Spots news

ပေါင်သန်း ၁၀၀ ရလျှင် ဟယ်ရီကိန်းကို မန်စီးတီးသို့ ရောင်းချမည်

Unicode Version

တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်သော်လည်း ထိုက်တန်သော ပြောင်းရွှေ့ကြေးရရှိပါက စပါးအသင်းအနေနဲ့ ကစားသမားကို ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြ ထားပါတယ်။

ဟယ်ရီကိန်းဟာ စပါးအသင်းကို ယခုနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး ဦးဆောင်နိုင်သော ကစားသမားဖြစ်ခဲ့ပြီး လီဗာပူးနှင့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စပိန်ကလပ် အသင်းကြီးများ ဖြစ်ကြသော ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာတို့ အနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ချိတ်ဆက်မှုများ ရှိနေခဲ့သော်လည်း မန်စီးတီးအသင်းသည်သာလျှင် ဟယ်ရီကိန်းကိုခေါ်ယူရေးတွင် အသာရသွားနိုင်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ဂွာဒီယိုလာ ရဲ့ မန်စီးတီးအသင်း အနေနဲ့ အဓိကတိုက်စစ်မှူး အဂူရိုကို လက်လွှတ်ရဖွယ်ရှိသောကြောင့် ပရီးမီးယားလိဂ်၏ အကောင်းဆုံးတိုက်စစ်မှူး ကိန်းကို ခေါ်ယူရန် ကြိုးစားလာခြင်းဖြစ်ပါတယ်။ ကစားသမားဘဝတွင် ဆုဖလား မရရှိဖူးသေးသော ဟယ်ရီကိန်းအနေနဲ့ သူ့ရဲ့ ကစားသမားဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်ကို ချနိုင်ရန် အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း သတင်းများ က ဖော်ပြပါတယ်။

မန်စီးတီးအသင်းဟာ ပေါင်သန်း ၁၀၀ ခန့်တန်သော ကမ်းလှမ်းမှုတစ်ခုဖြင့် စပါးအသင်းကို ကမ်းလှမ်းသွားဖွယ်ရှိပြီး အဆိုပါ ပမာဏသည် ဟယ်ရီကိန်းကို ရောင်းချရေးအတွက် ငွေကြေးလိုအပ်နေသော လီဗိုင်းကို စွဲဆောင်နိုင်သည့် ပမာဏဖြစ်ကြောင်း သတင်းများက ဆိုသည်။