတော့ ဖြစ်ဖူးမှာပါပဲ။ ဒါပေမယ့် ကျွှန်တော်တို့အတွက် Var က ဒီလိုတွေ လုပ်တဲ့အခါ အဆင်မပြေပါဘူး။ ပုံမှန်မဟုတ်တဲ့ မဖြစ်သင့်တဲ့ ဂိုးတွေကို ခွင့်ပြုထားလို့မရပါဘူး။ ဒါတွေက စိတ်ပျက်စရာ ဖြစ်ပြီး လက်ခံနိုင်စရာ မရှိပါဘူး ။”
“ကျွန်တော်တို့ကို ဘာတွေလုပ်ခဲ့လဲ သိမယ်ထင်ပါတယ်။ ကျွန်တော့် ကစားသမားတွေ ထက်ထက်မြတ်မြတ် ကစားခဲ့ပေမယ့် အနိုင် ၃ မှတ် မရခဲ့တဲ့ အတွက် စိတ်ပျက်မိပါတယ်။” လို့ နည်းပြသောမတ်စ်တူချယ်က ဒိုင်ရဲ့ လုပ်ရပ်ကြောင့် ၄င်းရဲ့ ကစားသမားတွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ChelseaTV မှာ ပြောကြား သွားခဲ့ပါတယ်။
Zawgyi Version