Spots news

မန်ယူနိုက်တက်ရဲ့ ပစ်မှတ်ဟာ သူ့ထက်ကောင်းတဲ့ ကစားသမားလို့ ဝန်ခံလိုက်တဲ့ ဗန်ဒိုက်

Unicode Version

နယ်သာလန်နဲ့ လီဗာပူး အဓိက နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဂျာရီယန် တင်ဘာဟာ သူ့ရဲ့ အသက် ၂၁ နှစ် အရွယ်တုန်းကထက် ပိုမိုကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ်။

တင်ဘာဟာ လက်ရှိ မန်ယူနည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်ခဲ့တဲ့ အေဂျက် အသင်းမှာ လျှင်လျှင်မြန်မြန် ပွဲထွက် ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပြီး တန်ဟတ်ဟာ နွေရာသီတုန်းက အသက် ၂၁ နှစ်အရွယ် ကစားသမားကို အိုးထရပ်ဖို့ဒ်ထံ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း အေဂျက်ဟာ တင်ဘာကို လက်လွှတ်ဖို့ အတွက် တွန့်ဆုတ်ခဲ့တဲ့ အပြင် နယ်သာလန်နည်းပြ လူး၀စ်ဗန်ဟား ကလည်း ကစားသမားကို အေဂျက်မှာသာ ဆက်နေရန် တိုက်တွန်းခဲ့ တာကြောင့် ပေါင်သန်း ၄၀ တန် ကစားသမားဟာ အင်္ဂလန်ကို မပြောင်းဖြစ် ခဲ့ပါဘူး။

တင်ဘာဟာ လာမည့် နို၀င်ဘာမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန်ရဲ့ ပွဲထွက် ကစားသမား တစ်နေရာစာ အတွက် တိုက်ပွဲ၀င်လျက် ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ထားခြင်း ခံထားရတဲ့ ဗန်ဒိုက်က တင်ဘာဟာ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ဗန်ဒိုက်က “ကျွန်တော်ဟာ တင်ဘာရဲ့ အသက်အရွယ်မှာ သူ့ရဲ့ အဆင့်လောက် ရှိမနေခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့ သူ့ကို ချီးကျူးဖို့က လွဲပြီး တစ်ခြား ပြောစရာ ဘာမှ မရှိပါဘူး။ သူဟာ အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပြီး တကယ့်ကို ပရော်ဖက်ရှင်နယ်ကျတဲ့ ကစားသမား တစ်ဦးပါ။

သူ့ဆီမှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ သူ ဒီထက် အများကြီး တိုးတက်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။ အဲဒီနောက် အားလုံး အိုကေသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Zawgyi Version

နယ္သာလန္နဲ႕ လီဗာပူး အဓိက ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္က မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပစ္မွတ္ ျဖစ္တဲ့ ဂ်ာရီယန္ တင္ဘာဟာ သူ႕ရဲ႕ အသက္ ၂၁ ႏွစ္ အ႐ြယ္တုန္းကထက္ ပိုမိုေကာင္းမြန္တဲ့သူ ျဖစ္တယ္လို႔ ခ်ီးက်ဴး သြားခဲ့ပါတယ္။

တင္ဘာဟာ လက္ရွိ မန္ယူနည္းျပ အဲရစ္တန္ဟတ္ ကိုင္တြယ္ခဲ့တဲ့ ေအဂ်က္ အသင္းမွာ လွ်င္လွ်င္ျမန္ျမန္ ပြဲထြက္ ကစားသမား ျဖစ္လာခဲ့တာ ျဖစ္ၿပီး တန္ဟတ္ဟာ ေႏြရာသီတုန္းက အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားကို အိုးထရပ္ဖို႔ဒ္ထံ ေခၚယူဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေအဂ်က္ဟာ တင္ဘာကို လက္လႊတ္ဖို႔ အတြက္ တြန့္ဆုတ္ခဲ့တဲ့ အျပင္ နယ္သာလန္နည္းျပ လူး၀စ္ဗန္ဟား ကလည္း ကစားသမားကို ေအဂ်က္မွာသာ ဆက္ေနရန္ တိုက္တြန္းခဲ့ တာေၾကာင့္ ေပါင္သန္း ၄၀ တန္ ကစားသမားဟာ အဂၤလန္ကို မေျပာင္းျဖစ္ ခဲ့ပါဘူး။

တင္ဘာဟာ လာမည့္ နို၀င္ဘာမွာ က်င္းပသြားမယ့္ ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ နယ္သာလန္ရဲ႕ ပြဲထြက္ ကစားသမား တစ္ေနရာစာ အတြက္ တိုက္ပြဲ၀င္လ်က္ ရွိေနပါတယ္။

ကမာၻ႔အေကာင္းဆုံး ဗဟိုေနာက္ခံလူေတြ ထဲက တစ္ဦး အျဖစ္ သတ္မွတ္ထားျခင္း ခံထားရတဲ့ ဗန္ဒိုက္က တင္ဘာဟာ ကမာၻ႔ အေကာင္းဆုံး ေနာက္ခံလူေတြ ထဲက တစ္ဦး ျဖစ္လာနိုင္တဲ့ အရည္အေသြးေတြ ရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။

ဗန္ဒိုက္က “ကြၽန္ေတာ္ဟာ တင္ဘာရဲ႕ အသက္အ႐ြယ္မွာ သူ႕ရဲ႕ အဆင့္ေလာက္ ရွိမေနခဲ့ပါဘူး။ ကြၽန္ေတာ့္ အေနနဲ႕ သူ႕ကို ခ်ီးက်ဴးဖို႔က လြဲၿပီး တစ္ျခား ေျပာစရာ ဘာမွ မရွိပါဘူး။ သူဟာ အရမ္းေကာင္းတဲ့ ကစားသမား ျဖစ္ၿပီး တကယ့္ကို ပေရာ္ဖက္ရွင္နယ္က်တဲ့ ကစားသမား တစ္ဦးပါ။

သူ႕ဆီမွာ ႀကီးမားတဲ့ အလားအလာေကာင္းေတြ ရွိေနပါတယ္။ သူ ဒီထက္ အမ်ားႀကီး တိုးတက္လာနိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ အဲဒီေနာက္ အားလုံး အိုေကသြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။” လို႔ ဆိုလိုက္ပါတယ္။