Spots news

ကွင်းလယ်လူ အယ်လ်ကန်တာရာ နောက်တန်းဆင်း ကစားရဖွယ်ရှိတဲ့ လီဗာပူးလ်

Unicode Version

စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပေမယ့်လည်း ခံစစ်မှူးမာတစ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ခံစစ်ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်ဟာ ကွင်းလယ်လူ အယ်လ်ကန်တာရာကို ဗဟိုခံစစ်မှာ ထားကစားရမယ့် အရေးဖြစ်နေပါပြီ။

ဝက်စ်ဟမ်းက ဒီရာသီမှာ ခြေစွမ်းပြ ကစားနေတဲ့အသင်းဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေ တာကြောင့် ကလော့ပ်အနေနဲ့ ခံစစ်ကို စိတ်ချရအောင် စီမံနိုင်ဖို့က အရေးကြီးနေပါတယ်။

စပါးနဲ့ပွဲမှာဆိုရင် ဟန်ဒါဆန်နဲ့ လူငယ်ကစားသမား နက်ဖိလစ်တို့ကို ဗဟိုခံစစ်မှာ ကစားစေခဲ့ရတဲ့ အထိ လီဗာပူးလ်ဟာ ခံစစ်ပိုင်းပြသနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလာမယ့် ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ ကလော့ပ်အနေနဲ့ နက်ဖိလစ်ကို အရဲစွန့် အသုံးပြုဖွယ် မရှိဘူးလို့ သတင်းတွေထွက်နေပြီး သီယာဂိုကို ဗဟိုခံစစ်မှာ ကစားစေဖို့အတွက် စဉ်းစားနေကြောင်းလည်း သတင်းများက ရေးသား ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက် နဲ့ပွဲမှာ ဝီလီယံကို ထည့်သွင်း ကစားစေခဲ့ပြီး အမှားအယွင်း ကျူးလွန်ခဲ့တာကြောင့် ဂိုးပေးခဲ့ရပြီး အာနိုးလ်နဲ့ ဝီလီယံ တို့ရဲ့ ညာဘက်ခြမ်းခံစစ်ကို ယူနိုက်တက်က တော်တော်လေးဖိအားပေး နိုင်ခဲ့ပါတယ်။

ဒီအတွက် ကြောင့် စပါးနဲ့ပွဲမှာ ကလော့ပ်က ဟန်ဒါဆန် နဲ့ မာတစ် တို့ကို တွဲဖက်ပေးခဲ့ပြီး မာတစ်ဒဏ်ရာ ရချိန်မှာ နက်ဖိလစ်ကို ထည့်သွင်း ကစားခဲ့ရပြီး ခံစစ်ပိုင်းပြသနာကို ဖြေရှင်းခဲ့ရပါတယ်။

စပါးနဲ့ ပွဲမှာ ၀ိုင်နယ်ဒမ် က နံပါတ် ၆ နေရာကို ဝင်ကစားခဲ့ပြီး သီယာဂိုကို တိုက်စစ်ကို အနည်းငယ်လိုက်ပါ တဲ့ပုံစံနဲ့ ကစားခဲ့ရာမှာ နယ်သာလန် ကွင်းလယ်လူက ခြေစွမ်းပြနိုင် ခဲ့ပါတယ်။

ဒီအတွက်ကြောင့် လာမယ့်ပွဲမှာ ၀ိုင်နယ်ဒမ်ကို အဆိုပါ နေရာမှာပဲ ထားကစား စေဖွယ်ရှိပြီး သီယာဂိုကိုတော့ ခံစစ်ပိုင်းအတွက် တာဝန်ယူစေဖို့ ကလော့ပ် ဘက်က ရွေးချယ်လာဖွယ် ရှိနေတယ်လို့ သုံးသပ်နေတာ ဖြစ်ပါတယ်။