Spots news

မန်ယူ ကိုပြောင်းဖို့ ဘက်ခမ်းဆီက အကြံဉာဏ်တောင်းခဲ့တဲ့ ရာမိုစ့်

Unicode Version

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Mirror သတင်း ဌာနရဲ့ ဖော်ပြချက် အရ ရာမို့စ်ဟာ မန်ချက် စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ ဖို့ စဉ်းစား နေမှုနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ် လူဟောင်း ဘက်ခမ်းထံ ပြောပြကာ အကြံဉာဏ် တောင်းခံ ခဲ့ကြောင်း သိရပါတယ်။

ဘက်ခမ်း ကလည်း ရာမို့စ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အခြေအနေ ၊ ပရိသတ်တွေရဲ့ အကြောင်း နဲ့  ယူနိုက်တက်ရဲ့ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှု တွေကို ပြောပြကာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်း ခဲ့ကြောင်း သိရပါတယ်။

စပိန် အခြေစိုက် တီဗွီလိုင်း တစ်ခု ဖြစ်တဲ့ El Chiringuito Tv က လည်း ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းကို ကျော်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ် ထားကြောင်း နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာမို့စ်ကို တစ်ပတ် လုပ်ခ လစာ ပေါင် ၂၂၄၀၀၀ နဲ့ ကမ်းလှမ်း ထားကြောင်း အခိုင်အမာ ဖော်ပြ သွားကြ ပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိ ရာမို့စ်ဟာ ရီးရဲလ် နဲ့ စာချုပ်သစ် ချုပ်ဆိုရေး အတွက် ဆွေးနွေးမှု အဆင် မပြေ ဖြစ်ခဲ့ရ ပြီးနောက် ဇူလိုင်လမှာ အလွတ် ပြောင်းရွှေ့ ကြေး နဲ့ ထွက်ခွာ ခွင့် ရရှိမှာ  ဖြစ်ပါတယ် သူ့ကို ခေါ်ယူဖို့ ပရီးမီးယား လိဂ် ချန်ပီယံ လီဗာပူး နဲ့ ပြင်သစ် အမှတ်ပေး ချန်ပီယံ ပီအက်စ်ဂျီ တို့ ကလည်း စိတ်ဝင်စား နေပါတယ်။