Spots news

စပါးနဲ့ ပွဲက ဒဏ်‌ရာကြောင့် လနဲ့ချီ အနားယူရတော့မယ့် ချယ်လ်ဆီး အဓိက ကစားသမား

Unicode Version

ကွင်းလယ်လူ ကန်တေဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ကစားခဲ့ ရပေမယ့် ဒုတိယပိုင်း ပွဲချိန် အတွင်းမှာ တံကောက်ကြောဒဏ်ရာ ခံစားသွားခဲ့ ရတာကြောင့် ပွဲပြီးခါနီးမှာ ဂယ်လာဂါနဲ့ပါ လူစားလဲခဲ့ရပါတယ်။

ကန်တေဟာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး စပါးနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် အကောင်းဆုံး ကစားသွားနိုင် ပေမယ့် မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရ သလို အခုလည်း သူရဲ့ တံကောက်ကြော ဒဏ်ရာကြောင့် တစ်လ နီးပါးလောက် အထိ အနားယူရ တော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဒူးဒဏ်ရာ ပေါင်ခြံဒဏ်ရာတွေ အပြင် ကိုဗစ်ပါ ကူးစက်ခံခဲ့ရတဲ့ ကန်တေဟာ အမြဲလိုလို ဒဏ်ရာရ နေတတ်တာကြောင့် ချယ်လ်ဆီး ဘက်က သူ့ကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ကိုပါ တွေဝေနေရတာဖြစ်ပြီး ကန်တေရဲ့ စာချုပ်က လာမယ့် ၂၀၂၃ခုနှစ်မှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးရဲ့ ကွင်းလယ်ပိုင်းက ကိုဗာဆစ်နဲ့ ကန်တေတို့ နှစ်ဦးလုံး ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင် နေရတာကြောင့် လာမယ့် ပွဲတွေမှာတော့ ဂျော်ဂျင်ဟိုကို ဂယ်လာဂါနဲ့ တွဲဖက်ပေးဖွယ် ရှိနေရပါတယ်။

ကန်တေနဲ့ ကိုဗာဆစ်တို့ နှစ်ဦးက မကြာခဏ ဒဏ်ရာ ရနေသလို ဂယ်လာဂါရဲ့ အနာဂတ်ကလည်း မရေရာတဲ့ အနေအထားမှာ ရှိနေတာကြာင့် ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေဈေးကွက်ထဲမှာ အက်စတွန်ဗီလာ ကွင်းလယ်လူ ချူဝယ်မယ်ကာကို ခေါ်ယူထားခဲ့တာ ဖြစ်သလို အင်တာမီလန်ရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ ကာဆက်ဒီကိုပါ ကြိုးပမ်း ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကိုလည်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အပြိုင် အလိုရှိနေပြီး ကမ်းလှမ်းဖို့ အဆင့်သင့် ရှိနေပေမယ့်လည်း ကစားသမားက ဘာစီလိုနာမှာ ဆက်လက် ရှိနေချင်တာကြောင့် ခေါ်ယူဖို့က ခက်ခဲနေ ပါတယ်။

Zawgyi Version

ကြင္းလယ္လူ ကန္ေတဟာ ခ်ယ္လ္ဆီးနဲ႕ စပါးအသင္းတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္မွာ အသင္းရဲ႕ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ကစားခဲ့ ရေပမယ့္ ဒုတိယပိုင္း ပြဲခ်ိန္ အတြင္းမွာ တံေကာက္ေၾကာဒဏ္ရာ ခံစားသြားခဲ့ ရတာေၾကာင့္ ပြဲၿပီးခါနီးမွာ ဂယ္လာဂါနဲ႕ပါ လူစားလဲခဲ့ရပါတယ္။

ကန္ေတဟာ ခ်ယ္လ္ဆီးရဲ႕ အဓိက ကစားသမား တစ္ဦးျဖစ္ၿပီး စပါးနဲ႕ ပြဲစဥ္မွာလည္း အသင္းအတြက္ အေကာင္းဆုံး ကစားသြားနိုင္ ေပမယ့္ မၾကာခဏ ဒဏ္ရာျပသာနာေတြနဲ႕ ရင္ဆိုင္ေနရ သလို အခုလည္း သူရဲ႕ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ တစ္လ နီးပါးေလာက္ အထိ အနားယူရ ေတာ့မွာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီကလည္း ဒူးဒဏ္ရာ ေပါင္ၿခံဒဏ္ရာေတြ အျပင္ ကိုဗစ္ပါ ကူးစက္ခံခဲ့ရတဲ့ ကန္ေတဟာ အၿမဲလိုလို ဒဏ္ရာရ ေနတတ္တာေၾကာင့္ ခ်ယ္လ္ဆီး ဘက္က သူ႕ကို စာခ်ဳပ္သက္တမ္း တိုးျမႇင့္သြားဖို႔ကိုပါ ေတြေဝေနရတာျဖစ္ၿပီး ကန္ေတရဲ႕ စာခ်ဳပ္က လာမယ့္ ၂၀၂၃ခုႏွစ္မွာပဲ ကုန္ဆုံးရေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိမွာ ခ်ယ္လ္ဆီးရဲ႕ ကြင္းလယ္ပိုင္းက ကိုဗာဆစ္နဲ႕ ကန္ေတတို႔ ႏွစ္ဦးလုံး ဒဏ္ရာ ျပသာနာေတြနဲ႕ ရင္ဆိုင္ ေနရတာေၾကာင့္ လာမယ့္ ပြဲေတြမွာေတာ့ ေဂ်ာ္ဂ်င္ဟိုကို ဂယ္လာဂါနဲ႕ တြဲဖက္ေပးဖြယ္ ရွိေနရပါတယ္။

ကန္ေတနဲ႕ ကိုဗာဆစ္တို႔ ႏွစ္ဦးက မၾကာခဏ ဒဏ္ရာ ရေနသလို ဂယ္လာဂါရဲ႕ အနာဂတ္ကလည္း မေရရာတဲ့ အေနအထားမွာ ရွိေနတာၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ အခုႏွစ္ ေႏြေဈးကြက္ထဲမွာ အက္စတြန္ဗီလာ ကြင္းလယ္လူ ခ်ဴဝယ္မယ္ကာကို ေခၚယူထားခဲ့တာ ျဖစ္သလို အင္တာမီလန္ရဲ႕ ဆယ္ေက်ာ္သက္ ကြင္းလယ္လူ ကာဆက္ဒီကိုပါ ႀကိဳးပမ္း ခဲ့ရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းဟာ ဘာစီလိုနာ ကြင္းလယ္လူ ဒီေဂ်ာင္ကိုလည္း မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕အၿပိဳင္ အလိုရွိေနၿပီး ကမ္းလွမ္းဖို႔ အဆင့္သင့္ ရွိေနေပမယ့္လည္း ကစားသမားက ဘာစီလိုနာမွာ ဆက္လက္ ရွိေနခ်င္တာေၾကာင့္ ေခၚယူဖို႔က ခက္ခဲေန ပါတယ္။