Spots news

လစာမပေးနိုင်ပေမယ့် ပေါင်သန်း ၃၀ တန် ကစားသမားသစ် ထပ်ခေါ်မယ့် ဘာစီလိုနာ

Unicode Version

ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ အတွက် ဗီလာရီးရဲလ်ရဲ့ ညာနောက်ခံလူ ဟွမ်ဖွိုက်စ်အား ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးနေကြောင်း စပိန် သတင်းမီဒီယာ များက အခိုင်အမာ ဖော်ပြသွားပါတယ် ။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် ညာနောက်ခံလူ ဟွမ်ဖွိုက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပါးကနေ ဗီလာရီးရဲလ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

ဟွမ်ဖွိုက်စ်က ဗီလာရီးရဲလ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ညာနောက်ခံလူ နေရာကို အပိုင် သိမ်းနိုင်ခဲ့ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခုအတွင်းမှာ ဗီလာရီးရဲလ် အတွက် ပြိုင်ပွဲစုံ ၇၁ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ညာနောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ ဘာစီလိုနာက ဟွမ်ဖွိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟွမ်ဖွိုက်စ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ဘာစီလိုနာရဲ့ ရုံးချုပ်ဆီ ရောက်လာခဲ့ကာ ဘာစီလိုနာရဲ့ တာဝန်ရှိသူ များနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

သတင်းတွေအရ ဘာစီလိုနာနဲ့ ဟွမ်ဖွိုက်စ်တို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆန်ခဲ့ပြီး ဟွမ်ဖွိုက်စ်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်ကတော့ သူတို့အသင်းရဲ့ အဓိက ညာနောက်ခံလူ ဟွမ်ဖွိုက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုဖို့ စဉ်းစားထားပြီး ဘာစီလိုနာကလည်း ဟွမ်ဖွိုက်စ်အတွက် ဗီလာရီးရဲလ်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ် ရှိနေပါတယ်။

Zawgyi Version

ဘာစီလိုနာ အသင္းဟာ သူတို႔အသင္းရဲ႕ ညာေနာက္ခံေနရာကို အင္အားျဖည့္တင္းဖို႔ အတြက္ ဗီလာရီးရဲလ္ရဲ႕ ညာေနာက္ခံလူ ဟြမ္ဖြိုက္စ္အား ေခၚယူဖို႔ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ တရားဝင္ ေဆြးေႏြးေနေၾကာင္း စပိန္ သတင္းမီဒီယာ မ်ားက အခိုင္အမာ ေဖာ္ျပသြားပါတယ္ ။

အသက္ ၂၄ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ အာဂ်င္တီးနား လက္ေ႐ြးစင္ ညာေနာက္ခံလူ ဟြမ္ဖြိုက္စ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ စပါးကေန ဗီလာရီးရဲလ္ထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅ သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ဗီလာရီးရဲလ္နဲ႕ ၂၀၂၆ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုထားပါတယ္။

ဟြမ္ဖြိုက္စ္က ဗီလာရီးရဲလ္ဆီ ေရာက္ေရာက္ခ်င္းမွာပဲ အသင္းရဲ႕ အဓိက ညာေနာက္ခံလူ ေနရာကို အပိုင္ သိမ္းနိုင္ခဲ့ၿပီး သူက ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ၂ခုအတြင္းမွာ ဗီလာရီးရဲလ္ အတြက္ ၿပိဳင္ပြဲစုံ ၇၁ပြဲ အထိ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၂ဂိုး သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ညာေနာက္ခံလူ ေနရာမွာ အားနည္းခ်က္ေတြ ရွိေနတဲ့ ဘာစီလိုနာက ဟြမ္ဖြိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ၿပီး ဟြမ္ဖြိုက္စ္ရဲ႕ ေအးဂ်င့္ျဖစ္သူဟာ ဘာစီလိုနာရဲ႕ ႐ုံးခ်ဳပ္ဆီ ေရာက္လာခဲ့ကာ ဘာစီလိုနာရဲ႕ တာဝန္ရွိသူ မ်ားနဲ႕ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သတင္းေတြက ဆိုပါတယ္။

သတင္းေတြအရ ဘာစီလိုနာနဲ႕ ဟြမ္ဖြိုက္စ္တို႔ရဲ႕ ၾကားမွာ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ရာ ေဆြးေႏြးမႈေတြက အေပါင္းလကၡဏာ ဆန္ခဲ့ၿပီး ဟြမ္ဖြိုက္စ္ကလည္း ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း သိရပါတယ္။

ဗီလာရီးရဲလ္ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ညာေနာက္ခံလူ ဟြမ္ဖြိုက္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္း ဝန္းက်င္ ေတာင္းဆိုဖို႔ စဥ္းစားထားၿပီး ဘာစီလိုနာကလည္း ဟြမ္ဖြိုက္စ္အတြက္ ဗီလာရီးရဲလ္ရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာဖြယ္ ရွိေနပါတယ္။