Unicode Version
၂၈.၁.၂၀၂၁ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၀ မိနစ်အချိန် ခန့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးဘေး၊ ဒီဇင်ဘာ အိမ်ယာ၀န်းအတွင်းရှိ တိုက်ခန်းတွင် တပ်ဆင်ထားသော ရေဆင်း ပိုက်လုံးကြားတွင် ကြောင် (၁) ကောင် ညပ်နေကြောင်း သတင်း ရရှိခဲ့ပါသည်။
သတင်း ရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့၀င်များဖြင့် သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လည် ၂ နာရီ ၂၇ မိနစ် အချိန်တွင် ကြောင် အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါသည်။
အသက်ရှင်လျက် ရှိတဲ့ ကြောင်လး
Zawgyi Version