Spots news

မက်ဆီ နေမာတို့မရှိတဲ့ ပြင်သစ်မှာ ခြေစွမ်းအမှန်တွေ ပေါ်လာပြီး ရုန်းကန်ခဲ့ရတဲ့ လိပ်နင်ဂျာလေး

Unicode Version

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံကြီး ပြင်သစ်ကတော့ နေးရှင်းလိဂ်မှာ ၁ ပွဲပဲနိုင်ပြီး အဆင့် ၃ နဲ့ ဇာတ်သိမ်းသွားပါပြီ။ ဩစတြီးယားကသာ ခရိုအေးရှားကို မရှုံးခဲ့ရင် အုပ်စုအောက်ဆုံး ရောက်ဦးမှာပါ။ ဒိန်းမတ်ကို ၂-၀ နဲ့ ထပ်ရှုံးခဲ့တဲ့နောက် ပြင်သစ်ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီဆိုတာ ပိုသေချာလာပါတယ်။

တိုက်စစ်မှူး အမ်ဘာပေ ကလဲ တပွဲလုံးမှာ တော်တော်လေး ဆိုးရွားတဲ့ ပုံစံတွေပဲ ပြခဲ့တာပါ။ ခါတိုင်း လုပ်နေကျ တယောက်ချင်း ကျော်ဖြတ်တာတွေတောင် သူ မလုပ်နိုင်တော့တဲ့ အထိ ခြေစွမ်းက ဆိုးခဲ့ပါတယ်။ နည်းပြ ဒက်ချမ့်စ်ကတော့ ၃ ရက်အတွင်း ၂ ပွဲကစားရလို့ ဘာမှ မတတ်နိုင်ဘူးလို့ ကာကွယ်ပြောပေး ခဲ့ပါတယ်။

ဩစတြီးယားနဲ့ပွဲမှာ သူ တဂိုးရခဲ့ပေမယ့် ဒါက သူ့ရဲ့ ပုံမှန် အနေအထား မဟုတ်ပါဘူး။ မက်ဆီ၊ နေမာတို့ ရှိနေတဲ့ ပီအက်စ်ဂျီမှာ သူ့အတွက် အဆင်ပြေနေပြီး ပြင်သစ်မှာတော့ သူ ရုန်းကန်နေရပါတယ်။ ပြင်သစ်မှာ သူ့အတွက် မက်ဆီနဲ့နေမာလို ဖန်တီးပေးနိုင်မှု အားနည်း နေသလို သူကိုယ်တိုင်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိနေလို့ ဆိုတာပါပဲ။

ပြင်သစ် ကွင်းလယ်က ကာမင်ဗင်ဂါနဲ့ ချူဝါမန်နီ၊ တိုက်စစ်ပိုင်းက ဂရစ်မန်းနဲ့ ဂီရော့ဒ်တို့က ဖန်တီးမှုပိုင်းမှာ ထူးချွန်နေအောင် မစွမ်းဆောင် နိုင်ပါဘူး။ သူတို့က အသင်း ကစားကွက် အားပိုကောင်း လာအောင်ပဲ ကောင်းကောင်း လုပ်နိုင်သူတွေပါ။ ပေါ့ဘာ၊ ကန်တေတို့လို ကစားသမားတွေ မရှိတာကလည်း ပြင်သစ်ကို တော်တော်လေး အားနည်းစေ ပါတယ်။

တပွဲလုံးမှာ အမ်ဘာပေက လူမကျော်နိုင်ဘူး၊ ကန်သွင်းချက်တွေ ကလည်း ဂိုးပေါက် မတည့်ဘူး၊ ဖြတ်တင်ဘောတွေ ကလည်း ကိုယ့်လူဆီ မရောက်ခဲ့ ပါဘူး။ မြင်ခဲ့ဖူးသမျှထဲ အဆိုးရွားဆုံးခြေစွမ်းပါ။ ဒက်ချမ့်စ်ပြောသလို ပွဲပန်းတာမျိုးပဲဖြစ်ပါစေလို့ မျှော်လင့်ရပြီး အဲဒီလိုမှ မဟုတ်ရင်တော့ ကာတာမှာလည်း ပြင်သစ်တို့ စောစောစီးစီးအောင်ဖျာလိပ် ရမယ့်ကိန်း ဆိုက်သွား ပါလိမ့်မယ်။

