Unicode Version
အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူကွင်းလယ် တိုက်စစ် ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ဂန္တဝင်ကစားသမားကြီး ပေါလ်စခိုးလ်က ဝေဖန်သွား ခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ် ဟာ မန်ယူ ကစားသမား ဘဝ တစ်နှစ်ကျော် ကာလ အတွင်းမှာ အထူးခြေစွမ်းပြ ကစားနေခဲ့သူ တစ်ဦး ဖြစ်ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲပါဝင် ကစားပေး ထားခဲ့ရာ မှာတော့ သွင်းဂိုး၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ်ထိ ပြုလုပ် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘရူနို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးလျက် ရှိနေပြီး ခြေစွမ်း ပိုင်းလည်း အနည်းငယ် ကျဆင်းလာခဲ့တာ တွေ့ရပါတယ်။
အာဆင်နယ် နဲ့ပွဲမှာ ခြေစွမ်း ပျောက်ဆုံး နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီရာသီ အသင်းကြီးအချင်းချင်း ထိပ်တိုက် တွေ့တဲ့ (ပရီးမီးယားလိဂ်) ပွဲစဉ် များမှာ ၁ ဂိုးသာ သွင်းယူထား နိုင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီတစ်ဂိုး ကလည်း ပင်နယ်တီ သွင်းဂိုးဖြစ် နေခဲ့ ပါတယ်။ ဒါကြောင့် အသင်းကြီးအချင်းချင်း တွေ့တဲ့ ပွဲတွေမှာ ခြေစွမ်း မပြနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ် ကို ပေါလ်စခိုးလ်က ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။
“ဘရူနို ဖာနန်ဒက်စ်က တကယ့် ကစားသမားကောင်း တစ်ယောက်ပါ၊ သူ့ရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှု တွေ ဆိုတာလည်း တကယ်ပဲ ချီးကျူးစရာ ကောင်းပါတယ်၊ ဒါပေမယ့် အသင်းကြီးအချင်းချင်း တွေ့တဲ့ ပွဲတွေမှာ သိပ် အလုပ်မဖြစ်တာလေး တစ်ခုကိုတော့ သူအမြန်ဆုံး ပြင်ဆင်ရပါ လိမ့်မယ်၊
တကယ့် ထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာ ပွဲကြီးပွဲကောင်း တွေမှာ ခြေစွမ်း ပြနိုင်ဖို့လိုအပ်ပါတယ်၊ လာမယ့် Big Match တွေမှာ သူ့ဆီက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှု တွေ ပိုမို တွေ့မြင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပေါလ်စခိုးလ်က ပြောကြား ခဲ့ပါတယ်။