Spots news

မန်ယူနိုက်တက်နဲ့ အက်သလက်ကြား ဖြစ်ပေါ်လာနိုင်တဲ့ တန်ဖိုးကြီး ကစားသမား အလဲအထပ်

Unicode Version

အက်သလက်တီကို မက်ဒရစ် အသင်းဟာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိထားတဲ့ဂိုးသမား အော့ဘလက်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ရောင်းချဖွယ် ရှိကြောင်း သိရပါတယ်။

အော့ဘလက်က ၂၀၁၄ ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကိုထံ ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်ထားနိုင်သူ ဖြစ်ပြီး သူဟာ လက်ရှိ လာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမား ၃ဦး စာရင်းဝင်သူ ဖြစ်ပါတယ်။

အော့ဘလက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့် အော့ဘလက်ကတော့ ထိပ်တန်းအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က ရာသီကုန်မှာ အော့ဘလက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ့် အစား လာမယ့် ဆောင်းဈေးကွက်မှာတင်ပဲ အော့ဘလက်ကို ရောင်းချဖို့ စဉ်းစားနေပြီး ပရီးမီးယားလိဂ် ထိပ်သီး မန်ယူနိုက်တက်က အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဂိုးသမား ဒီဂီယာကို ပိုင်ဆိုင်ထားပေမယ့် ဒီဂီယာရဲ့ မြင့်မားတဲ့ လုပ်ခလစာနဲ့ နည်းပြ တန်ဟက်ရဲ့ ကစားကွက်ကို မကူညီနိုင်မှု တို့ကြောင့် စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်ရင် အလွတ်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေပါတယ်။

ဒီဂီယာလို ကာကွယ်မှု လက်စွမ်း ထိပ်တန်း နေရာက ဂိုးသမား အတွက် ထိပ်တန်း ဂိုးသမားနဲ့ပဲအစားထိုး ရမှာ ဖြစ်တာကြောင့် ယူနိုက်တက်က လက်စွမ်းပိုင်း စိတ်ချရသလို ဒီဂီယာထက် ပိုပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ထဲမှာ အံဝင်အောင် ကစားနိုင်တဲ့ အော့ဘလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ အသက် ၂၉ နှစ်အရွယ် ဆလိုဗက်နီးယား အသင်းခေါင်းဆောင် အော့ဘလက်နဲ့ အက်သလက်တီကို ဂိုးသမားဟောင်း ဖြစ်တဲ့ ဒီဂီယာကို အလဲအထပ် လုပ်လာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြထားပါတယ်။

Zawgyi Version

အက္သလက္တီကို မက္ဒရစ္ အသင္းဟာ သူတို႔အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့သလို မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ စိတ္ဝင္စားမႈကိုပါ ရရွိထားတဲ့ဂိုးသမား ေအာ့ဘလက္ကို လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္းမွာ ေရာင္းခ်ဖြယ္ ရွိေၾကာင္း သိရပါတယ္။

ေအာ့ဘလက္က ၂၀၁၄ ခုႏွစ္မွာ ဘင္ဖီကာ ကေန အက္သလက္တီကိုထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၆သန္းနဲ႕ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ေနရာကို သိမ္းပိုက္ထားနိုင္သူ ျဖစ္ၿပီး သူဟာ လက္ရွိ လာလီဂါ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ဂိုးသမား ၃ဦး စာရင္းဝင္သူ ျဖစ္ပါတယ္။

ေအာ့ဘလက္နဲ႕ အက္သလက္တီကို မက္ဒရစ္တို႔ရဲ႕ ၾကားမွာ ရွိေနတဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးဖို႔ ရွိေနၿပီး အက္သလက္တီကို မက္ဒရစ္က သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေပမယ့္ ေအာ့ဘလက္ကေတာ့ ထိပ္တန္းအသင္း တသင္းဆီသာ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးရွိေနပါတယ္။

ဒါေၾကာင့္ပဲ အက္သလက္တီကို မက္ဒရစ္က ရာသီကုန္မွာ ေအာ့ဘလက္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္မယ့္ အစား လာမယ့္ ေဆာင္းေဈးကြက္မွာတင္ပဲ ေအာ့ဘလက္ကို ေရာင္းခ်ဖိဳ႕ စဥ္းစားေနၿပီး ပရီးမီးယားလိဂ္ ထိပ္သီး မန္ယူနိုက္တက္က ေအာ့ဘလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ ဂိုးသမား ဒီဂီယာကို ပိုင္ဆိုင္ထားေပမယ့္ ဒီဂီယာရဲ႕ ျမင့္မားတဲ့ လုပ္ခလစာနဲ႕ နည္းျပ တန္ဟက္ရဲ႕ ကစားကြက္ကို မကူညီနိုင္မႈ တို႔ေၾကာင့္ စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ပဲ ရာသီကုန္ရင္ အလြတ္နဲ႕ အသင္းကေန ထြက္ခြာခြင့္ ေပးဖို႔ စဥ္းစားေနပါတယ္။

ဒီဂီယာလို ကာကြယ္မႈ လက္စြမ္း ထိပ္တန္း ေနရာက ဂိုးသမား အတြက္ ထိပ္တန္း ဂိုးသမားနဲ႕ပဲအစားထိုး ရမွာ ျဖစ္တာေၾကာင့္ ယူနိုက္တက္က လက္စြမ္းပိုင္း စိတ္ခ်ရသလို ဒီဂီယာထက္ ပိုၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသားေပး ကစားကြက္ထဲမွာ အံဝင္ေအာင္ ကစားနိုင္တဲ့ ေအာ့ဘလက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အက္သလက္တီကို မက္ဒရစ္တို႔ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ ဆလိုဗက္နီးယား အသင္းေခါင္းေဆာင္ ေအာ့ဘလက္နဲ႕ အက္သလက္တီကို ဂိုးသမားေဟာင္း ျဖစ္တဲ့ ဒီဂီယာကို အလဲအထပ္ လုပ္လာနိုင္ေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။