Unicode Version
မန်စီးတီးအသင်းဟာ မနေ့တုန်းကတော့ ရှက်ဖီးယူနိုက်တက် အသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲဆက်နေပြီး
အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည် နေပါတယ်။ မန်စီးတီးဖလား ရနိုင်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က အခုလိုပြောဆိုလာပါတယ်။
“ ဒီနှစ်မှာ အသင်းတွေ အများကြီးက ချန်ပီယံလမ်းကြောင်းပေါ်မှာ တက်လှမ်းထား နိုင်ခဲ့တာ ဖြစ်လို့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရာသီလို့ ပြောလို့ ရပါတယ်။ မန်စီးတီး အသင်းကတော့ အမှတ်ပေးဖလားကို
ရယူတော့မယ် ထင်ပါတယ်။ သူတို့ အသင်းက အခုလက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်ထား သလို ၊ တစ်ပွဲ ကစားဖို့လည်း ကျန် ရှိနေပါ သေးတယ်”
“ကျွန်တော့် အမြင်ကတော့ ဒီရာသီမှာ ဝက်စ်ဟမ်း နဲ့ လက်စတာ က လွဲရင် ကျန်တဲ့ အသင်းတွေ အားလုံး အတက်အကျတွေ နဲ့ ဖြတ်သန်း နေရပါတယ်။
အသင်း အများအပြားက ကြည့်ကောင်း လာခဲ့ပေမယ့် အကြောင်းပြချက် အမျိုးမျိုးအတွက် အတက်အကျ တွေရှိနေပါတယ်။”
“ချန်ပီယံ ဘယ်သူဖြစ်မလဲ ဆိုတာ အတိအကျတော့ ကျွန်တော်မသိပါဘူး။ကျွန်တော်တို့ အသင်း ချန်ပီယံ မဖြစ်နိုင်တော့ဘူးဆိုတဲ့ သတင်းကတော့ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
ကျွန်တော်တို့ အတွက်ကတော့ ဒဏ်ရာပြဿနာတွေ မကြုံရဖို့ အတွက်လည်း လိုပါသေးတယ်။ ပွဲဆက် များနေတဲ့ အနေအထားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပွဲတွေ ကစားရတာ တကယ် မလွယ်ပါဘူး” လို့ နည်းပြကလော့ပ်က ပြောဆိုပါတယ်။