Spots news

ဂိုးသွင်းပြီး အောင်ပွဲခံတာတောင် အပြည့်အဝ မပျော်ခဲ့ရရှာတဲ့ ရစ်ချာလီဆန်

Unicode Version

မနေ့ညက ဘရာဇီး ၅-၁ တူနီးရှားပွဲစဉ်မှာ စပါး တိုက်စစ်မှူး ရစ်ချာလီဆန် လူမျိုးရေး ခွဲခြားခံ ခဲ့ရပါတယ်။ ဘရာဇီး လက်ရွေးစင် အသင်း အတွက် သွင်းဂိုးသွင်းယူပြီး အလံတိုင်နား ​ပြေးလွှား အောင်ပွဲခံနေစဉ် သူ့နိုင်ငံ အသင်းပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ ကြတာပါ။

ကွင်းလယ် ကစားသမား ဖရတ်က ထိုပစ္စည်းများကိုကန်ထုတ်ခဲ့ရာ ငှက်ပျောသီးနဲ့ ထပ်မံပစ်ပေါက်ခဲ့ပါတယ်။ ရစ်ချာလီဆန် အပေါ် ‘မျောက်’နဲ့ ခိုင်းနှိုင်း လိုက်တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုစေ့ဆော်စေခဲ့တဲ့ အဓိက အကြောင်းရင်းက ပွဲမတိုင်ခင် ဘရာဇီး ကစားသမားတွေ ကိုင်ဆောင်ခဲ့တဲ့ စာတမ်း ကြောင့်ပါပဲ။

ထို စာတမ်းမှာ “လူမည်း ကစားသမားတွေ မပါဝင်ဘဲ ကျွန်တော်တို့ နိုင်ငံအသင်း တံဆိပ်မှာ ကြယ်ပွင့်တွေ ရှိလာမှာ မဟုတ်ဘူး” လို့ ရေးသားထားပါတယ်။ ဤ လူမျိုးရေး ခွဲခြားမှု ကင်းရှင်းစေရေး မက်ဆေ့ချ်ဟာ အက်သလက်တီကိုပရိသတ်တွေ တိုက်ခိုက်တာ ခံခဲ့ရတဲ့ ဗင်နီစီးယပ်စ်အတွက် ရည်ရွယ်တာပါ။

သို့ပေမယ့် စုန်းပြူး ပရိသတ်တွေရဲ့ဒေါသကို ဆွပေးသလို ဖြစ်သွားပါတယ်။ ပရိသတ်တွေဟာ လူမျိုးရေး ခွဲခြားဖို့ အတွက် ရည်ရွယ်ချက် ရှိရှိ ကြိုတင် ကြံစည် ထားခဲ့တာပါ။ ဘရာဇီးရတဲ့ ပင်နယ်တီကို နေမာ ကန်သွင်းတော့လည်း မျက်နှာကို လေဆာမီးတွေနဲ့ ဝိုင်းထိုးပြီး နောက်ယှက်ခဲ့ ကြပါတယ်။

ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ကတော့ လူမျိုးရေးခွဲခြားမှု တွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အက်နယ်ဒိုရိုဒရီဂွက်ဇ်က ” ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ မျက်လုံးတွေနဲ့ကို မြင်တွေ့ရတာပါ။ ဒီလုပ်ရပ်က ကျွန်တော်တို့ကို တုန်လှုပ်စေပါတယ်။

ကျွန်တော်တို့ဟာ အသားအရောင်၊ လူမျိုး၊ ဘာသာတွေ ခြားနားပေမယ့် အတူတူပဲ ဆိုတာကို အမြဲတမ်း အမှတ်ရနေရမယ်။ လူမျိုးရေး ခွဲခြားတဲ့ ရာဇဝတ်မှုကို ဒိကမ္ဘာပေါ်က မောင်းထုတ်ပစ်ရမယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။ လူမျိုးရေး ခွဲခြားမှုတွေကို လက်ရှိပုံစံ အပြစ်ပေး အရေးယူမှုတွေနဲ့တော့ တိုက်ဖျက်ဖို့ လုံလောက်မယ် မထင်ပါဘူး။

