Spots news

ပွဲဦးထွက်မှာတင် နည်းပြဆိုလ်းရှားကို အထင်ကြီးစေခဲ့တဲ့ ဒိုင်ယာလို

Unicode Version

ယူနိုက်တက် ကစားသမားသစ် အာမက် ဒိုင်ယာလိုဟာ ပွဲဦးထွက် ပွဲစဉ်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူကာ အသင်းအတွက် အထူး အကျိုးပြုခဲ့ပါတယ်။

ဒိုင်ယာလိုဟာ လီဗာပူးကို ၆-၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် ယူ-၂၃အသင်းအတွက် ပါ၀င်ကစားပေးခဲ့ပြီး ပင်နယ်ကာကန်ချက်နဲ့တောင် ပင်နယ်တီသွင်းသွားခဲ့ပါတယ်။

အတ္တလန္တာကနေ ပြောင်းလာတဲ့ လူငယ်လေးဟာ ပွဲအစ ၁၃မိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

၇၄မိနစ်မှာတော့ ဒိုင်ယာလိုက သူ့ရဲ့ ဒုတိယဂိုးအဖြစ် ပင်နယ်တီ ကန်ခွင့်ရချိန် ပင်နယ်ကာ ကန်ချက်နဲ့ ကန်သွင်းကာ ယူနိုက်တက်အတွက် သက်သောင့်သက်သာ နိုင်ပွဲ၁ခုကို ရရှိစေခဲ့ပါတယ်။

တောင်ပံကစားသမားလေးရဲ့ ခြေစွမ်းကြောင့် နည်းပြ ဆိုးလ်ရှားတစ်ယောက် မကြာခင်မှာပဲ အသင်းကြီးမှာ နေရာပေးဖွယ် ရှိနေပါတယ်။

အဆိုပါ ပွဲစဉ်မှာ လူငယ်လေး ဟူဂီလ်လည်း အထူးခြေစွမ်းပြခဲ့ကာ ၁ဦးတည်း ၄ဂိုးအထိ သွင်းပေးခဲ့ပါတယ်။

ဒိုင်ယာလိုဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း နည်းပြနဲ့ အသင်းဖော်တွေရဲ့ ချီးကျူးမှုကိုခံခဲ့ရပြီး အင်္ဂလန်မှာ အသားကျနေပြီဆိုတာ သက်သေပြခဲ့ပါတယ်။

အလားတူ တိုက်စစ်မှူး ရပ်ရ်ှဖို့ဒ်ကလည်း ဒိုင်ယာလိုရဲ့ ခြေစွမ်းတွေကို မကြာသေးမီကမှ အထူး ချီးကျူးထားခဲ့ပါသေးတယ်။

Zawgyi Version





အလားတူ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကလည်း ဒိုင်ယာလိုရဲ့ ခြေစွမ်းတွေကို မကြာသေးမီကမှ အထူး ချီးကျူးထားခဲ့ပါသေးတယ်။