Spots news

ဆိုးလ်ရှား မျက်စိကျနေတဲ့ သန်း ၆၀ တန် ခံစစ်မှူး ကွန်ဒီ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆီဗီလာခံစစ်မှူး ကွန်ဒီကို ခေါ်ယူရေးနှင့်ပတ်သက်၍ အရှိန်မြှင့် ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အသင်းနည်းပြဆိုးလ်ရှား အနေနဲ့ ပေါင်သန်း ၆၀ တန်ကြေးရှိသော ကွန်ဒီကို လာမည့်နွေရာသီ အပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ဆိုးလ်ရှားက အသက် ၂၂ နှစ်အရွယ်ရှိ ပြင်သစ်လူမျိုး နောက်ခံလူကွန်ဒီကို အသင်း၏ ခံစစ်ဗဟိုတွင် မက်ဂွိုင်းယားနှင့်တွဲဖက်၍ ရေရှည်အသုံးပြုရန် ရည်ရွယ်ထား ပါတယ်။ ယူနိုက်တက် အနေနဲ့ မက်ဂွိုင်းယားကို လက်စတာမှ ခေါ်ယူခဲ့စဉ်က ပေါင်သန်း ၈၀ ပေးခဲ့ရပြီး ခံစစ်မှူးတစ်ဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆီဗီလာနှင့်အတူ ခြေစွမ်းပြနေသော ကွန်ဒီကို ဥရောပကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး မော်ဒန်ဘောလုံးလောက၏ ခံစစ်မှူးစစ်စစ်တစ်ဦးအသွင် ပီပီပြင်ပြင် ကစားနိုင်သော ကွန်ဒီကို ဘိုင်ယန်၊ ရီးရဲနှင့် ဂျူဗင်တပ်တို့ကလည်း စောင့်ကြည့် လျက် ရှိပါတယ်။

ယူနိုက်တက် အနေနဲ့ လက်ရှိဘောလုံးရာသီမှာ ခံစစ်ပိုင်းဆိုင်ရာ အားဖြည့်ရန် လိုအပ်နေသည်မှာ အထင်အရှားဖြစ်‌ပါတယ် ။ ခံစစ်မှာ မက်ဂွိုင်းယားနှင့်အတူ လင်ဒီလော့ဖ်၊ တွန်ဇက်ဘီနှင့် ဘိုင်လီတို့ အလှည့်ကျ ပွဲထွက်နေသော်လည်း ခြေစွမ်းတည်ငြိမ်မှုမရှိခြင်းကြောင့် ဆိုးလ်ရှားက ကွန်ဒီကို ခေါ်ယူလိုခြင်းဖြစ်ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဆီဗီလာခံစစ္မႉး ကြန္ဒီကို ေခၚယူေရးႏွင့္ပတ္သက္၍ အရွိန္ျမႇင့္ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။ အသင္းနည္းျပဆိုးလ္ရွား အေနနဲ႕ ေပါင္သန္း ၆၀ တန္ေၾကးရွိေသာ ကြန္ဒီကို လာမည့္ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြက္ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။

ဆိုးလ္ရွားက အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ ျပင္သစ္လူမ်ိဳး ေနာက္ခံလူကြန္ဒီကို အသင္း၏ ခံစစ္ဗဟိုတြင္ မက္ဂြိုင္းယားႏွင့္တြဲဖက္၍ ေရရွည္အသုံးျပဳရန္ ရည္႐ြယ္ထား ပါတယ္။ ယူနိုက္တက္ အေနနဲ႕ မက္ဂြိုင္းယားကို လက္စတာမွ ေခၚယူခဲ့စဥ္က ေပါင္သန္း ၈၀ ေပးခဲ့ရၿပီး ခံစစ္မႉးတစ္ဦးအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဆီဗီလာႏွင့္အတူ ေျခစြမ္းျပေနေသာ ကြန္ဒီကို ဥေရာပကလပ္အသင္းမ်ားက ေခၚယူရန္ စိတ္ဝင္စားေနၿပီး ေမာ္ဒန္ေဘာလုံးေလာက၏ ခံစစ္မႉးစစ္စစ္တစ္ဦးအသြင္ ပီပီျပင္ျပင္ ကစားနိုင္ေသာ ကြန္ဒီကို ဘိုင္ယန္၊ ရီးရဲႏွင့္ ဂ်ဴဗင္တပ္တို႔ကလည္း ေစာင့္ၾကည့္ လ်က္ ရွိပါတယ္။

ယူနိုက္တက္ အေနနဲ႕ လက္ရွိေဘာလုံးရာသီမွာ ခံစစ္ပိုင္းဆိုင္ရာ အားျဖည့္ရန္ လိုအပ္ေနသည္မွာ အထင္အရွားျဖစ္‌ပါတယ္ ။ ခံစစ္မွာ မက္ဂြိုင္းယားႏွင့္အတူ လင္ဒီေလာ့ဖ္၊ တြန္ဇက္ဘီႏွင့္ ဘိုင္လီတို႔ အလွည့္က် ပြဲထြက္ေနေသာ္လည္း ေျခစြမ္းတည္ၿငိမ္မႈမရွိျခင္းေၾကာင့္ ဆိုးလ္ရွားက ကြန္ဒီကို ေခၚယူလိုျခင္းျဖစ္ပါတယ္ ။