Spots news

မန်စီးတီးကို အပြတ်တီးမယ့်ပွဲမှာ ဒဏ်ရာက အချိန်မှီ ပြန်ကောင်းလာတဲ့ သရဲနီကစားသမား

Unicode Version

တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို ပါဝင်နိုင်ဖို့အတွက် အခြေအနေကောင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရက်ဖို့ဒ်ဟာ ယူနိုက်တက်က အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီးနောက် တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့ပြီး နိုင်ငံနဲ့ ကလပ် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ အခုဆိုရင် ကြံခိုင်မှု အခြေအနေ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး လေ့ကျင့်ခန်းတွေပါ ပြန်ဆင်းနိုင်ပြီ ဖြစ်လို့ မန်စီးတီးနဲ့ ပွဲမှာ ပွဲထွက်ကစားသမား အဖြစ် မပါနိုင်ရင်တောင် အရန်စာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ရက်ဖို့ဒ်ဟာ အခု ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက် လက်အောက်မှာတော့ သူ့ရဲ့ ပုံစံကောင်း တစ်ခုကို ပြန်လည် ပြသနေနိုင်ပြီး ၆ ပွဲအတွင်း ၃ ဂိုးသွင်း ၂ ဂိုး ဖန်တီးထား နိုင်ခဲ့ပါတယ်။

တန်ဟက် ကလည်း ယူနိုက်တက် တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုထက် ရက်ဖို့ဒ်ကိုသာ ဦးစားပေး တိုက်စစ်မှူး အဖြစ် အသုံးပြု လိုနေတာကြောင့် ရက်ဖို့ဒ်ရဲ့ လက်ရှိ ကြံ့ခိုင်မှု ပိုင်းသာ စိတ်ချရနိုင်တဲ့ အနေအထားမှာ ရှိနေမယ်ဆိုရင်တော့ မန်ချက်စတာဒါဘီမှာ ထည့်သွင်း အသုံးပြုလာမှာ သေချာပါတယ်။

Zawgyi Version

တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မားကပ္စ္ရက္ဖို႔ဒ္ဟာ လာမယ့္ တနဂၤေႏြေန႕မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းနဲ႕ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္ကို ပါဝင္နိုင္ဖို႔အတြက္ အေျခအေနေကာင္းေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ရက္ဖို႔ဒ္ဟာ ယူနိုက္တက္က အာဆင္နယ္ကို ၃ ဂိုး ၁ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အသင္းအတြက္ ၂ ဂိုးသြင္းယူခဲ့ၿပီးေနာက္ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားခဲ့ၿပီး နိုင္ငံနဲ႕ ကလပ္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ရက္ဖိုဒ့္ဟာ အခုဆိုရင္ ႀကံခိုင္မႈ အေျခအေန ျပန္လည္ ေကာင္းမြန္ေနၿပီ ျဖစ္ၿပီး ေလ့က်င့္ခန္းေတြပါ ျပန္ဆင္းနိုင္ၿပီ ျဖစ္လို႔ မန္စီးတီးနဲ႕ ပြဲမွာ ပြဲထြက္ကစားသမား အျဖစ္ မပါနိုင္ရင္ေတာင္ အရန္စာရင္းမွာ ပါဝင္လာနိုင္ဖြယ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြက အသင္းအတြက္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ ရက္ဖို႔ဒ္ဟာ အခု ယူနိုက္တက္နည္းျပသစ္ အဲရစ္တန္ဟက္ လက္ေအာက္မွာေတာ့ သူ႕ရဲ႕ ပုံစံေကာင္း တစ္ခုကို ျပန္လည္ ျပသေနနိုင္ၿပီး ၆ ပြဲအတြင္း ၃ ဂိုးသြင္း ၂ ဂိုး ဖန္တီးထား နိုင္ခဲ့ပါတယ္။

တန္ဟက္ ကလည္း ယူနိုက္တက္ တိုက္စစ္မွာ ခရစၥတီယာနို ေရာ္နယ္ဒိုထက္ ရက္ဖို႔ဒ္ကိုသာ ဦးစားေပး တိုက္စစ္မႉး အျဖစ္ အသုံးျပဳ လိုေနတာေၾကာင့္ ရက္ဖို႔ဒ္ရဲ႕ လက္ရွိ ႀကံ့ခိုင္မႈ ပိုင္းသာ စိတ္ခ်ရနိုင္တဲ့ အေနအထားမွာ ရွိေနမယ္ဆိုရင္ေတာ့ မန္ခ်က္စတာဒါဘီမွာ ထည့္သြင္း အသုံးျပဳလာမွာ ေသခ်ာပါတယ္။