Spots news

ဆွန်ဟောင်မင်ကြောင့် အနှိမ်ခံရသလို ဖြစ်လို့ ပေါက်ကွဲနေတဲ့ နေမာဖန်‌များ

Unicode Version

ဖီဖာ 23 ဘောလုံးဂိမ်းရဲ့ ပရိသတ် အချို့ကတော့ ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး နေမာနဲ့ တော့တင်ဟမ်ဟော့ စပါး အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်တို့ရဲ့ အဆင့် တွေနဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

နေမာနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ဖီဖာ 23 အတွက် အဆင့် သတ်မှတ်ချက် ဟာ (89) စီရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဖီဖာ 22 ဘောလုံးဂိမ်းမှာတုန်းက 91 ရှိခဲ့ပေမဲ့လည်း ဖီဖာ 23 မှာတော့ (၂) မှတ် လျော့ကျ သွားခဲ့တာပဲ ဖြစ်ပါတယ်။

(၂၀၁၆)ခုနှစ်ကတည်းက နေမာဟာ ဖီဖာ ဘောလုံးဂိမ်းတွေမှာ နှစ်တိုင်း (90) အောက် မရောက်ခဲ့တာ ဖြစ်ပြီး ဖီဖာ 23 မှာတော့ 89 ဖြစ်ခဲ့တာကြောင့် သတ်မှတ်ချက် 90 အောက် ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက စပါးနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သလို ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကလည်း ဖီဖာ 23 ဘောလုံးဂိမ်းမှာ နေမာနဲ့ တူတူ 89 လို့ သက်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆိုရှယ် မီဒီယာထက်မှာတော့ ပရိသတ်တွေ အများစုက နေမာက ဆွန်ထက် အများကြီး ပိုကောင်းတဲ့ ကစားသမားလို့ ယုံကြည်နေကြပြီး အဆင့် သတ်မှတ်ချက် တူတူ သက်မှတ်ခဲ့တဲ့ အပေါ်မှာ ပေါက်ကွဲမှုတွေ ရှိနေခဲ့ ကြတာလည်းပဲ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ” ဆွန်က ကမ္ဘာ့ အဆင့် ကစားသမားပါ၊ ဒါပေမဲ့ နေမာနဲ့ အဆင့် သတ်မှတ်ချက် တူတူ ထားပေး ထားတာကြီးကတော့ ရူးမိုက်လွန်းပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” ဒါက ဖီဖာ ဘာကြောင့် အမှိုက် ဖြစ်နေရလဲဆိုတဲ့ အကြောင်းပြချက်ပဲ၊ ဆွန်ကို နေမာနဲ့ တူတူ သက်မှတ်ထားစရာ အကြောင်းကို မရှိဘူး ” လို့ ရေးသားထားခဲ့ပါတယ်။

နေမာ အနေနဲ့ ဖီဖာ 23 မှာ 89 သာ ရှိခဲ့ပေမဲ့ အသင်းဖော်တွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ကတော့ 91 နဲ့ ပီအက်စ်ဂျီ တစ်သင်းလုံးမှာ အမြင့်ဆုံး ကစားသမားတွေ အဖြစ် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

ဖီဖာ 23 ေဘာလုံးဂိမ္းရဲ႕ ပရိသတ္ အခ်ိဳ႕ကေတာ့ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ တိုက္စစ္မႉး ေနမာနဲ႕ ေတာ့တင္ဟမ္ေဟာ့ စပါး အသင္းရဲ႕ ၾကယ္ပြင့္ တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္တို႔ရဲ႕ အဆင့္ ေတြနဲ႕ ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ ျဖစ္ေနခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေနမာနဲ႕ ဆြန္ေဟာင္မင္တို႔ရဲ႕ ဖီဖာ 23 အတြက္ အဆင့္ သတ္မွတ္ခ်က္ ဟာ (89) စီရွိေနခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးသားဟာ ဖီဖာ 22 ေဘာလုံးဂိမ္းမွာတုန္းက 91 ရွိခဲ့ေပမဲ့လည္း ဖီဖာ 23 မွာေတာ့ (၂) မွတ္ ေလ်ာ့က် သြားခဲ့တာပဲ ျဖစ္ပါတယ္။

(၂၀၁၆)ခုႏွစ္ကတည္းက ေနမာဟာ ဖီဖာ ေဘာလုံးဂိမ္းေတြမွာ ႏွစ္တိုင္း (90) ေအာက္ မေရာက္ခဲ့တာ ျဖစ္ၿပီး ဖီဖာ 23 မွာေတာ့ 89 ျဖစ္ခဲ့တာေၾကာင့္ သတ္မွတ္ခ်က္ 90 ေအာက္ ပထမဆုံးအႀကိမ္ ေရာက္ရွိခဲ့တာလည္းပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက စပါးနဲ႕ အတူ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိခဲ့သလို ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆုံး ကစားသမားဆု ျဖစ္တဲ့ ေ႐ႊဖိနပ္ဆုကို ရရွိနိုင္ခဲ့တဲ့ ဆြန္ေဟာင္မင္ကလည္း ဖီဖာ 23 ေဘာလုံးဂိမ္းမွာ ေနမာနဲ႕ တူတူ 89 လို႔ သက္မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဆိုရွယ္ မီဒီယာထက္မွာေတာ့ ပရိသတ္ေတြ အမ်ားစုက ေနမာက ဆြန္ထက္ အမ်ားႀကီး ပိုေကာင္းတဲ့ ကစားသမားလို႔ ယုံၾကည္ေနၾကၿပီး အဆင့္ သတ္မွတ္ခ်က္ တူတူ သက္မွတ္ခဲ့တဲ့ အေပၚမွာ ေပါက္ကြဲမႈေတြ ရွိေနခဲ့ ၾကတာလည္းပဲ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက ” ဆြန္က ကမာၻ႔ အဆင့္ ကစားသမားပါ၊ ဒါေပမဲ့ ေနမာနဲ႕ အဆင့္ သတ္မွတ္ခ်က္ တူတူ ထားေပး ထားတာႀကီးကေတာ့ ႐ူးမိုက္လြန္းပါတယ္ ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း ” ဒါက ဖီဖာ ဘာေၾကာင့္ အမွိုက္ ျဖစ္ေနရလဲဆိုတဲ့ အေၾကာင္းျပခ်က္ပဲ၊ ဆြန္ကို ေနမာနဲ႕ rတူတူ သက္မွတ္ထားစရာ အေၾကာင္းကို မရွိဘူး ” လို႔ ေရးသားထားခဲ့ပါတယ္။

ေနမာ အေနနဲ႕ ဖီဖာ 23 မွာ 89 သာ ရွိခဲ့ေပမဲ့ အသင္းေဖာ္ေတြ ျဖစ္ၾကတဲ့ မက္ဆီနဲ႕ အမ္ဘာေပတို႔ကေတာ့ 91 နဲ႕ ပီအက္စ္ဂ်ီ တစ္သင္းလုံးမွာ အျမင့္ဆုံး ကစားသမားေတြ အျဖစ္ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။