Spots news

မိုဒရစ်လက်သစ်ကို ခေါ်ယူရန် စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့ အဆင့်တစ် အာဆင်နယ်

Unicode Version

အာဆင်နယ် အသင်း ဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လို့ နာမည်ကြီးနေတဲ့ ရန်းနက်စ် အသင်း ရဲ့ ကွင်းလယ်လူ လိုဗရို မာဂျာကို ခေါ်ယူဖို့ မျက်စိကျနေပြီး စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ် နေပြီ ဖြစ်ပါတယ်။

ဂန်းနား တို့ရဲ့ ကင်းထောက်တွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားခဲ့တဲ့ ခရိုအေးရှား အသင်း နဲ့ ဒိန်းမတ် အသင်းတို့ရဲ့ ပွဲကို သွားရောက် ကြည့်ရှု ခဲ့ပြီး အသက် ၂၄ နှစ် အရွယ် လိုဗရိုမာဂျာ ရဲ့ခြေစွမ်းကို အကဲဖြတ် ခဲ့ကြတယ်လို့ သိရပါတယ်။

အာဆင်နယ် ကင်းထောက်တွေ လာကြည့်တဲ့ ပွဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မာဂျာ ဟာ အရန်ခုံကနေ လူစားဝင် ကစားပြီးပြီးချင်း ခရိုအေးရှား အသင်းအတွက် အဖိုးတန် အနိုင်ဂိုး ကို သွင်းယူ ပေးခဲ့ပါတယ်။

မာဂျာဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကို ပြသထားနိုင်သူ ဖြစ်ပြီး နိုင်ငံ အသင်းဖော် မိုဒရစ် လို ကစားသမားမျိုးလို့ မှတ်ချက်ပေး ခံနေရသူလည်း ဖြစ်ပါတယ် ။ ဒါကြောင့် ဥရောပ အသင်းကြီး တော်တော်များများကလည်း မိုဒရစ် လက်သစ် ကို စောင့်ကြည့်မှုတွေ လုပ်လာကြတာပါ ။

အာဆင်နယ် အသင်းရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ မာဂျာဟာ ၂၀၂၁ ခုနှစ်မှာ ဒိုင်နမို ဇာဂရကိ အသင်းကနေ ရန်းနက်စ် အသင်းကို ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ဒီရာသီက သူ့ရဲ့ရန်းနက်စ် ကစားသမားဘဝ ဒုတိယမြောက် ရာသီပါ ။

ပထမရာသီမှာတုန်းကတော့ မာဂျာဟာ ၆ ဂိုးသွင်း ၈ ဂိုးသွင်း ဖန်တီးပီး သူ့ရဲ့အသင်း အဆင့် ၄ ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဒီရာသီမှာလည်း ၈ ပွဲ ကစား ၁ ဂိုးသွင်း ၂ ဂိုး ဖန်တီး ပေးထားပါတယ် ။ သူဟာ နိုင်ငံ အသင်းအတွက်လည်း ၉ ပွဲ ကစားရာမှာ သွင်းဂိုး ၃ ဂိုး အထိ သွင်းယူ ပေးထားပြီး ဖြစ်ပါတယ် ။

သတင်းတွေအရ အာဆင်နယ် အသင်းရဲ့ ကင်းထောက်တွေဟာ မာဂျာ ကစားတဲ့ပွဲကို လာရောက် ကြည့်ရှုတာ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပွဲနဲ့ဆို နှစ်ကြိမ်မြောက် ရှိသွားပြီလို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ သို့မဟုတ် နွေရာသီမှာ ကွင်းလယ်လူ တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေတဲ့ အသင်း ဖြစ်ပါတယ် ။

Zawgyi Version

အာဆင္နယ္ အသင္း ဟာ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္လို႔ နာမည္ႀကီးေနတဲ့ ရန္းနက္စ္ အသင္း ရဲ႕ ကြင္းလယ္လူ လိုဗရို မာဂ်ာကို ေခၚယူဖို႔ မ်က္စိက်ေနၿပီး ေစာင့္ၾကည့္ ေလ့လာမႈေတြ ျပဳလုပ္ ေနၿပီ ျဖစ္ပါတယ္။

