Spots news

လီဗာပူလ်းရဲ့ဘင်ဒေးဗီးစ် နဲ့ နောက်ဆုံးရ အပြောင်းအရွေ့ သတင်းများ

Unicode Version

လီဗာပူးလ်အသင်းကတော့ အသက်(၂၅)နှစ်အရွှယ်ရှိ ပရက်စတန်အသင်းရဲ့ နောက်ခံကစားသမား ဘင်ဒေးဗီစ်ကို ယူရို(၂.၂၅)သန်း နှစ်ရှည်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတွေနဲ့ သတင်းထွက်ခဲ့တဲ့ အီကွေဒေါတောင်ပံကစားသမား မွိုက်စ်ကိုင်စီဒိုကတော့ ဘရိုက်တန်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဂျာမနီ ကွင်းလယ်ကစားသမား ခီဒီရာကတော့ သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းကနေ ဟာသာဘာလင်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆဲလ်အသင်းရဲ့ ညာနောက်ခံကစားသမား ယက်ဒလင်းကတော့ တူရကီကလပ် ဂါလာတာစာရေးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် နယ်သာလန်တိုက်စစ်ကစားသမားလေး ဂျိုရှုအာဇီကာဇီးကတော့ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိဖို့အတွက် စီးရီးအေကလပ် ပါးမားအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။