Spots news

ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အဆင့် ၃ ယောက်ပဲရှိပါတယ်ဆိုတဲ့ ဂယ်ရီနဗီးလ်

Unicode Version

မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အဆင့်ကစားသမား ဆိုလို့ ၃ယောက်သာ ရှိကြောင်း ပြောဆို လိုက်ပါတယ်။

ပရီးမီးယားလိဂ် ဆိုတာ တခြား ဥရောပလိဂ်တွေက ကြယ်ပွင့် ကစားသမားတွေကို နှစ်စဉ်နှစ်တိုင်းခေါ်ယူပြီး ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ ပြည့်နှက် နေတဲ့လိဂ်ပါ၊ ပရီးမီယားလိဂ်မှာ ထိပ်တန်း ကစားသမားတွေ အများအပြား ကစားခဲ့သလို လက်ရှိအချိန်မှာ လည်း ကြယ်ပွင့်တွေဒု နဲ့ဒေးပါပဲ။

ဒါပေမယ့် ဂယ်ရီနဗီးလ် ကတော့ သူ့စိတ်ထဲမှာ ကမ္ဘာ့အဆင့် ကစားသမားဆိုလို့ ၃ ယောက်ကိုသာ ထင်မြင်နေမိပုံပါပဲ။ ဂယ်ရီနဗီးလ် ညွန်းဆိုခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ကမ္ဘာ့အဆင့်မီ ကစားသမား ၃ ဦးမှာ ဒီဘရိုင်း၊ ဆာလတ်၊ အယ်လီဆန် တို့ဖြစ်ကြပြီး မန်ယူ ကစားသမားတွေပါဝင်ခဲ့ခြင်း မရှိပါဘူး။

” ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အဆင့်ကစားသမား အချို့ကို တွေ့ရမှာပါ။ သူတို့က ဒီဘရိုင်း၊ အယ်လီဆန် ကလည်း ကမ္ဘာ့အဆင့် ဂိုးသမား တို့ထင်ပါတယ်။ ဆာလတ် ကလည်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးပါ”လို့ ဂယ်ရီးနဗီးလ်က ဆိုခဲ့တာပါ။