Zawgyi Version

ကမာၻ႔ဖလား လက္ရွိခ်န္ပီယံႀကီး ျပင္သစ္ကေတာ့ ေနးရွင္းလိဂ္မွာ ၁ ပြဲပဲနိုင္ၿပီး အဆင့္ ၃ နဲ႕ ဇာတ္သိမ္းသြားပါၿပီ။ ဩစႀတီးယားကသာ ခရိုေအးရွားကို မရႈံးခဲ့ရင္ အုပ္စုေအာက္ဆုံး ေရာက္ဦးမွာပါ။ ဒိန္းမတ္ကို ၂-၀ နဲ႕ ထပ္ရႈံးခဲ့တဲ့ေနာက္ ျပင္သစ္ရဲ႕ အေျခအေနက ေတာ္ေတာ္ေလးဆိုး႐ြားေနၿပီဆိုတာ ပိုေသခ်ာလာပါတယ္။

တိုက္စစ္မႉး အမ္ဘာေပ ကလဲ တပြဲလုံးမွာ ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ ပုံစံေတြပဲ ျပခဲ့တာပါ။ ခါတိုင္း လုပ္ေနက် တေယာက္ခ်င္း ေက်ာ္ျဖတ္တာေတြေတာင္ သူ မလုပ္နိုင္ေတာ့တဲ့ အထိ ေျခစြမ္းက ဆိုးခဲ့ပါတယ္။ နည္းျပ ဒက္ခ်မ့္စ္ကေတာ့ ၃ ရက္အတြင္း ၂ ပြဲကစားရလို႔ ဘာမွ မတတ္နိုင္ဘူးလို႔ ကာကြယ္ေျပာေပး ခဲ့ပါတယ္။

ဩစႀတီးယားနဲ႕ပြဲမွာ သူ တဂိုးရခဲ့ေပမယ့္ ဒါက သူ႕ရဲ႕ ပုံမွန္ အေနအထား မဟုတ္ပါဘူး။ မက္ဆီ၊ ေနမာတို႔ ရွိေနတဲ့ ပီအက္စ္ဂ်ီမွာ သူ႕အတြက္ အဆင္ေျပေနၿပီး ျပင္သစ္မွာေတာ့ သူ ႐ုန္းကန္ေနရပါတယ္။ ျပင္သစ္မွာ သူ႕အတြက္ မက္ဆီနဲ႕ေနမာလို ဖန္တီးေပးနိုင္မႈ အားနည္း ေနသလို သူကိုယ္တိုင္ရဲ႕ အားနည္းခ်က္၊ လိုအပ္ခ်က္ေတြ ရွိေနလို႔ ဆိုတာပါပဲ။

ျပင္သစ္ ကြင္းလယ္က ကာမင္ဗင္ဂါနဲ႕ ခ်ဴဝါမန္နီ၊ တိုက္စစ္ပိုင္းက ဂရစ္မန္းနဲ႕ ဂီေရာ့ဒ္တို႔က ဖန္တီးမႈပိုင္းမွာ ထူးခြၽန္ေနေအာင္ မစြမ္းေဆာင္ နိုင္ပါဘူး။ သူတို႔က အသင္း ကစားကြက္ အားပိုေကာင္း လာေအာင္ပဲ ေကာင္းေကာင္း လုပ္နိုင္သူေတြပါ။ ေပါ့ဘာ၊ ကန္ေတတို႔လို ကစားသမားေတြ မရွိတာကလည္း ျပင္သစ္ကို ေတာ္ေတာ္ေလး အားနည္းေစ ပါတယ္။

တပြဲလုံးမွာ အမ္ဘာေပက လူမေက်ာ္နိုင္ဘူး၊ ကန္သြင္းခ်က္ေတြ ကလည္း ဂိုးေပါက္ မတည့္ဘူး၊ ျဖတ္တင္ေဘာေတြ ကလည္း ကိုယ့္လူဆီ မေရာက္ခဲ့ ပါဘူး။ ျမင္ခဲ့ဖူးသမွ်ထဲ အဆိုး႐ြားဆုံးေျခစြမ္းပါ။ ဒက္ခ်မ့္စ္ေျပာသလို ပြဲပန္းတာမ်ိဳးပဲျဖစ္ပါေစလို႔ ေမွ်ာ္လင့္ရၿပီး အဲဒီလိုမွ မဟုတ္ရင္ေတာ့ ကာတာမွာလည္း ျပင္သစ္တို႔ ေစာေစာစီးစီးေအာင္ဖ်ာလိပ္ ရမယ့္ကိန္း ဆိုက္သြား ပါလိမ့္မယ္။