Spots news

အပိုင်အခွင့်အရေးအချို့ လွဲချေယ်ခဲ့တဲ့ ကာဗာနီကို နည်းပြဆိုးလ်ရှား ကာကွယ်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ အမ်းမရိတ်ကွင်း အတွင်း အားပြိုင်မှုကတော့ ဂိုးမရှိ သရေနဲ့သာ အဆုံးသတ် ခဲ့ရ ပါတယ်။ အာဆင်နယ် ကတော့

ယူနိုက်တက် နဲ့ ဆုံတွေ့ခဲ့ ရတဲ့ နောက်ဆုံး ၆ ပွဲ ဆက်တိုက် တစ်ပွဲမှ မရှံးထား ခဲ့သေးပဲ ယူနိုက်တက် ကလည်း ဒီရာသီ အဝေးကွင်း ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကို ဆက်ထိန်း ထား နိုင်ခဲ့ပါတယ်

ဒီပွဲမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှု တွေ နဲ့ အကျိတ် အနယ် ရှိခဲ့ ပေမယ့် တိုက်စစ်မှုး တွေရဲ့ ပေါ့လျော့မှု တွေနဲ့ ခံစစ်မှူးတွေ အမှား နည်းမှု ကြောင့်

အပိုင် အခွင့် အရေး တွေကို နှစ်သင်းစလုံး အသုံးမချ နိုင်ခဲ့ ကြပါဘူး။ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ ကြ ပေမယ့် ဂိုးသမားတွေ လက်စွမ်းပြ ခဲ့တာကြောင့် ဘယ်သူမှ ဂိုးမရခဲ့ ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့တိုက်စစ်ကို ဦးဆောင် ကစားခဲ့တဲ့ ကာဗာနီ ကလည်း လိုအပ်ချက် တချို့ရှိခဲ့ပြီး အခွင့်အရေး တချို့ကို လွဲချော် သွားခဲ့ တာကို လည်း တွေ့မြင်ခဲ့ ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ကာဗာနီ ဘက်ကနေ ကာကွယ်ပေး သွားခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်လည်း တိုက်စစ်မှူး ဖြစ်ခဲ့ဖူးသူပါ။ ကျွန်တော် ကစားသမား ဘဝတုန်းက ဂိုးမသွင်း နိုင်တဲ့ ကာလတွေ ရှိခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်း ကလည်း ဆာအဲလက်စ် အပါအဝင် အားလုံးက အဲ့ဒီလို လွဲချော် ဖို့တောင် အဲ့ဒီနေရာမှာ(ချိန်သားကိုက်) မင်းရှိနေ တာပဲလေ လို့ ဆိုခဲ့ဖူးပါတယ်။

တစ်ခါ တစ်လေမှာ ဂိုးသွင်းနိုင် ဖို့အတွက် အခွင့် အရေး တချို့ကိုလည်း လွဲချော် တာတွေ ရှိမှာပေါ့။ ဒါပေမဲ့ သိပ် မကြာခင်မှာ ကာဗာနီ ဆီ ကနေ သေချာ ပေါက် ကို

ဂိုးတွေ မြင်ရပါ လိမ့်မယ်။ ကျွန်တော်တို့ အသင်းက ဂိုးမသွင်းနိုင် ခဲ့သလို သူတို့ ကလဲ ဒီဂီယာ ကို ဒုက္ခ မ‌ပေး ခဲ့ပါဘူး ” လို့ ဆိုးလ်ရှား က ဆိုသွား ခဲ့တာပဲ ဖြစ်ပါတယ် ။