Spots news

ဆွာရက်ဇ်ကိုပြိုင်ဘက် အေတီကိုသို့ရောင်းချမိတာမှားယွင်းကြောင်း ကိုမန်းပြော

Unicode Version

လူးဝစ်ဆွာရက်ဇ်ကိုရောင်းချခဲ့ခြင်းဟာ အသင်းအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်တယ်လို့ ရော်နယ်ကိုးမန်းကဝန်ခံခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်မှန်ကန်တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း တီကို,ကိုမရောင်းဘဲ ဂျူဗင်တပ်စ်ကိုရောင်းလိုက်ရင်ပိုကောင်းမယ်လို့ ရော်နယ်ကိုးမန်းကဆိုပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာကစားသမားဘဝ ၆ နှစ်တာအတွင်းမှာ အထူးခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး တစ်ဦးချင်းနဲ့အသင်းလိုက်သွင်းဂိုးများစွာရယူနိုင်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာတော့ ဆွာရက်ဇ်ဟာ အက်တလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လာလီဂါ ၁၆ ပွဲမှာ ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

“ဒါဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ၊ ဆွာရက်ဇ်ဟာ ကျွန်တော်တို့အသင်းရဲ့ အဓိက,ကစားသမားအဖြစ် ကာလကြာရှည်ရပ်တည်လာခဲ့သူ၊ အသင်းအတွက် ဂိုးတွေအများကြီးသွင်းယူပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်၊

ဒါပေမယ့် အသင်းက ပြောင်းလဲမှုတွေပြုလုပ်သွားဖို့၊ သွေးသစ်လောင်းဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်တာကြောင့် ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိပါဘူး။

ဒါပေမယ့် သူသာ အက်တလက်တီကိုမဟုတ်ဘဲ ဂျူဗင်တပ်စ်ကိုပြောင်းဖြစ်ခဲ့ရင်တော့ အများကြီးပိုကောင်းမှာပါ”လို့ ရော်နယ်ကိုးမန်းကပြောကြားခဲ့ပါတယ်။