Spots news

အသက် ၃၃ ထိ ပီအက်စ်ဂျီမှာ ဆက်ရှိနေတော့မယ့် တိုက်စစ်မှူး နေမာ

Unicode Version

ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူးနေမာ ဟာ အသင်းနဲ့ ၄ နှစ် စာချုပ်သစ် ထပ်မံချုပ် ဆိုဖို့  နီးစပ်မှု ရှိနေပြီ ဖြစ်ပါတယ်။ ပြင်သစ်က လာတဲ့ သတင်းတွေ မှာတော့

ဘာစီလိုနာ အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နေမာ ကတော့ အသင်းမှာ အသက် ၃၃ နှစ် အထိ ဆက်လက်ရှိနေဖို့ ပြင်ဆင်ထားတယ် လို့ ဆိုပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ ကစားခဲ့တာ ဖြစ်ပြီး

အခုတော့ ပီအက်စ်ဂျီ အသင်းနဲ့ တစ်ပတ်ပေါင် ၅၀၀၀၀၀ နဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ရှိနေပြီ ဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ ကစား နေခဲ့စဉ်အတွင်း အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ၊ ဒဏ်ရာ ပြဿ နာတွေနဲ့ ရုန်းကန် နေခဲ့ ရပေမယ့် ပွဲ ၁၀၁ ပွဲမှာ ၈၃ ဂိုး သွင်းယူ ပေးထားသူ ဖြစ်ပါတယ်။

နေမာ ရဲ့ လက်ရှိစာ ချုပ် သက်တမ်းက ၁၈ လသာ ကျန်ရှိ တော့တာဖြစ်ပြီး အခုအခါမှာတော့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သစ် ထပ်မံချုပ်ဆို ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် လည်း နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ ၃၃ နှစ်အထိ ဆက်လက် ရှိနေမှာဖြစ်ပြီး သူ့ရဲ့ကစားသမား ဘဝ အကောင်းဆုံး အချိန်တွေကို အသင်းမှာသာ ကုန်ဆုံး ရန်ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေမာက”ဒီနေ့မှာ ခံစားချက်က အရမ်း ကောင်းပါတယ်။ ကျွန်တော်ဟာ အသင်းမှာ အသားကျမှု လည်း ရှိပါတယ်။

ပိုပိုပြီး တည်ငြိမ် လာသလို ပိုပြီးလည်း ပျော်ရွှင်နေပါတယ်။ ကျွန်တော် ကတော့ ပီအက်စ်ဂျီ အသင်းမှာ ဆက်လက် ရှိနေဖို့ ဆန္ဒရှိ နေပါတယ်။