Zawgyi Version

မေန႕ညက ဘရာဇီး ၅-၁ တူနီးရွားပြဲစဥ္မွာ စပါး တိုက္စစ္မႉး ရစ္ခ်ာလီဆန္ လူမ်ိဳးေရး ခြဲျခားခံ ခဲ့ရပါတယ္။ ဘရာဇီး လက္ေ႐ြးစင္ အသင္း အတြက္ သြင္းဂိုးသြင္းယူၿပီး အလံတိုင္နား ​ေျပးလႊား ေအာင္ပြဲခံေနစဥ္ သူ႕နိုင္ငံ အသင္းပရိသတ္ေတြက အရာဝတၳဳေတြနဲ႕ ပစ္ေပါက္ခဲ့ ၾကတာပါ။

ကြင္းလယ္ ကစားသမား ဖရတ္က ထိုပစၥည္းမ်ားကိုကန္ထုတ္ခဲ့ရာ ငွက္ေပ်ာသီးနဲ႕ ထပ္မံပစ္ေပါက္ခဲ့ပါတယ္။ ရစ္ခ်ာလီဆန္ အေပၚ ‘ေမ်ာက္’နဲ႕ ခိုင္းႏွိုင္း လိုက္တာပဲ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ကိုေစ့ေဆာ္ေစခဲ့တဲ့ အဓိက အေၾကာင္းရင္းက ပြဲမတိုင္ခင္ ဘရာဇီး ကစားသမားေတြ ကိုင္ေဆာင္ခဲ့တဲ့ စာတမ္း ေၾကာင့္ပါပဲ။

ထို စာတမ္းမွာ “လူမည္း ကစားသမားေတြ မပါဝင္ဘဲ ကြၽန္ေတာ္တို႔ နိုင္ငံအသင္း တံဆိပ္မွာ ၾကယ္ပြင့္ေတြ ရွိလာမွာ မဟုတ္ဘူး” လို႔ ေရးသားထားပါတယ္။ ဤ လူမ်ိဳးေရး ခြဲျခားမႈ ကင္းရွင္းေစေရး မက္ေဆ့ခ်္ဟာ အက္သလက္တီကိုပရိသတ္ေတြ တိုက္ခိုက္တာ ခံခဲ့ရတဲ့ ဗင္နီစီးယပ္စ္အတြက္ ရည္႐ြယ္တာပါ။

သို႔ေပမယ့္ စုန္းျပဴး ပရိသတ္ေတြရဲ႕ေဒါသကို ဆြေပးသလို ျဖစ္သြားပါတယ္။ ပရိသတ္ေတြဟာ လူမ်ိဳးေရး ခြဲျခားဖို႔ အတြက္ ရည္႐ြယ္ခ်က္ ရွိရွိ ႀကိဳတင္ ႀကံစည္ ထားခဲ့တာပါ။ ဘရာဇီးရတဲ့ ပင္နယ္တီကို ေနမာ ကန္သြင္းေတာ့လည္း မ်က္ႏွာကို ေလဆာမီးေတြနဲ႕ ဝိုင္းထိုးၿပီး ေနာက္ယွက္ခဲ့ ၾကပါတယ္။

ဘရာဇီး ေဘာလုံးအဖြဲ႕ခ်ဳပ္ ကေတာ့ လူမ်ိဳးေရးခြဲျခားမႈ ေတြကို ျပင္းျပင္းထန္ထန္ တိုက္ဖ်က္သြားမယ္လို႔ ထုတ္ျပန္ပါတယ္။ ဘရာဇီး ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ အက္နယ္ဒိုရိုဒရီဂြက္ဇ္က ” ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ရဲ႕ မ်က္လုံးေတြနဲ႕ကို ျမင္ေတြ႕ရတာပါ။ ဒီလုပ္ရပ္က ကြၽန္ေတာ္တို႔ကို တုန္လႈပ္ေစပါတယ္။

ကြၽန္ေတာ္တို႔ဟာ အသားအေရာင္၊ လူမ်ိဳး၊ ဘာသာေတြ ျခားနားေပမယ့္ အတူတူပဲ ဆိုတာကို အၿမဲတမ္း အမွတ္ရေနရမယ္။ လူမ်ိဳးေရး ခြဲျခားတဲ့ ရာဇဝတ္မႈကို ဒိကမာၻေပၚက ေမာင္းထုတ္ပစ္ရမယ္ ” လို႔ ဖြင့္ဟခဲ့ပါတယ္။ လူမ်ိဳးေရး ခြဲျခားမႈေတြကို လက္ရွိပုံစံ အျပစ္ေပး အေရးယူမႈေတြနဲ႕ေတာ့ တိုက္ဖ်က္ဖို႔ လုံေလာက္မယ္ မထင္ပါဘူး။