Spots news

မန်ယူနိုက်တက်ကို ဝယ်နေပြီလို့ ကြေငြာလိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မက်စ်

Unicode Version

Tesla ပိုင်ရှင် ဘီလျံနာ သူဌေးကြီး ဖြစ်တဲ့ အီလွန်မတ်စ်က ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကိုဝယ်ယူရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယနေ့မနက်မှာ လူမှုကွန်ရက် တွစ်တာမှ တစ်ဆင့်ပြောကြားလိုက်သောကြောင့် ယူနိုက်တက် ပရိသတ်များအကြားမှာ အကြီးအကျယ် ပျော်ရွှင်ပြီး မျာစွာ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။

ယူနိုက်တက် ပရိတ်သတ်များဟာ အသင်းကို အမေရိကန်သူဌေး ဂလေဇာတို့ရဲ့ ဂုတ်သွေးစုတ်မှု များနဲ့ ပတ်သက်၍ မကျေနပ်မှုများ ရှိနေပြီးပရိသတ်များက ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။ လာမယ့် အပတ် ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်မှာလဲ အသင်းပရိသတ်များက ဂလေဇာမိသားစုကို နောက်တစ်ကြိမ် ထပ်မံ ဆန္ဒပြရန်လည်း စီစဉ်နေပါတယ်။

ဒီလို အသင်းပိုင်ရှင်နဲ့ ပြသနာတွေ တက်နေတဲ့ ယူနိုက်တက်ကို ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မတ်စ်က “ကျွန်တော် မန်ယူနိုက်တက်ကို ဝယ်ဖို့လုပ်နေပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု တွစ်တာတွင် ရေးသားလိုက် ခြင်းဖြစ်ပါတယ်။ အဆိုပါ တွတ်စ်ဟာ တစ်နာရီအတွင်း like ၁၄၀,၀၀၀ ကျော် ရရှိခဲ့ပါတယ် ။

လက်ရှိ အချိန်အထိတော့ တရားဝင် လှုပ်ရှားမှု သတင်း တက်မလာသေးပါဘူး ။ သို့ပေမယ့် ကစားသမား ဝယ်ယူ မပေးခြင်း ၊ အသင်းက ပွဲဦးထွက် နှစ်ပွဲရှုံးနိမ့်ခြင်း၊ အိုးထရက်ဖို့ကွင်း ကို အဆင့် မြှင့်တင်နိုင်မှု မရှိခြင်းစတဲ့ အကြောင်းပြချက်များကြောင့် စိတ်ပျက်နေသော ယူနိုက်တက် ပရိသတ်များအတွက် အဆိုပါ သတင်းဟာ အားတက်စရာ တစ်ခုဖြစ်လာခဲ့ပါတယ် ။

မန်ယူနိုက်တက် အသင်းစီနီယာ ကစားသမားကြီးအချို့က အသင်းကို အားဖြည့်ရန် ဘုတ်အဖွဲ့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းဆိုခဲ့ပါတယ် ။ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း မန်ယူနိုက်တက်ကို ဂလေဇာ မိသားစုက ပြန်ရောင်းသင့်တယ်ဟု ဝေဖန်ပြောဆို ထားပါသေးတယ် ။

Zawgyi Version

Tesla ပိုင္ရွင္ ဘီလ်ံနာ သူေဌးႀကီး ျဖစ္တဲ့ အီလြန္မတ္စ္က ပရီးမီးယားလိဂ္ ကလပ္ အသင္း တစ္သင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ကိုဝယ္ယူရန္ ျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း ယေန႕မနက္မွာ လူမႈကြန္ရက္ တြစ္တာမွ တစ္ဆင့္ေျပာၾကားလိုက္ေသာေၾကာင့္ ယူနိုက္တက္ ပရိသတ္မ်ားအၾကားမွာ အႀကီးအက်ယ္ ေပ်ာ္႐ႊင္ၿပီး မ်ာစြာ စိတ္လႈပ္ရွားစရာ ျဖစ္ေနပါတယ္။

ယူနိုက္တက္ ပရိတ္သတ္မ်ားဟာ အသင္းကို အေမရိကန္သူေဌး ဂေလဇာတို႔ရဲ႕ ဂုတ္ေသြးစုတ္မႈ မ်ားနဲ႕ ပတ္သက္၍ မေက်နပ္မႈမ်ား ရွိေနၿပီးပရိသတ္မ်ားက ဆႏၵျပမႈမ်ား ရွိခဲ့ပါတယ္။ လာမယ့္ အပတ္ ယူနိုက္တက္နဲ႕ လီဗာပူး ပြဲစဥ္မွာလဲ အသင္းပရိသတ္မ်ားက ဂေလဇာမိသားစုကို ေနာက္တစ္ႀကိမ္ ထပ္မံ ဆႏၵျပရန္လည္း စီစဥ္ေနပါတယ္။

ဒီလို အသင္းပိုင္ရွင္နဲ႕ ျပသနာေတြ တက္ေနတဲ့ ယူနိုက္တက္ကို ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာ အီလြန္မတ္စ္က “ကြၽန္ေတာ္ မန္ယူနိုက္တက္ကို ဝယ္ဖို႔လုပ္ေနၿပီ။ အားလုံးကို ေက်းဇူးတင္ပါတယ္”ဟု တြစ္တာတြင္ ေရးသားလိုက္ ျခင္းျဖစ္ပါတယ္။ အဆိုပါ တြတ္စ္ဟာ တစ္နာရီအတြင္း like ၁၄၀,၀၀၀ ေက်ာ္ ရရွိခဲ့ပါတယ္ ။

လက္ရွိ အခ်ိန္အထိေတာ့ တရားဝင္ လႈပ္ရွားမႈ သတင္း တက္မလာေသးပါဘူး ။ သို႔ေပမယ့္ ကစားသမား ဝယ္ယူ မေပးျခင္း ၊ အသင္းက ပြဲဦးထြက္ ႏွစ္ပြဲရႈံးနိမ့္ျခင္း၊ အိုးထရက္ဖို႔ကြင္း ကို အဆင့္ ျမႇင့္တင္နိုင္မႈ မရွိျခင္းစတဲ့ အေၾကာင္းျပခ်က္မ်ားေၾကာင့္ စိတ္ပ်က္ေနေသာ ယူနိုက္တက္ ပရိသတ္မ်ားအတြက္ အဆိုပါ သတင္းဟာ အားတက္စရာ တစ္ခုျဖစ္လာခဲ့ပါတယ္ ။

မန္ယူနိုက္တက္ အသင္းစီနီယာ ကစားသမားႀကီးအခ်ိဳ႕က အသင္းကို အားျဖည့္ရန္ ဘုတ္အဖြဲ႕ကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေတာင္းဆိုခဲ့ပါတယ္ ။ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္ကလည္း မန္ယူနိုက္တက္ကို ဂေလဇာ မိသားစုက ျပန္ေရာင္းသင့္တယ္ဟု ေဝဖန္ေျပာဆို ထားပါေသးတယ္ ။