Spots news

ပရီးမီးယားလိဂ်ကို လာကစားချင်တဲ့ ရီးရဲလ်ကွင်းလယ်လူကို ခေါ်ယူတော့မယ့် မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျူဗင်တပ်ရဲ့ ပြင်သစ် ကွင်းလယ် ကစားသမား ရာဘီယော့နဲ့ ပြောင်းရွေ့ကြေးဘာညာ အဆင်ပြေပေမယ့် လစာကို နင်းကန် တောင်းဆိုမှုကြောင့် ‌‌မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် ။

သို့ပေမယ့် တော်မီနေး နဲ့ ဖရက် တို့ဖြင့်သာ ဆက်သွားရင် တန်းဆင်းရမယ့် အခြေအနေ ရှိနေတဲ့ အတွက် ကွင်းလယ်ကို မဖြစ်မနေ အင်အားဖြည့်တင်းမှာ ဖြစ်ပြီး အခုအခါ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီး ကွင်းလယ်လူ ကတ်စ်မဲရိုးကို စတင်ကြိုးပမ်း နေပြီလို့ သိရပါတယ် ။

ယူနိုက်တက်ဟာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ မာတစ်တို့ကို ဆုံးရှုံးထားရတာကြောင့် နွေဈေးကွက် မပိတ်သိမ်းမီမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးနဲ့ ဗဟိုကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို ဘာစီလိုနာနဲ့လည်း သဘောတူညီမှု ရခဲ့ပေမယ့် ဒီဂျောင်ဘက်က ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကို လက်လျော့ပြီး ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လစာညှိုနှိုင်းမှု အဆင်မပြေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မရေရာတဲ့ ကတ်စ်မဲရိုးကို ခေါ်ယူဖို့ အပြောင်းအရွေ့ မပိတ်ခင် အစွမ်းကုန် ကြိုးပမ်းတော့မယ်လို့ သိရပါတယ် ။

ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့ညပိုင်းမှာပဲ မက်ဒရစ်မြို့ဆီ ရောက်ရှိလာကာ ကတ်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြသွားပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီး ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ရီးရဲလ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သလို ၂၀၂၅ခုနှစ် အထိ စာချုပ် ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် ချူအိုမီနီနဲ့ ကာမာဗင်ဂါတို့ကြောင့် သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့် ထိခိုက်လာမှာကို စိုးရိမ်နေသူ ဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ စိတ်ကူးအိမ်မက် ရှိသူ ဖြစ်ကြောင်းလည်း ဝန်ခံထားသူပါ။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးကို ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်ကလည်း ချူအိုမီနီ ၊ ကာမာဗင်ဂါနဲ့ ဗယ်ဗာဒီတို့ ရှိနေတာကြောင့် ကတ်စ်မဲရိုး အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဂ်ဴဗင္တပ္ရဲ႕ ျပင္သစ္ ကြင္းလယ္ ကစားသမား ရာဘီေယာ့နဲ႕ ေျပာင္းေ႐ြ႕ေၾကးဘာညာ အဆင္ေျပေပမယ့္ လစာကို နင္းကန္ ေတာင္းဆိုမႈေၾကာင့္ ‌‌မေခၚေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ပါတယ္ ။

သို႔ေပမယ့္ ေတာ္မီေနး နဲ႕ ဖရက္ တို႔ျဖင့္သာ ဆက္သြားရင္ တန္းဆင္းရမယ့္ အေျခအေန ရွိေနတဲ့ အတြက္ ကြင္းလယ္ကို မျဖစ္မေန အင္အားျဖည့္တင္းမွာ ျဖစ္ၿပီး အခုအခါ ရီးရဲလ္မက္ဒရစ္ရဲ႕ ဘရာဇီး ကြင္းလယ္လူ ကတ္စ္မဲရိုးကို စတင္ႀကိဳးပမ္း ေနၿပီလို႔ သိရပါတယ္ ။

ယူနိုက္တက္ဟာ ယခု ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ အဓိက ကြင္းလယ္လူေတြ ျဖစ္တဲ့ ေပါ့ဘာနဲ႕ မာတစ္တို႔ကို ဆုံးရႈံးထားရတာေၾကာင့္ ေႏြေဈးကြက္ မပိတ္သိမ္းမီမွာ ကြင္းလယ္ခံစစ္ ကစားသမား တဦးနဲ႕ ဗဟိုကြင္းလယ္လူ တဦးတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထား ႀကိဳးပမ္းေနပါတယ္။

ကနဦးမွာ မန္ခ်က္စတာ ယူနိုက္တက္က နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ရဲ႕ ေတာင္းဆိုမႈအရ ဘာစီလိုနာ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္အား ေခၚယူဖို႔ ႀကိဳးပမ္းခဲ့သလို ဘာစီလိုနာနဲ႕လည္း သေဘာတူညီမႈ ရခဲ့ေပမယ့္ ဒီေဂ်ာင္ဘက္က ယူနိုက္တက္ဆီ ေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္ ပယ္ခ်ခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒီေဂ်ာင္ကို လက္ေလ်ာ့ၿပီး ဂ်ဴဗင္တပ္ ကြင္းလယ္လူ ရာဘီေယာ့ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ လစာညွိုႏွိုင္းမႈ အဆင္မေျပတာေၾကာင့္ ရီးရဲလ္မက္ဒရစ္နဲ႕ အနာဂတ္ မေရရာတဲ့ ကတ္စ္မဲရိုးကို ေခၚယူဖို႔ အေျပာင္းအေ႐ြ႕ မပိတ္ခင္ အစြမ္းကုန္ ႀကိဳးပမ္းေတာ့မယ္လို႔ သိရပါတယ္ ။

ယူနိုက္တက္ရဲ႕ တာဝန္ရွိသူေတြက ယေန႕ညပိုင္းမွာပဲ မက္ဒရစ္ၿမိဳ႕ဆီ ေရာက္ရွိလာကာ ကတ္စ္မဲရိုးရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနေၾကာင္း နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Marca သတင္းဌာနက ေဖာ္ျပသြားပါတယ္။

အသက္ ၃၀ အ႐ြယ္ ဘရာဇီး ကြင္းလယ္လူ ကတ္စ္မဲရိုးဟာ ရီးရဲလ္ရဲ႕ အဓိက ကြင္းလယ္လူ တဦး ျဖစ္သလို ၂၀၂၅ခုႏွစ္ အထိ စာခ်ဳပ္ က်န္ရွိေနေသးသူ ျဖစ္ေပမယ့္ ခ်ဴအိုမီနီနဲ႕ ကာမာဗင္ဂါတို႔ေၾကာင့္ သူ႕ရဲ႕ ပုံမွန္ ပြဲထြက္ခြင့္ ထိခိုက္လာမွာကို စိုးရိမ္ေနသူ ျဖစ္ၿပီး သူဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကစားဖို႔ စိတ္ကူးအိမ္မက္ ရွိသူ ျဖစ္ေၾကာင္းလည္း ဝန္ခံထားသူပါ။

ယူနိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ကတ္စ္မဲရိုးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀ သန္းနဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ရီးရဲလ္မက္ဒရစ္ကလည္း ခ်ဴအိုမီနီ ၊ ကာမာဗင္ဂါနဲ႕ ဗယ္ဗာဒီတို႔ ရွိေနတာေၾကာင့္ ကတ္စ္မဲရိုး အတြက္ ယူနိုက္တက္နဲ႕ ေဆြးေႏြးမႈေတြ ျပဳလုပ္ရန္ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။