Unicode Version
အသင်း ခေါင်းဆောင် ဆာဂျီယို ရာမို့စ် အနေနဲ့ ရီးရဲ မက်ဒရစ် အသင်းကို လာမည့် နွေရာသီတွင် စွန့်ခွာရန် အဆင်သင့် ဖြစ်နေပြီး ပရီးမီးယားလိဂ်သို့
ပြောင်းရွှေ့ရန် စဉ်းစား နေကြောင်း၊ မန်ယူသို့ ပြောင်း ရွှေ့ရန် အနီးစပ် ဆုံး ဖြစ်နေကြောင်း ဒေးလီးမေးလ် သတင်းစာ က ရေးသား ဖော်ပြ ထားပါတယ်။
နောက်ခံလူ ရာမို့စ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန် မှာ ရီးရဲ မက်ဒရစ် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး
စာချုပ် သက်တမ်း တိုးရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် အလွတ် ပြောင်းရွှေ့ကြေး ဖြင့် ပြောင်းရွှေ့ခွင့် ရရှိမည် ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ရာမို့စ် အနေနဲ့ စပိန်ပြင်ပကလပ် အသင်းကြီး များနှင့် တရားဝင် ဆွေးနွေးခွင့် ရရှိပြီ ဖြစ်ပြီး အကြို သဘောတူ ညီချက် စာချူပ် လည်း ချူပ်ဆို ခွင့် ရပြီ ဖြစ်ပါတယ်။
ရာမို့စ်ရဲ့ အေးဂျင့် ဖြစ်သူက အင်္ဂလန် ပရီးမီးယားလိဂ် သို့ ပြောင်းရွှေ့ရေး အတွက် လှုပ်ရှားမှုများ ရှိကြောင်း သတင်း များက ရေးသား ဖော်ပြထား ပါတယ်။
စပိန် နောက်ခံလူ ရာမို့စ် အနေ နဲ့ အိုးထရက်ဖို့ သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စား မှုရှိပြီး ပြင်သစ် ကလပ် ပီအက်စ်ဂျီ သို့ ပြောင်းရွေ့ရန် ရာခိုင်နှုန်း နည်းပါး ကြောင်း ဆိုကြ ပါတယ်။
ရာမိုစ့် ကဲ့သို့ အတွေ့ အကြုံရှိ နောက်ခံလူကို ဗဟို နောက်ခံလူ အလိုရှိ နေတဲ့ မန်ချက်စတာ ယူနိုက်တက် က လဲ ခေါ်ယူဖို့ အဆင်သင့် ရှိနေကြောင်း သတင်းများက ဆိုပါတယ်။
မတ်လမှာ အသက် ၃၅ နှစ် ပြည့်မည့် ရာမို့စ်ကို အာရှကလပ် အချို့မှ ကမ်းလှမ်း မှုများ ရရှိ သော်လည်း မိသားစု များက တားမြစ် ခဲ့ကြပါတယ်။
ရီးရဲ မက်ဒရစ် အသင်းဟာ ရာမို့စ် ကို တစ်နှစ်လျှင် ပေါင် ၁၀.၈ သန်း နှင့် တစ်နှစ် + တစ်နှစ် သက်တမ်းတိုး ခွင့် ဖြင့် စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း သော်လည်း ရာမို့စ်က သဘော မတူခြင်း ဖြစ်ပါတယ်။