Spots news

ဘာစီလိုနာမှာ မက်ဆီဆက်ရှိနေမှာပါဆိုတဲ့ ဥက္ကဌ‌ဟောင်းလာပေါ်တာ

Unicode Version

မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ နောက်တစ်ရာသီ ဆက်လက် ရှိနေဖို့ ဆန္ဒရှိ နေတယ်လို့ ဘာစီလိုနာ ဥက္ကဋ္ဌလောင်း လာပေါ်တာက ဖွင့်ဟလိုက်ပါတယ်။

အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ဘာစီလိုနာ ကပ္ပတိန် မက်ဆီရဲ့ လက်ရှိ စာချုပ် သက်တမ်းက ဒီနှစ် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ ပေမယ့် မအောင်မြင်ခဲ့တာ ကြောင့် အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ

ဆက်လက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီ မှာတော့ မက်ဆီ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ နဲ့ မန်စီးတီးအသင်း တို့က အပြင်းအထန်  စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။

လာပေါ်တာ ဟာ ၂၀၀၃ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အထိ ဘာစီလိုနာ ဥက္ကဌ အဖြစ် လုပ်ကိုင်ခဲ့ သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်း ကတော့ သူ့ရဲ့အနာဂတ် နဲ့ပတ်သက်ပြီး

မက်ဆီက အခုအချိန် အထိတော့ ဘာလုပ် ရဦးမယ် ဆိုတာကိုကျွန်တော် မသိသေး ပါဘူး လို့ဖွင့်ဟ ထားခဲ့ပါတယ်။

သို့ပေမယ့် ခုအခါ မှာတော့ ဘာစီလိုနာ ဥက္ကဋ္ဌသစ် ဖြစ်လာဖို့ ရေပန်းစား နေတဲ့ လာပေါ်တာက‌တော့ ”ကျွန်တော် ပြောနိုင်တာက ဘာစီလိုနာနဲ့  ပတ်သက်ရင် သူ့ရဲ့ ခံစားချက် က

ကောင်းပါတယ်။ သူက ဒီမှာ ဆက်လက် ရှိနေဖို့ ဆန္ဒရှိ နေပါတယ်။ သူ အသင်းနဲ့ တစ်ရာသီ ခန့် ဆက်ရှိနေနိုင်ပါမယ် ” လို့ ပြောဆို ခဲ့ပါတယ်။