Spots news

လင်ဂတ်ကြောင့် ဝက်စ်ဟမ်းဆီက အပိုဆုကြေးရနိုင်မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

ဝက်စ်ဟမ်း အသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဂျက်ဆီ လင်ဂတ်ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြု  ကြေညာခဲ့ ပါတယ် ။၂၈ နှစ် သားဟာ နည်းပြ ဆိုးလ်ရှား ရဲ့ ယခုနှစ်ရာသီ အစီအစဉ် တွေထဲ မပါဝင်ခဲ့ပဲ ပြိုင်ပွဲစုံ ၃ပွဲသာ ပါဝင်ခွင့် ရခဲ့ကာ ပရီးမီးယား လိဂ်မှာ ၁ပွဲမှ ပါဝင်ခွင့် မရခဲ့ပါဘူး။

ဂျက်ဆီ လင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုး ထား တာ မ ကြာ သေးပေ မယ့် ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ တော့ ၃ ပွဲ သာ ပါဝင် ကစား ထားရ သေးပြီး လိဂ် ပွဲ လုံးဝ မ ပါဝင် ထားနိုင် ပဲ ကာရာဘောင် နဲ့ အက်ဖ်အေ နှစ်ခု ပဲ ပါဝင် ကစား ရသေး ပါတယ် ။ ထို့ကြောင့် ပွဲထွက် ခွင့်လိုချင်နေတဲ့ လင်ဂတ်အတွက် အငှား ထွက်ခွင့် ရခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ အင်္ဂလန်သားကို  ခေါ်ယူဖို့ စုံစမ်းမှု တွေ ပြုလုပ်ခဲ့ ကြပေမဲ့ ဝက်စ်ဟမ်း အသင်းက ခေါ်ယူသွား နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ယူနိုက်တက် ရဲ့ အပြောင်းအရွေ့ တာ ဝန်ရှိသူတွေကတော့ လင်ဂတ် ရဲ့ အငှားစာချုပ်မှာ ဝက်စ်ဟမ်း အသင်းရဲ့ အခြေအနေကို ကြည့်ပြီး အချက်အလက် တချို့ ထည့်သွင်း ခဲ့ပါတယ်။

အကယ်၍ ဝက်စ်ဟမ်း အသင်းသာ ယခုနှစ်ရာသီ ဥရောပ ဝင်ခွင့် ရခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ဟာ အပိုဆုကြေး အဖြစ် ပေါင် ၅၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ဟာ လင်ဂတ် အတွက် လစာ ၁ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ အပြင် ငှားရမ်းခ ပေါင် ၁.၅သန်း ကိုပါ ပေးချေရမှာ ဖြစ်တာကြောင့် အပိုဆုကြေးပါ ထည့်ပေါင်း လိုက်ရင် ပေါင် ၄သန်းလောက် ကုန်ကျဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဥရောပ ဝင်ခွင့် အတွက် တိုက်ပွဲဝင် နေပေမဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင် နိုင်ပါ့မလား ဆိုတာ မသေချာတဲ့ အနေအထား ဖြစ်နေပါတယ်။ ယူနိုက်တက် အသင်းဟာ အင်္ဂလန်သားကို ၁နှစ်စာချုပ် သက်တမ်းတိုး ပြီးမှ ယခုလို အငှားချခဲ့တာပဲ ဖြစ်ပါတယ်။