Spots news

ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ အကြံပေးလိုက်တဲ့ အိုဝင်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြသစ် အဲရစ် တန်ဟက် လက်ထက် နွေရာသီအတွင်း ကစားသမားသစ် ၆ ဦး ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တိုက်စစ်မှူးနေရာက လာမယ့် နွေရာသီအတွက် အဓိကပစ်မှတ် ဖြစ်လ ာနိုင်ပါတယ်။

ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ မာရှယ်တို့ရဲ့ အနာဂတ်တွေက မရေရာသေးပဲ တိုက်စစ်မှူးနေရာအတွက် လိုအပ်ချက်တွေ ရှိလာတဲ့အခြေအနေမှာ ဘယ်ကစားသမားကို ဖြည့်တင်းမယ်ဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ တိုက်စစ်ပိုင်း နေရာအတွက် မကြာသေးမီကမှ အင်္ဂလန်အသင်းက ရွေးချယ်ထားခဲ့တဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်ကို တိုက်တွန်းခဲ့ပါတယ်။

အိုဝင်က “အရင်က တိုက်စစ်မှူးတွေရဲ့တာဝန်ဟာ တစ်ဦးချင်း ကျော်ဖြတ်မှုရော၊ အထောင် တိုက်စစ်မှူး အနေနဲ့ရော ကစားနိုင်ဖို့ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဟာလန်း၊ တိုနေးတို့လို တိုက်စစ်မှူးတွေကို ကြည့်လိုက်ရင် သူတို့ ဒီထက်ပိုလုပ်နိုင်နေတာကို တွေ့ရပါတယ်” “သူတို့ ပြိုင်ဘက် ခံစစ်မှူးနောက်ကို ပြေးလိုက်နိုင်ပြီး အားကစား စိတ်ဓာတ်လည်း ပြည့်ဝကာ မတူညီတဲ့ ဂိုးတွေကို သွင်းယူနိုင်ပါတယ်”

“တိုနေးကို ကျွန်တော်ကြိုက်တာ တစ်ခုက သူ့ကိုလွတ်သွားတာနဲ့ ဘယ်ခံစစ်မှူးမှ ပြန်မလိုက်နိုင်တာပါ။ သူက အရမ်းသန်မာပြီး လွတ်သွားတာနဲ့ တန်းကန်တာပါပဲ” “သူ့လို ခန္ဓာကိုယ်မျိုးနဲ့ ဖရီးကစ်သွင်းနိုင်ဖို့ဆိုတာ တော်တော်လေး ကောင်းတဲ့ အခြေအနေပါ။ သူ့လို အရပ်အမောင်းမျိုးနဲ့ ဒီလိုဂိုးတွေ သွင်းယူနိုင်တယ် ဆိုတာ မယုံနိုင်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ နည္းျပသစ္ အဲရစ္ တန္ဟက္ လက္ထက္ ေႏြရာသီအတြင္း ကစားသမားသစ္ ၆ ဦး ေခၚယူခဲ့ၿပီး ျဖစ္ပါတယ္။ ခံစစ္ပိုင္းနဲ႕ ကြင္းလယ္ပိုင္းကို အဓိက အင္အားျဖည့္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ တိုက္စစ္မႉးေနရာက လာမယ့္ ေႏြရာသီအတြက္ အဓိကပစ္မွတ္ ျဖစ္လ ာနိုင္ပါတယ္။

ဝါရင့္တိုက္စစ္မႉး ေရာ္နယ္ဒိုနဲ႕ မာရွယ္တို႔ရဲ႕ အနာဂတ္ေတြက မေရရာေသးပဲ တိုက္စစ္မႉးေနရာအတြက္ လိုအပ္ခ်က္ေတြ ရွိလာတဲ့အေျခအေနမွာ ဘယ္ကစားသမားကို ျဖည့္တင္းမယ္ဆိုတာက စဥ္းစားစရာ ျဖစ္လာပါတယ္။

ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကေတာ့ တိုက္စစ္ပိုင္း ေနရာအတြက္ မၾကာေသးမီကမွ အဂၤလန္အသင္းက ေ႐ြးခ်ယ္ထားခဲ့တဲ့ တိုက္စစ္မႉး အိုင္ဗန္ တိုေနးကို ေခၚယူသင့္ေၾကာင္း ယူနိုက္တက္ကို တိုက္တြန္းခဲ့ပါတယ္။

အိုဝင္က “အရင္က တိုက္စစ္မႉးေတြရဲ႕တာဝန္ဟာ တစ္ဦးခ်င္း ေက်ာ္ျဖတ္မႈေရာ၊ အေထာင္ တိုက္စစ္မႉး အေနနဲ႕ေရာ ကစားနိုင္ဖို႔ ျဖစ္ပါတယ္။ အခုေခတ္မွာေတာ့ ဟာလန္း၊ တိုေနးတို႔လို တိုက္စစ္မႉးေတြကို ၾကည့္လိုက္ရင္ သူတို႔ ဒီထက္ပိုလုပ္နိုင္ေနတာကို ေတြ႕ရပါတယ္” “သူတို႔ ၿပိဳင္ဘက္ ခံစစ္မႉးေနာက္ကို ေျပးလိုက္နိုင္ၿပီး အားကစား စိတ္ဓာတ္လည္း ျပည့္ဝကာ မတူညီတဲ့ ဂိုးေတြကို သြင္းယူနိုင္ပါတယ္”

“တိုေနးကို ကြၽန္ေတာ္ႀကိဳက္တာ တစ္ခုက သူ႕ကိုလြတ္သြားတာနဲ႕ ဘယ္ခံစစ္မႉးမွ ျပန္မလိုက္နိုင္တာပါ။ သူက အရမ္းသန္မာၿပီး လြတ္သြားတာနဲ႕ တန္းကန္တာပါပဲ” “သူ႕လို ခႏၶာကိုယ္မ်ိဳးနဲ႕ ဖရီးကစ္သြင္းနိုင္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ေကာင္းတဲ့ အေျခအေနပါ။ သူ႕လို အရပ္အေမာင္းမ်ိဳးနဲ႕ ဒီလိုဂိုးေတြ သြင္းယူနိုင္တယ္ ဆိုတာ မယုံနိုင္စရာပါပဲ”လို႔ ေျပာခဲ့ပါတယ္။