Spots news

နွေရာသီမှာ မန်ယူသို့ပြောင်းရွေ့နိုင်ချေ ရှိနေတဲ့ ခံစစ်မှူး ကူလီဘာလေ

Unicode Version

အသက် ၂၉ နှစ် အရွယ် နာပိုလီ ခံစစ်မှူး ကူလီဘာလေ အနေနဲ့  လာမည့် နွေရာသီ အပြောင်း အရွေ့မှာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိ နေပြီးသူ့ကို  ကမ်းလှမ်း ခဲ့ဘူး တဲ့ ပရီးမီးယား လိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်း အရွေ့ ဖြစ်ပေါ်နိုင် ကြောင်း သတင်းများ ထွက် ပေါ် လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုလ်းရှား အပါအဝင် မန်စီးတီး ၊ လီဗာပူး တို့ရဲ့ ချိတ်ဆက် ခြင်း ကို ခံခဲ့ရ ပေမယ့် ကူလီဗာလေ ရဲ့ အပြောင်း အရွေ့ဟာ ဖြစ်ပေါ်ခြင်း မရှိခဲ့ပဲ နာပိုလီမှာ သာ ဆက်လက် ရှိနေခဲ့ ပါတယ်။

စပိန် အားကစား သတင်းစာ မာကာ ရဲ့ သတင်းအရ ယခုအခါ ကူလီဘာလေ ဟာ အသင်းပြောင်းရန် ဆုံးဖြတ် ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်းရွှေ့ဖွယ် ရှိ ကြောင်း ရေးသား ဖော်ပြ ထားပါတယ်။

နည်းပြ ဆိုလ်းရှား ဟာ ကူလီ‌ဘာလေ ရဲ့ ခြေစွမ်းကို နှစ်သက် သူ တစ်ဦး ဖြစ်ပြီး နွေရာသီ အပြောင်း အရွေ့မှာ ခံစစ်မှူး ရှာဖွေ နေတာ ဖြစ်ပါတယ်။

ကူလီဘာလီ နဲ့ နာပိုလီ အသင်း တို့ရဲ့ စာချုပ်သက်တမ်း မှာ ၂၀၂၃ အထိ ကျန်ရှိ နေသော်လည်း လာမည့် နွေရာသီ တွင် နာပီလီမှ ထွက်ခွာ မှာ ဖြစ်ပါတယ်။

နာပိုလီ အသင်း ပိုင်ရှင် လော်ရန်တေး က‌တော့ ကူလီဘာလေ ၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ် ထားပြီး နွေရာသီမှာ အသင်းမှ ထွက်ခွာဖွယ် ရှိ နေပါတယ်။