Spots news

ကာတာ ကမ္ဘာ့ဖလားအတွက် ကစားသမားတွေကို ရှယ်ကြမ်းတဲ့ မက်လုံးပေးလိုက်တဲ့ ဂျာမနီ

Unicode Version

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ပါက ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်း ကစားသမား တစ်ဦးချင်းစီကို ဆုကြေးငွေယူရို ၄ သိန်းအထိ ချီးမြှင့်သွားမယ်လို့ ဂျာမန် ဘောလုံး အဖွဲ့ချုပ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ လက်ရွေးစင် အသင်းဗိုလ်စွဲခဲ့ပြီးနောက် ချန်ပီယံ အသင်းသား တစ်ဥိးချင်းစီကို ဆုကြေးငွေ ယူရို ၃ သိန်း ချီးမြှင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း ထပ်မံဗိုလ်စွဲရင် တစ်ဦးချင်းဆုကြေးငွေ ယူရို ၃.၅ သိန်းအထိ ချီးမြှင့်ပေးဖို့ ဘောလုံး အဖွဲ့ချုပ်က စီစဉ်ခဲ့ပေမယ့် ဂျာမနီလက်ရွေးစင် ဘောလုံးအသင်းဟာ အုပ်စု အဆင့်မှ ထွက်ခွာခဲ့ ရပါတယ်။

ဂျာမနီလက်ရွေးစင် အသင်းအနေနဲ့ အုပ်စု တက်ခဲ့ပါက တစ်ဦးချင်း ဆုကြေး ယူရို ၅ သောင်း၊ ကွာတားထိ ရောက်ရှိရင် တစ်ဦးချင်း ဆုကြေး ယူရို ၁ သိန်း၊ ဆီမီးဖိုင်နယ် တက်ရောက်ရင် ယူရို ၁ သိန်း ၅ သောင်း၊ တတိယဆု တစ်ဦးချင်း ဆုကြေး ယူရို ၂ သိန်း၊ ဒုတိယဆုရရှိရင် တစ်ဦးချင်းဆုကြေး ယူရို ၂ သိန်း ၅ သောင်း ချီးမြှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဥက္ကဋ္ဌ နျူရင်ဒေ့ါဖ်က “ကျွန်တော်တို့ဟာ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ အခြေအနေတွေနဲ့ အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ လူတိုင်းအတွက် လက်သင့် ခံနိုင်စရာ အဖြေတစ်ခုကို ကျွန်တော်တို့ ရှာဖွေနိုင်ခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် ဘောလုံး အသင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(E)မှာ စပိန်၊ ကော်စတာရီကာ၊ ဂျပန်တို့နဲ့  ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Zawgyi Version

၂၀၂၂ ကာတာ ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ ခ်န္ပီယံဆု ဆြတ္ခူးနိုင္ပါက ဂ်ာမနီ လက္ေ႐ြးစင္ ေဘာလုံးအသင္း ကစားသမား တစ္ဦးခ်င္းစီကို ဆုေၾကးေငြယူရို ၄ သိန္းအထိ ခ်ီးျမႇင့္သြားမယ္လို႔ ဂ်ာမန္ ေဘာလုံး အဖြဲ႕ခ်ဳပ္က ၿပီးခဲ့တဲ့တနဂၤေႏြေန႕မွာ ေျပာဆိုခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္၊ ဘရာဇီးနိုင္ငံမွာ က်င္းပတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီ လက္ေ႐ြးစင္ အသင္းဗိုလ္စြဲခဲ့ၿပီးေနာက္ ခ်န္ပီယံ အသင္းသား တစ္ဥိးခ်င္းစီကို ဆုေၾကးေငြ ယူရို ၃ သိန္း ခ်ီးျမႇင့္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ႐ုရွား ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီအသင္း ထပ္မံဗိုလ္စြဲရင္ တစ္ဦးခ်င္းဆုေၾကးေငြ ယူရို ၃.၅ သိန္းအထိ ခ်ီးျမႇင့္ေပးဖို႔ ေဘာလုံး အဖြဲ႕ခ်ဳပ္က စီစဥ္ခဲ့ေပမယ့္ ဂ်ာမနီလက္ေ႐ြးစင္ ေဘာလုံးအသင္းဟာ အုပ္စု အဆင့္မွ ထြက္ခြာခဲ့ ရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ အသင္းအေနနဲ႕ အုပ္စု တက္ခဲ့ပါက တစ္ဦးခ်င္း ဆုေၾကး ယူရို ၅ ေသာင္း၊ ကြာတားထိ ေရာက္ရွိရင္ တစ္ဦးခ်င္း ဆုေၾကး ယူရို ၁ သိန္း၊ ဆီမီးဖိုင္နယ္ တက္ေရာက္ရင္ ယူရို ၁ သိန္း ၅ ေသာင္း၊ တတိယဆု တစ္ဦးခ်င္း ဆုေၾကး ယူရို ၂ သိန္း၊ ဒုတိယဆုရရွိရင္ တစ္ဦးခ်င္းဆုေၾကး ယူရို ၂ သိန္း ၅ ေသာင္း ခ်ီးျမႇင့္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဥကၠ႒ န်ဴရင္ေဒ့ါဖ္က “ကြၽန္ေတာ္တို႔ဟာ ေကာင္းမြန္ၿပီး အျပဳသေဘာေဆာင္တဲ့ အေျခအေနေတြနဲ႕ အျပင္းအထန္ ေဆြးေႏြးခဲ့ၾကပါတယ္။ အဆုံးသတ္မွာေတာ့ လူတိုင္းအတြက္ လက္သင့္ ခံနိုင္စရာ အေျဖတစ္ခုကို ကြၽန္ေတာ္တို႔ ရွာေဖြနိုင္ခဲ့တယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ာမနီ လက္ေ႐ြးစင္ ေဘာလုံး အသင္းက ၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု(E)မွာ စပိန္၊ ေကာ္စတာရီကာ၊ ဂ်ပန္တို႔နဲ႕  ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။