Unicode Version
အသင်း တာဝန်ရှိသူ တွေနဲ့ရော အသင်းနည်းပြ ဖွန်ဆီကာ နဲ့ပါ အဆင်မပြေမှု တွေနဲ့ ကြုံတွေ့လာခဲ့ရတဲ့ ရိုးမားအသင်းရဲ့ ဝါရင့်တိုက်စစ် ကစားသမားကြီး အီဒင် ဒီဇီကို ကတော့ လက်ရှိမှာ တစ်ဦးတည်းသာ
လေ့ကျင့်ခန်း ဆင်း နေရတဲ့အပြင် သူရဲ့ အနာဂတ် ကလည်း မရေမရာ ဖြစ်လာခဲ့ ရတာကြောင့် ဒီဇီကို နေရာမှာ အစားထိုးဖို့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အိုလီဗာ ဂီရောက်ကို စတင် ပစ်မှတ်ထား လာခဲ့ပါတယ်။
အသက်(၃၄) နှစ် အရွှယ်ရှိ ဒီဇီကိုဟာ ရိုးမားအသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်ပေမယ့် လည်း လက်ရှိ မှာတော့ သူနဲ့ အသင်းကြားက ဆက်ဆံရေး တွေဟာ
မပြေ မလည် လို့နေပြီး အသင်းဘက် ကနေ သူ့ကို တစ်ဦးတည်းသာ သီးသန့် လေ့ကျင့်ခန်း ဆင်း ထားလို့ ဒီဇီကိုရဲ့ အနာဂတ်က ပိုမိုဝေဝါး လာခဲ့ ရပါတယ်။
လတ်တလော ထွက်ပေါ် လို့ နေတဲ့ သတင်း တွေမှာ ဆိုရင်လည်း ရိုးမား အသင်း ဘက်ကနေ အခုဆောင်းစျေးကွက် အတွင်းမှာပဲ ဒီဇီကို ကို အသင်းကနေ ရောင်းထုတ် သွားဖို့ အထိပါ စီစဉ်နေတယ်လို့ သိရှိရ ပါတယ်။
ဒီဇီကိုရဲ့ နေရာမှာ ပြန်လည် အစားထိုး သွားဖို့အတွက် တိုက်စစ်မှူး တစ်ယောက်ကို ချယ်လ်ဆီး အသင်းနဲ့ စာချုပ် သက်တမ်း လပိုင်း လောက်သာ ကျန်ရှိ နေတော့တဲ့ ဝါရင့် တိုက်စစ် ကစားသမားကြီး အိုလီဗာ ဂီရောက်ကို မျက်စိကျ လာခဲ့ပါတယ်။
ဒီဇီကို လိုပဲ အသက်(၃၄) နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမားကြီး ဂီရောက်ဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုး ဖို့ကလည်း အစီအစဉ် မရှိတော့သလို ဖြစ်နေတဲ့ အတွက် သူ့ကို ရိုးမားဘက်ကနေ စိတ်ဝင်စား နေတာ ဖြစ်ပါတယ်။
ရိုးမား ဘက်က ဂီရောက်ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူချင် နေတာ ဖြစ်ပြီး အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဂီရောက်က လည်း ချယ်လ်ဆီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေး နဲ့ပါ
တစ်ခါတည်း အရ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂီရောက်က နောက်ပိုင်း ပွဲစဉ်တွေ အတွင်း ပွဲထွက်ခွင့် ရရှိနေတာ ကြောင့် ရိုးမားဘက်က သူ့ကို ခေါ်ယူဖို့ ခက်ခဲ နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။