Spots news

ချယ်လ်ဆီး ကြယ်ပွင့် ကစားသမားကို လာမယ့်‌နွေမှာ ခေါ်ယူဖို့ စုံစမ်းနေတဲ့ ဂျူဗင်တပ်

Unicode Version

စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ် အသင်းဟာ ချယ်လ်ဆီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ အမေရိကန် တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ခေါ်ယူသွားဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန် လက်ရွေးစင်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၈)ပွဲအထိ ကစားထားရ ပေမယ့် ဝက်စ်ဟမ်းနဲ့ ပွဲမှာသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတာဖြစ်ပြီး ကျန်တဲ့ပွဲတွေမှာတော့ လူစားဝင် အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။

ပူလီဆစ်ဟာ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်နေရတဲ့အတွက် ကစားသမား ကိုယ်တိုင် အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး သူ့ကိုလည်း ဂျုဗင်တပ် အသင်းက ခေါ်ယူသွားဖို့အတွက် ဆက်သွယ်မှုတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂျုဗင်တပ် အသင်းကတော့ ဒီရာသီမှာ ရလဒ်ပိုင်း ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရပြီး အသင်းနည်းပြ အယ်လီဂရီရဲ့ အနာဂတ် အခြေအနေပါ လှုပ်ခတ်နေရပါတယ်။ ဒါ့အပြင် တောင်ပံကစားသမားတွေဖြစ်တဲ့ ကွာဒရာဒို ဒီမာရီယာတို့က အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ရှိတော့တာကြောင့် ပူလီဆစ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ချယ်လ်ဆီး နည်းပြသစ် ပေါ်တာက ပူလီဆစ်ကို အသင်းမှာ နေရာပေး မပေးက သေချာ မသိရသေးပေမယ့် ပူလီဆစ်ကိုသာ ရောင်းချဖြစ်မယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၁ သန်းလောက် အထိကို အလိုရှိနေတယ်လို့ သိရပါတယ်။

ပူလီဆစ်ဟာ ချယ်လ်ဆီးနဲ့ နောက်ထပ် (၂)နှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိပေမယ့်လည်း အသင်းနဲ့ လမ်းခွဲချင်နေပြီး ဂျုဗင်တပ်ကလည်း လာမယ့် နွေမှာ ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်က ပူလီဆစ် တစ်ဦးတည်းသာ မကပဲ ဝုဗ် တောင်ပံကစားသမား ထရာအိုရေးကိုပါ ပစ်မှတ်ထား နေပါတယ်။

Zawgyi Version

စီးရီးေအ ထိပ္သီးကလပ္ ဂ်ဳဗင္တပ္ အသင္းဟာ ခ်ယ္လ္ဆီးမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ အေမရိကန္ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီဆစ္ကို ေခၚယူသြားဖို႔ အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္လ်က္ ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္ လက္ေ႐ြးစင္ဟာ ဒီရာသီမွာ ခ်ယ္လ္ဆီးအတြက္ ၿပိဳင္ပြဲစုံ (၈)ပြဲအထိ ကစားထားရ ေပမယ့္ ဝက္စ္ဟမ္းနဲ႕ ပြဲမွာသာ ပြဲထြက္ကစားသမားအျဖစ္ ကစားခဲ့ရတာျဖစ္ၿပီး က်န္တဲ့ပြဲေတြမွာေတာ့ လူစားဝင္ အျဖစ္နဲ႕သာ ကစားခဲ့ရပါတယ္။

ပူလီဆစ္ဟာ ပြဲကစားခြင့္ေတြ အကန့္အသတ္နဲ႕ ျဖစ္ေနရတဲ့အတြက္ ကစားသမား ကိုယ္တိုင္ အသင္း အေျပာင္းအလဲ လုပ္ေဆာင္ခ်င္ေနၿပီး သူ႕ကိုလည္း ဂ်ဳဗင္တပ္ အသင္းက ေခၚယူသြားဖို႔အတြက္ ဆက္သြယ္မႈေတြပါ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဂ်ဳဗင္တပ္ အသင္းကေတာ့ ဒီရာသီမွာ ရလဒ္ပိုင္း က်ဆင္းမႈေတြနဲ႕ ႀကဳံေတြ႕ေနရၿပီး အသင္းနည္းျပ အယ္လီဂရီရဲ႕ အနာဂတ္ အေျခအေနပါ လႈပ္ခတ္ေနရပါတယ္။ ဒါ့အျပင္ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ကြာဒရာဒို ဒီမာရီယာတို႔က အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲ ရွိေတာ့တာေၾကာင့္ ပူလီဆစ္ကို ေခၚယူခ်င္လာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ ခ်ယ္လ္ဆီး နည္းျပသစ္ ေပၚတာက ပူလီဆစ္ကို အသင္းမွာ ေနရာေပး မေပးက ေသခ်ာ မသိရေသးေပမယ့္ ပူလီဆစ္ကိုသာ ေရာင္းခ်ျဖစ္မယ္ ဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၃၁ သန္းေလာက္ အထိကို အလိုရွိေနတယ္လို႔ သိရပါတယ္။

ပူလီဆစ္ဟာ ခ်ယ္လ္ဆီးနဲ႕ ေနာက္ထပ္ (၂)ႏွစ္ထိ စာခ်ဳပ္သက္တမ္း က်န္ရွိေပမယ့္လည္း အသင္းနဲ႕ လမ္းခြဲခ်င္ေနၿပီး ဂ်ဳဗင္တပ္ကလည္း လာမယ့္ ေႏြမွာ ေခၚယူနိုင္ဖို႔ အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ဳဗင္တပ္က ပူလီဆစ္ တစ္ဦးတည္းသာ မကပဲ ဝုဗ္ ေတာင္ပံကစားသမား ထရာအိုေရးကိုပါ ပစ္မွတ္ထား ေနပါတယ္။