Spots news

ကန်တိုနာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်

Unicode Version

မန်ယူအသင်းတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာတော့ ၁ ဂိုးသွင်းယူနိုင်ခဲ့တာ ကြောင့် အသင်းအတွက် သွင်းဂိုးစုစုပေါင်း ၈၃ ဂိုးရှိသွားခဲ့ပြီဖြစ်ကာ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တိုနာရဲ့ သွင်းဂိုးစံချိန်ဖြစ်တဲ့ ၈၂ ဂိုးစံချိန်ကို ဖြတ်ကျော်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်ကို ၉-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာတော့ ပွဲချိန် ၂၅ မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၆၀ မိနစ်မှာ ဒန်နီရယ် ဂျိန်းစ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အခုလိုအသင်းအတွက် စံချိန်တင်သွင်းဂိုးသွင်းယူနိုင်ခြင်းနဲ့ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်က”ကန်တိုနာဆိုတာဟာ အသင်းအတွက် အတော်ကလေးကို ကြိုးစားကစားပေးခဲ့တဲ့ ထိပ်တန်းကစားသမားဆိုတာက သိသာပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့ဂိုးသွင်းစံချိန်ကို ဖြတ်ကျော်နိုင်တဲ့အတွက် အကျေနပ်ရပါတယ်။ ကျွန်တော်ဟာနောက် ထပ်လည်းဂိုးတွေအများကြီးသွင်းယူပြီး အသင်းကို ကူညီပေးသွားဦးမှာပါ”လို့ပြောဆိုခဲ့ပါတယ်။

မန်နေဂျာ ဆိုးလ်ရှားကလည်း”ကန်တိုနာဟာ အရမ်းကောင်းခဲ့တဲ့သူတစ်ဦးပါ။ အခုတော့သူ့ရဲ့ ရက်ရှ်ဖို့ဒ်က ဂိုးတွေ ပိုသွင်းနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာတော့ သူဟာ ဘောလုံးကို အခုမှ အာရုံစိုက်ပြီးကစားနေတုန်းလို့ ပြောရမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီနှစ်ရာသီပရီးမီးယားလိဂ်မှာတော့ ၂၂ ပွဲ ပါဝင်ကစားကာ ၈ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။