Spots news

ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အနိုင်ရခဲ့တဲ့ နည်းပြတူချယ်ရဲ့ ချယ်လ်ဆီး

Unicode Version

မနေ့က တနင်္ဂနွေညရဲ့ပရီးမီးယားလိဂ်အစောပွဲဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဘန်လေတို့ရဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းက ၂ – ၀ နဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြသစ် တူချယ်ကို စိတ်ချမ်းသာရာ ရစေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဒီပွဲမှာ ၃ – ၄ – ၂ – ၁ နဲ့ ပွဲထွက်လာခဲ့ပြီး လမ်းပတ်လက်ထက်နဲ့ ကွဲပြားခြားနားတဲ့ ကစားဟန်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ အလွန်ဆိုလည်း ပြန်လည်ပါဝင်လာခဲ့သလို တီမိုဝါနာကတော့ နောက်ချန်တိုက်စစ်အဖြစ် ကစားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးအသင်းရဲ့ကစားဟန်က အတော်လေးကောင်းမွန်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း အားရစရာအနေအထားကို မြင်ခဲ့ရပါတယ်။ ဘန်လေဟာ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်ကိုသာ ထိန်းချုပ်ထားရပြီး ချဲလ်ဆီးဘက်ကို ဖိအားပေးနိုင်ခြင်းတော့ မရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် သွင်းဂိုးကိုတော့ မိနစ် ၄၀ မှာ ရရှိခဲ့တာဖြစ်ပြီး အက်ပီလီကျူတာက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ ဘယ်သူမှ ဂိုးထပ်မရတော့ဘဲ ပထမပိုင်း ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ချဲလ်ဆီးအသင်းဟာ လူစားလဲမှုပြုလုပ်ခဲ့ပြီး အေဘရာဟမ်အစား ပူလီဆစ်က ဝင်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးအသင်းရဲ့ကစားဟန်က အတော်လေးကောင်းမွန်ပြီး ဘန်လေအသင်းကို ဖိအားပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်း ပွဲချိန်နှောင်းပိုင်းမှာတော့ ချဲလ်ဆီးတို့ အနိုင်သေချာစေမယ့်ဂိုးကို ရရှိသွားခဲ့ပြီး အလွန်ဆိုက သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘယ်သူမှ ဂိုးထပ်မရတော့ဘဲ ပွဲပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ တူချယ်အတွက်တော့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ တူချယ်ရဲ့ချဲလ်ဆီးအသင်းက ကောင်းမွန်တဲ့ စုဖွဲ့မှုကို ပြသနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားစရာကောင်းလာခဲ့တာပဲဖြစ်ပါတယ်။