Spots news
ရော်နယ်ဒိုကို ချန်လှပ်ပြီး အကောင်းဆုံး ကစားသမား 3 ဦးကို ပြောလိုက်တဲ့ မာလ်ဒီနီ
Unicode Version
အေစီမီလန် နဲ့ အီတလီ လက်ရွေးစင် အသင်းတွေရဲ့ ဂန္တဝင်် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါ်လို မာလ်ဒီနီ က သူ့ ဘဝ မှာ မြင်တွေ့ခဲ့ဖူးတဲ့ ကမ္ဘာ့ အကောင်းဆုံးသော ကစားသမား 3 ဦးကို ရွေးချယ်ပေးရာမှာ ယူနိုက်တက် တိုက််စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို ချန်လှပ် သွားခဲ့လိုက််ပါတယ် ။
မာလ်ဒီနီ ကတော့ ပီအက်စ်ဂျီ အသင်းရဲ့ စူပါ စတား ဖြစ်သူ လီယွန်နယ် မက်ဆီ ၊ အာဂျင်တီးနား ဂန္တဝင် ဒီယေဂို မာရာဒိုနာ နဲ့ ဘရာဇီး ဂန္တဝင် ရော်နယ်ဒို နာဇာရီယို တို့ကို မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားတွေ အဖြစ် ရွေးချယ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီစကားကိုတော့ မာလ်ဒီနီ က မကြာခင်မှာပဲ ထုတ်လွှင့်သွားဖို့ ရှိတဲ့ ဘရာဇီး ဂန္တဝင် ရော်နယ်ဒို နာဇာရီယို ရဲ့ မှတ်တမ်း ရုပ်ရှင်မှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ မီလန် မှာ ရော်နယ်ဒို နဲ့ အတူ တစ်နှစ်ခွဲထိ တွဲဖက် ကစားခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် အင်တာမှာ ကစားခဲ့စဥ်တုန်းက ငါးနှစ်လောက် အထိ ပြိုင်ဖက် အဖြစ်လည်း ရင်ဆိုင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်် ။ ဒါ့ကြောင့် မာလ်ဒီနီ ဟာ ရော်နယ်ဒို နာဇာရီယို အကြောင််း ကောင်းကောင်း သိနေခဲ့တဲ့ အတွက် သူ့ကို မြင်ဖူးသမျှထဲ အကောင်းဆုံး အဖြစ် ရွေးချယ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။
ပေါ်လို မာလ်ဒီနီ ဆိုတာ ဘောလုံး သမိုင်းကြောင်းရဲ့ အကောင််းဆုံး အသင်း တစ်သင်းအတွက် ကစားပေးခဲ့သူပဲ ဖြစ်ပါတယ် ။ အေစီ မီလန် အသင်း အတွက် သူ ကစားပေးခဲ့စဥ် 25 နှစ်တာ ကာလအတွင်းမှာ မီလန် အခြေစိုက် ကလပ်ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ် ။
ဒါ့ကြောင့် သူဟာ အကောင်းဆုံး ကစားသမားတွေနဲ့ အသင််းဖော် ဖြစ်ခဲ့ဖူးသလို အကောင်းဆုံး ပြိုင်ဖက် များစွာ နဲ့လည်း ရင်ဆိုင် ကစားခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲ အကောင်းဆုံးတွေကို ရွေးချယ်ခဲ့ရာမှာတော့ သူဟာ အခုလိုပဲ လိုရင်းတိုရှင်း ဖြေကြား သွားခဲ့လိုက်ပါတယ် ။
” ကျွန်တော့် ဘဝ တစ်လျှောက် မြင်တွေ့ခဲ့ဖူးတဲ့ အကောင််းဆုံး ကစားသမား သုံးဦးကတော့ မက်ဆီ ၊ မာရာဒိုနာ နဲ့ သူ ရော်နယ်ဒို နာဇာရီယို) တို့ ပါပဲ ” လို့ မာလ်ဒီနီ က ရော်နယ်ဒို ရဲ့ မှတ်တမ်းရုပ်ရှင် မှာ ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
Zawgyi Version
အေစီမီလန် နဲ့ အီတလီ လက်ရွေးစင် အသင်းတွေရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါ်လို မာလ်ဒီနီ က သူ့ ဘဝ မှာ မြင်တွေ့ခဲ့ဖူးတဲ့ ကမ္ဘာ့ အကောင်းဆုံးသော ကစားသမား 3 ဦးကို ရွေးချယ်ပေးရာမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို ချန်လှပ် သွားခဲ့လိုက်ပါတယ် ။
” ကျွန်တော့် ဘဝ တစ်လျှောက် မြင်တွေ့ခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမား သုံးဦးကတော့ မက်ဆီ ၊ မာရာဒိုနာ နဲ့ သူ ရော်နယ်ဒို နာဇာရီယို) တို့ ပါပဲ ” လို့ မာလ်ဒီနီ က ရော်နယ်ဒို ရဲ့ မှတ်တမ်းရုပ်ရှင် မှာ ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။