ဂန္းနား တို႔ရဲ႕ ကင္းေထာက္ေတြဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႕က ကစားခဲ့တဲ့ ခရိုေအးရွား အသင္း နဲ႕ ဒိန္းမတ္ အသင္းတို႔ရဲ႕ ပြဲကို သြားေရာက္ ၾကည့္ရႈ ခဲ့ၿပီး အသက္ ၂၄ ႏွစ္ အ႐ြယ္ လိုဗရိုမာဂ်ာ ရဲ႕ေျခစြမ္းကို အကဲျဖတ္ ခဲ့ၾကတယ္လို႔ သိရပါတယ္။

အာဆင္နယ္ ကင္းေထာက္ေတြ လာၾကည့္တဲ့ ပြဲမွာပဲ တိုက္တိုက္ဆိုင္ဆိုင္ မာဂ်ာ ဟာ အရန္ခုံကေန လူစားဝင္ ကစားၿပီးၿပီးခ်င္း ခရိုေအးရွား အသင္းအတြက္ အဖိုးတန္ အနိုင္ဂိုး ကို သြင္းယူ ေပးခဲ့ပါတယ္။

မာဂ်ာဟာ ၿပီးခဲ့တဲ့ လပိုင္းေတြမွာ အထင္ႀကီးေလာက္စရာ စြမ္းေဆာင္ရည္ကို ျပသထားနိုင္သူ ျဖစ္ၿပီး နိုင္ငံ အသင္းေဖာ္ မိုဒရစ္ လို ကစားသမားမ်ိဳးလို႔ မွတ္ခ်က္ေပး ခံေနရသူလည္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ဥေရာပ အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားကလည္း မိုဒရစ္ လက္သစ္ ကို ေစာင့္ၾကည့္မႈေတြ လုပ္လာၾကတာပါ ။

အာဆင္နယ္ အသင္းရဲ႕စိတ္ဝင္စားမႈကို ရရွိထားတဲ့ မာဂ်ာဟာ ၂၀၂၁ ခုႏွစ္မွာ ဒိုင္နမို ဇာဂရကိ အသင္းကေန ရန္းနက္စ္ အသင္းကို ေရာက္ရွိ လာခဲ့တာ ျဖစ္ၿပီး ဒီရာသီက သူ႕ရဲ႕ရန္းနက္စ္ ကစားသမားဘဝ ဒုတိယေျမာက္ ရာသီပါ ။

ပထမရာသီမွာတုန္းကေတာ့ မာဂ်ာဟာ ၆ ဂိုးသြင္း ၈ ဂိုးသြင္း ဖန္တီးပီး သူ႕ရဲ႕အသင္း အဆင့္ ၄ ရရွိေအာင္ စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။ ဒီရာသီမွာလည္း ၈ ပြဲ ကစား ၁ ဂိုးသြင္း ၂ ဂိုး ဖန္တီး ေပးထားပါတယ္ ။ သူဟာ နိုင္ငံ အသင္းအတြက္လည္း ၉ ပြဲ ကစားရာမွာ သြင္းဂိုး ၃ ဂိုး အထိ သြင္းယူ ေပးထားၿပီး ျဖစ္ပါတယ္ ။

သတင္းေတြအရ အာဆင္နယ္ အသင္းရဲ႕ ကင္းေထာက္ေတြဟာ မာဂ်ာ ကစားတဲ့ပြဲကို လာေရာက္ ၾကည့္ရႈတာ ၿပီးခဲ့တဲ့ ေနးရွင္းလိဂ္ ပြဲနဲ႕ဆို ႏွစ္ႀကိမ္ေျမာက္ ရွိသြားၿပီလို႔ သိရပါတယ္ ။ အာဆင္နယ္ အသင္းဟာ လာမယ့္ ဇန္နဝါရီ သို႔မဟုတ္ ေႏြရာသီမွာ ကြင္းလယ္လူ တစ္ဦးကို မျဖစ္မေန ေခၚယူသြားဖို႔ ရွိေနတဲ့ အသင္း ျဖစ္ပါတယ္ ။