Spots news

မန်ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့ နည်းပြတန်ဟက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ နယ်သာလန် နည်းပြ အဲရစ် တန်ဟက်က ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂျိမ်းစ်ဂါနာကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ အထင်ကြီး လေးစားမှုတွေကို ရထားတဲ့ လူငယ် ကွင်းလယ်လူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂျိမ်းစ်ဂါနာကို ကာရစ်လက်သစ် အဖြစ် တင်စားထားကြပြီး ဂါနာကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နော်တင်ဟမ် ဖောရက်စ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင်ပါ ကူညီပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ တန်ဟက် တယောက် ယူနိုက်တက်ဆီ ရောက်လာချိန်မှာ ဂါနာဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေး ခံခဲ့ရပေမယ့် အဲရစ် တန်ဟက်ကတော့ ဂါနာရဲ့ ခြေစွမ်းတွေကို သဘောမကျခဲ့ပါဘူး။

သတင်းတွေအရ အဲရစ် တန်ဟက်ဟာ ဂါနာကို ယခု နွေဈေးကွက် အတွင်းမှာတင် ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ စပါးနဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ ဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဂါနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ပေါင် ၁၇သန်း ဝန်းကျင် လိုချင်နေကြောင်း ဆိုပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ နယ္သာလန္ နည္းျပ အဲရစ္ တန္ဟက္က ယူနိုက္တက္ရဲ႕ လူငယ္ၾကယ္ပြင့္ တဦး ျဖစ္သူ ဂ်ိမ္းစ္ဂါနာကို ယခု ေႏြေဈးကြက္ အတြင္းမွာပဲ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္လိုက္ေၾကာင္း နာမည္ႀကီး အဂၤလန္ အေျခစိုက္ သတင္းေထာက္ေတြက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္ အဂၤလန္ လူငယ္ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ လူငယ္ၾကယ္ပြင့္ တဦး ျဖစ္ၿပီး အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႕ ပရိသတ္ေတြရဲ႕ အထင္ႀကီး ေလးစားမႈေတြကို ရထားတဲ့ လူငယ္ ကြင္းလယ္လူလည္း ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ တာဝန္ရွိသူေတြက ဂ်ိမ္းစ္ဂါနာကို ကာရစ္လက္သစ္ အျဖစ္ တင္စားထားၾကၿပီး ဂါနာကလည္း ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ေနာ္တင္ဟမ္ ေဖာရက္စ္ဆီ အငွားနဲ႕ သြားေရာက္ ကစားခဲ့ရာမွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့သလို ေနာ္တင္ဟမ္ ေဖာရက္စ္ကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ တန္းတက္နိုင္ေအာင္ပါ ကူညီေပးခဲ့ပါတယ္။

ဒါေၾကာင့္ပဲ လူငယ္ ကစားသမားေတြကို ေျမေတာင္ ျမႇောက္ေပးေလ့ ရွိတဲ့ တန္ဟက္ တေယာက္ ယူနိုက္တက္ဆီ ေရာက္လာခ်ိန္မွာ ဂါနာဟာ ယူနိုက္တက္ရဲ႕ အဓိက ကစားသမား တဦး ျဖစ္လာလိမ့္မယ္လို႔ ထင္ေၾကးေပး ခံခဲ့ရေပမယ့္ အဲရစ္ တန္ဟက္ကေတာ့ ဂါနာရဲ႕ ေျခစြမ္းေတြကို သေဘာမက်ခဲ့ပါဘူး။

သတင္းေတြအရ အဲရစ္ တန္ဟက္ဟာ ဂါနာကို ယခု ေႏြေဈးကြက္ အတြင္းမွာတင္ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္လိုက္ၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္ၾကတဲ့ စပါးနဲ႕ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ဟာ ဂါနာကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကေၾကာင္း သိရပါတယ္။ ယူနိုက္တက္ဟာ ဂါနာအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅သန္းနဲ႕ ေပါင္ ၁၇သန္း ဝန္းက်င္ လိုခ်င္ေနေၾကာင္း ဆိုပါတယ္။