Spots news

ဇန်နဝါရီအတွင်း အသင်းအတွက် ၉ ဂိုးရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ ဂရစ်ဇ်မန်း

Unicode Version

ဘာစီလိုနာရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးဂရစ်ဇ်မန်းဟာ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း အထိုင်ကျဖို့ ရုန်းကန် နေခဲ့ ရပါတယ်။

ဒါပေမယ့် အခု ၂၀၂၁ မှာတော့ သူ့ရဲ့ခြေစွမ်းဟာ အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ဆက်တိုက် ရရှိနေခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လမှာ ဘာစီလိုနာ အသင်းဟာ ပြိုင်ပွဲစုံ ၉ ပွဲ ကစား ခဲ့ရပြီး အဆိုပါ ၉ ပွဲ မှာတော့ ဂရစ်ဇ်မန်း ရဲ့ဂိုးပါဝင် ပတ်သက်မှုက ၉ ကြိမ်ထိရှိနေခဲ့တာ ဖြစ်ပါတယ်၊

ကိုယ်တိုင် ၅ ဂိုး သွင်းယူ ပေးနိုင် ခဲ့ပြီး အသင်းဖော် တွေကိုတော့ ၄ ဂိုးဖန်တီး ပေးထားတာပါ။

အဆိုပါ ကာလ အတွင်းမှာ ဘာစီလိုနာ အသင်းအနေ နဲ့  ပြိုင်ပွဲစုံ သွင်းဂိုး ၁၈ ဂိုး ရရှိ ထားခဲ့တာကြောင့် အသင်းရဲ့ စုစုပေါင်း သွင်းဂိုး တစ်ဝက်တိတိ ဟာ ဂရစ်ဇ်မန်း နဲ့ တိုက်ရိုက် ပတ်သက် နေခဲ့ တာလည်း ဖြစ်ပါတယ်။

အခုလို ဂရစ်ဇ်မန်း ခြေစွမ်း ပြန်လည် ပြသ လာခဲ့ခြင်း အပေါ် သူ့အနေ နဲ့ ဝမ်းသာ ဂုဏ်ယူမိကြောင်း နည်းပြ ရော်နယ်ကိုးမန်း က

ပြောကြား ခဲ့ပေမယ့် ဒါဟာ ဂရစ်ဇ်မန်းရဲ့ အကောင်းဆုံး ပုံစံမဟုတ် သေးဘဲ ဒီထက် ပိုကောင်း လာစရာ ရှိနေ သေးတယ် လို့ ဆိုပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီနှစ် ဘောလုံး ရာသီ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင် ကစားပေးထား ရာမှာတော့ သွင်းဂိုး ၁၆ ဂိုး မှာ တိုက်ရိုက်ပါဝင် ပတ်သက် နေခဲ့ပါတယ်။

ကိုယ်တိုင် ၁၀ ဂိုးသွင်းယူ ပေးထားပြီး အသင်းဖော် တွေကိုတော့ ၆ ဂိုး ဖန်တီး ပေးနိုင်ခဲ့ တာပါ။